ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းပေးမယ်ဆိုတဲ့ သတင်းအမှား လိုက်ဖြန့်နေ (ရုပ်/သံ)
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစောင် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညကလူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။
ဒီ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အမိန့်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်လို့ဆိုထားပြီး ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း
လျှောက်လှမ်းရာမှာ အထောက်အပံ့ဖြစ်စေဖို့နဲ့ နိုင်ငံလုံးလက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကိုရှေးရှုဖို့ ဆိုတဲ့ အသုံးအနှုန်းတွေကိုတွေ့ရပါတယ်။
အာဏာသိမ်းအစပိုင်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်းလူထု ခေါင်းဆောင် ပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့ သတင်းအမှားတွေပျံ့နှံခဲ့ပြီး ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာသွားရောက် စောင့်ဆိုင်းခဲ့မှုတွေလည်း ရှိခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်တာမျိုးမရှိသလို သူနဲ့ပတ်သက်တဲ့ သတင်းတွေကိုလဲ အမှောင်ချ ထားတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုချက်တွေရှိနေပေမယ့်စစ်ကောင်စီကတော့ အကြိမ်ကြိမ် ငြင်းပယ်ထားဆဲဖြစ်ပါတယ်။
https://youtu.be/MLr5k4Z5wiU#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ဗိုလ်ချုပ်မွေးနေ့ #ဖေဖော်ဝါရီ၁၃ #သတင်းအမှား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy:
https://bit.ly/supporttheirrawaddy