KBZ ဘဏ်ဓားပြတိုက်မှုဟာ ဦးအောင်ကိုဝင်းနဲ့ မြောင်းမြဒေါ်ချိုတို့ လက်ဝါးချင်း ရိုက်ခဲ့တဲ့ ဖြစ်ရပ်များလား
==========================
ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ် ကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ဓားပြတိုက် ခံခဲ့ရပြီး ငွေကျပ်သိန်း ၃၀၀၀ ကျော် ပါသွားပါတယ်။ အဲဒီ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်ကို တာဝန်ရှိ သူများနဲ့လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ကြိုးစားစုံစမ်း ဖော်ထုတ်ဖမ်းဆီးခဲ့မှုကြောင့် အောက်တိုဘာ လ၂၂ ရက်နေ့ ၃ နာရီ၄၀ မိနစ်ခန့်မှာပင် ပါဝင်သူတွေကို စတင်ဖမ်းဆီး နိုင်ခဲ့ပြီး ဓားပြတိုက်ခံခဲ့ရသည့် ငွေကျပ်သိန်း ၃၀၀၀ နီးပါးပြန်လည် ရရှိခဲ့ပါတယ်။ ထူးခြားတာက ကမ္ဘောဇဘဏ် ဓားပြတိုက်တဲ့ တရားခံတွေထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင် ပိုင်ရှင် ဒေါ်တင်တင်မူ(ခ)ဒေါ်အေးအေးမူ အဓိကပါဝင်နေတာကိုတွေ့ရပါတယ်။
ဒီနေရာမှာ ဘဏ်ဓားပြတိုက်တာနဲ့ ပတ်သက်ပြီး အချိန်ပိုင်းအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ကို ချီးကျူးရမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ဧရာဝတီဘဏ် ဓားပြ တိုက်ခံရမှုမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေရဲ့ စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဧရာဝတီဘဏ် ဓားပြတိုက်ခံရတဲ့ ငွေကြေးတွေ ပြန်လည်ရရှိခဲ့ ပါတယ်။ အဲဒီအချိန်က ပြစ်မှုကျူးလွန်သူတရားခံတွေကို လုံခြုံရေးအဖွဲ့တွေက ၉ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဧရာဝတီ ဘဏ်အနေနဲ့ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားနဲ့ ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပြီး ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုပြောခဲ့ကြပါတယ်။
အခု ကမ္ဘောဇဘဏ် ဓားပြတိုက်မှုမှာတော့ ကြားရတဲ့သတင်းတွေအရ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကိုယ်တိုင်က ဓားပြတိုက်မှုဖြစ်စဉ်ကို ဖော်ထုတ်ပေးတဲ့ လုံခြုံရေးအဖွဲ့ တွေကို ကျေးဇူးတင်ကြောင်း၊ အသိအမှတ်ပြုကြောင်း အရိပ်အယောင်တောင် ပြသခဲ့ခြင်းမျိုး မတွေ့ရပါဘူး။ ဦးအောင်ကိုဝင်း အနေနဲ့ သူ့ရဲ့ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၃၀၀၀ နီးပါးပြန်ရအောင် ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးပေးခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဂုဏ်ပြု ချီးမြှင့်ပြီး အသိအမှတ်မပြုနိုင်တာ ဘာကြောင့်လဲ။ PDF တွေကိုပိုကြောက်နေလို့လား။ အောက်တိုဘာလ ၂၇ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာနဲ့ ATM စက်တွေမှာ ဗုံးဖောက် ခွဲခံခဲ့ရတာတွေ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ဦးအောင်ကိုဝင်းအနေနဲ့ အကြမ်း ဖက်အုပ်စုတွေနဲ့ အကြမ်းဖက်သမား PDF တွေကို ပိုကြောက်နေတာလား။ လုံခြုံရေးအဖွဲ့ တွေကိုကျေးဇူးတင်တာတွေနဲ့ ဂုဏ်ပြုချီးမြှင့်တာတွေလုပ်ရင် PDFတွေက အကြမ်းဖက် တိုက်ခိုက်တာတွေ၊ ရန်ရှာတာတွေလုပ်မှာ ကြောက်ရွံ့နေတာကြောင့် ကျေးဇူးမတင်ရဲ တာလား။ အဲလိုမှမဟုတ်ဘဲ လုံခြုံရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း အသိအမှတ်ပြု ပြီး ဂုဏ်ပြုချီးမြှင့်တာတွေ မပြုလုပ်ပုံထောက်ရှုရင် အခုဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်ဟာ ဦးအောင်ကိုဝင်းနဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ဆိုင်ပိုင်ရှင် ဒေါ်တင်တင်မူ(ခ)ဒေါ်မူမူအေး တို့ရဲ့ လက်ဝါးချင်းရိုက်ပြီး ဖန်တီးခဲ့တဲ့ ဖြစ်စဉ်များလား လို့တောင်ထင်မိပါတယ်။
#မျိုးတင့်