Horror Creative


Гео и язык канала: не указан, не указан
Категория: не указана


Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ။ တီဗွီမှာ စောင့်ကြည့်ခဲ့ရတာ အမော။ ပုံမှန်အချိန် မောင်နှမတွေ ရန်ဖြစ်ချင်ဖြစ်မယ် စကူဘီဒူးကြည့်နေချိန်ဆို ငြိမ်လို့။ ပြန်တွေးကြည့်ရင် ငယ်ဘဝ လွမ်းဆွတ်စရာ.....။
အားလုံးသိကြတဲ့အတိုင်း စကူဘီဒူးအဖွဲ့သားတွေဟာ တစ်နေရာကနေ တစ်နေရာကိုသွားရောက်ပြီး ထူးဆန်းဖွယ်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းနေကြပါတယ်။ တစ်ခါ‌တစ်လေ အပန်းဖြေခရီးဆိုပြီး ထွက်ခဲ့လည်း အပန်းဖြေခရီးကနေ စွန့်စားခန်းခရီးအဖြစ်ပြောင်းခဲ့တယ်။ ပဟေဠိပေါင်းများစွာကို ဖြေရှင်းကြရာမှာ ရှက်ဂီနဲ့ စကူဘီတို့ရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ကြည့်ရှုရင်း ရယ်မောဖွယ်ရသတွေနဲ့အတူ ပဟေဠိတွေရဲ့အဖြေကရော ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုဖို့ အမြန်သာ ဝင်ရောက်ခဲ့ကြပါ။

https://t.me/Creative_Cartoon


Видео недоступно для предпросмотра
Смотреть в Telegram
Insidious: Chapter 2 (2013)


Insidious 2 (2013)


Видео недоступно для предпросмотра
Смотреть в Telegram
Insidious (2010)


Insidious (2010)


Видео недоступно для предпросмотра
Смотреть в Telegram
Kumari 2022


Kumari (2022)
----------------------
ဒီတစ်ခေါက်တော့ အိန္ဒိယဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Kumariဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ကူမာရီဟာသာမန်မိန်းကလေးတစ်ယောက်ပါ။အရွယ်ရောက်လာတော့ သူ့အိမ်က လူတွေရဲ့အစီအစဉ်အရကျိန်စာသင့်နယ်မြေက
ဆက်ခံသူ ဒရူဗန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။အဲ့နယ်မြေဟာဟိုးအရင်မျိုးဆက်၁၂ဆက်ကတည်းက ရာဇဝင်ဆိုး သမိုင်းဆိုးတွေရှိခဲ့တာပါ။

တချိန်ကအဲ့နယ်မြေရဲ့ အရှင်သော့ပန်ဟာ နတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်တဲ့အီလီမာလာချသန်ရဲ့ အချစ်တော် ကလေးလေးကို သတ်ပစ်ခဲ့မိတဲ့အတွက်
နယ်မြေတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါ။အဲ့ကျိန်စာကနေ လွတ်မြောက်ဖို့ အရှင်သော့ပန်ဟာနောက်ထပ်မကောင်းတဲ့ဝိဉာဉ်ဆိုးတစ်ခုဖြစ်တဲ့ ဂါရီဒေဗန်ကို
ဆင့်ခေါ်ခဲ့ရပါတယ်။ဂါရီဒေဗန်က အဲ့နယ်မြေကို အီလီမာလာချသန်ရဲ့ကျိန်စာကနေ ကာကွယ်ပေးဖို့တစ်ခုတောင်းဆိုခဲ့ပါတယ်။ဂါရီဒေဗန် တောင်းဆိုတာကို
အရှင်သော့ပန်က ဖြည့်ဆည်းပေးခဲ့တယ်။အဲ့လိုနဲ့မျိုးဆက်၁၂ဆက်အထိ ကျိန်စာကနေ လွတ်မြောက်ခဲ့တယ်။အခု မျိုးဆက်၁၂ဆက်မြောက်ဒရူဗန့်လက်ထက်မှာ
ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်လာပြီး ဂါရီဒေဗန်ကို ပြန်လည်ဆင့်ခေါ်ဖို့ဖြစ်လာခဲ့တယ်။

အဲ့အချိန်မှာဂါရီဒေဗန်ရဲ့စည်းမျဉ်းအရ သူ့ကိုဆင့်ခေါ်ချင်ရင် သူတောင်းဆိုတာကို လုပ်ပေးရဖို့ဖြစ်လာတဲ့အခါမှာတော့ အရှင်သော့ပန်လက်ထက်ကတည်းက
ဂါရီဒေဗန်က ဘာတွေတောင်းဆိုခဲ့တာလဲ။ကူမာရီတို့ကရော ဘာတွေလုပ်ပေးရမှာလဲ။အီလီမာလာချသန်ဆိုတာရောဘယ်ကနေပေါ်လာတာလဲ။
ဒရူဗန်ကရော သူ့နယ်မြေကို ချသန်ရဲ့ကျိန်စာကနေကယ်တင်ပေးနိုင်မှာလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။
အိန္ဒိယကားကိုမှရှေးခေတ်horrorကား ကြိုက်တတ်တဲ့လူမျိုးဆို လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ။
တစ်scenceမှ လက်လွှတ်ချင်စရာမကောင်းအောင် ကောင်းတဲ့ဇာတ်ကားပါနော်ါ




Видео недоступно для предпросмотра
Смотреть в Telegram
The Exorcist [1973]


The Exorcist (1973)

နာမည်ကြီးသရဲ ကားကြီးတစ်ခုဖြစ်ပြီး အရမ်းကြောက်စရာကောင်းတာ ကြောင့်တစ်ချိန်က ပြသခွင်ပိတ်ခံထားရတဲ့ကားပါ။

သာမန်သရဲကားတွေထက်ကို ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ကြည့်ဖူးတဲ့သူတိုင်း The Exorcist လို့ကြားလိုက်တာနဲ့ ကြောက်လန့်တဲ့အထိပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်ရှင်ရိုက်ကူးဖို့ သူ့သမီးလေးနဲ့အတူ မြို့တစ်မြို့ကိုခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူမသမီးလေးက အစပိုင်းက လုံးဝပုံမှန်ဖြစ်ပေမယ့် တစ်ဖြေးဖြေး အပြောအဆိုအမူအရာတွေကအစပြောင်းလဲလာ ခဲ့ပါ တယ်။အရင်ကနဲ့လုံးဝမတူတော့ပါဘူး။

ဆရာဝန်တွေနဲ့ပြပေမယ့်အခြေအနေကပိုဆိုးလာပြီး သူမသမီးလေးဟာလည်းတစ်ခြားတစ်ယောက်ပုံစံကိုပြောင်း လဲသွားခဲ့ပါတော့တယ်။

သူမသမီးလေးခန္ဓာကိုယ်ထဲကို ဘယ်လိုအရာကြီးကများဝင်ရောက်ပူးကပ်နေတာလဲ။ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ။ သူမဘာတွေဆက်လုပ်မလဲ။

သူမသမီးလေး ကိုရောဘယ်လိုပြန်ကယ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။


Видео недоступно для предпросмотра
Смотреть в Telegram
The House That Never Dies: Reawakening ( 2017 )


The House That Never Dies: Reawakening ( 2017 )

Horror /Thriller
ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့
အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။
အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့
ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။
အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့
ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။

အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ
ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ
မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက
အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။
ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ…
အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း…

အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက
ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊
ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့
ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။


Видео недоступно для предпросмотра
Смотреть в Telegram
The House That Never Dies ( 2014 )


The House That Never Dies ( 2014 )

ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့
နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ
စပြောရမယ်… အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ
သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ
တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့်
ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ
ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်…

ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့
ဆိုနိုင်မယ်… တိုက်တိုက်ဆိုင်ဆိုင်ပါပဲ… ဒီအိမ်ကြီးမှာ
ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့
ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်…
ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်…
အသံတွေကြားလိုက်… အနီရောင်ဝတ်စုံတွေနဲ့
လူတွေပေါ်လာလိုက်…


Видео недоступно для предпросмотра
Смотреть в Telegram
PULAU (2023)
သရဲကားအသစ်


PULAU (2023)
------------------
(သရဲကားသစ်)

သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။
ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။
နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။
ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။
လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။
ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီ ကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။
ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။


Shōgun (2024)
==============
Link-
https://t.me/creativeshogun

Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့
ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်
အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့
Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။
နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့
ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။
သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။
ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာ
တကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြ
William Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာ
တိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့
တိုကူဂါဝါ လယ်ရဆု ကို အခြေခံထားတာပါ။

Link-
https://t.me/creativeshogun


TWD : The Ones Who Live

ဟို Owner ကြီးပြောတဲ့ VIP Series မြန်မာစာတန်းထိုး Free ကြည့်လို့ရပါပြီ

Link-
https://t.me/motives_animations/112

Ps.Channel လေးကိုအရင် Joinပြီးမှကြည့်ပေးပါ


Видео недоступно для предпросмотра
Смотреть в Telegram
The Maid (2020)


The Maid (2020)

Показано 20 последних публикаций.

5 905

подписчиков
Статистика канала