ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဆေးဝန်ထမ်းတပ်ဖွဲ့ကလည်း ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတကာ ဆေးတပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှော ဖလှယ် ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဘက်ကျန်း မာရေး စောင့် ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြောင်း လဲတိုးတက်လာနေသည့် ဆေးပညာဘာသာရပ်များကို မျက်ခြည်မပြတ် လေ့လာနိုင်ရေးအတွက် သုတေသ နလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန် စံညွှန်း များနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ ထို့ကြောင့် တာဝန် ကျရာ ဒေသအသီးသီးကို ရောက်ရှိသည့်အခါ၌ ဆေးဝန်ထမ်းတပ်ဖွဲ့၏ မူလ တာဝန် များအပြင် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အထောက် အကူပြုပေးနိုင် သည့် တပ်မတော်သားဆရာဝန်သမားကောင်းများအဖြစ် တာဝန်ထမ်း ဆောင်သွားကြရန် မှာကြားလိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့ စွမ်းအားအရင်းအမြစ်များ လိုအပ်သည်ဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု (Public Health Care)သည် လွန်စွာအရေးကြီးကြောင်း၊ ပြည်သူလူထု၏ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့်အတိုင်း မိမိတို့တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမို ကောင်း မွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ် လူမှုဘဝ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး တွင် ပြည်သူလူထုကို ဆေးအကာအကွယ်ပေးရေးအပါအဝင် နိုင်ငံအနှံ့အပြားအခမဲ့
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ကို တာဝန်သိသိဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ပြည်သူလူထု၏ အသက် ခန္ဓာများကို ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ် သောကြောင့် တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိ နားလည်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာနယ်မြေ ဒေသအသီးသီး သို့ ရောက်ရှိချိန် တွင် မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာများကို လက်တွေ့အသုံးချ ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားတက်သရော အောင်မြင်စွာ လုပ်ဆောင်သွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုသက်ရှည်ကျန်း မာ ရေးသည် အခြေခံအကျဆုံး ဖြစ်ကြောင်း၊ ပြည်သူလူထုသက်ရှည်ကျန်းမာစေရေးအတွက် အရည်အချင်း ပြည့်ဝ သည့် ပါရဂူ၊ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံလုံလောက်စွာရှိရန်အလွန် အရေး ကြီး ကြောင်း။
မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ဆရာဝန်များကို သမားဂုဏ်အရ တလေးတစား နေရာပေးလေ့ရှိသကဲ့သို့ တပ်မ တော်သား ဆရာဝန်အရာရှိများကိုလည်း ကိုယ်ကျိုးစွန့် အနစ်နာခံသည့် ယောက်ျားကောင်းများအဖြစ် အသိ အမှတ်ပြုနေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပင်ပန်းခံကြိုးစားအားထုတ်ပြီး ရရှိလာခဲ့သည့် တပ်မတော်သား အရာရှိ ဆရာဝန်ဆေးမှူးဟူသည့်ဂုဏ်ပုဒ်ကို မထိခိုက်မပျက်စီးစေရေး အစစအရာရာ ကိုယ် တိုင်ထိန်းသိမ်း နေထိုင်သွားကြရန်လိုအပ်ကြောင်း၊ ထို့ပြင် တပ်မတော်သားဆရာဝန် များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည် ဖြစ်သဖြင့် အမိန့်နာခံမှုကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်း ဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း။
ဆေးကုသရေးတာဝန် ထမ်းဆောင်ချိန်တွင် ဆေးပညာရပ်များကို အသုံးချပြီး လူနာများအပေါ်တွင် ကောင်း မြတ်သည့်စေတနာ၊ မွန်မြတ်သည့်စိတ်ထား၊ ပြည့်ဝသည့်အကြင်နာ မေတ္တာတရားများနှင့် တာဝန်ထမ်း ဆောင် ကြ ရမည်ဖြစ်သကဲ့သို့ စစ်ဆင်ရေး နှင့်လုံခြုံရေးတာဝန်များထမ်းဆောင်ချိန်တွင်လည်း သင်ကြားပေး လိုက် သည့် စစ်ပညာ ရပ်များကို အသုံးချပြီး “တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလို သည့်စိတ် ဓာတ်”ဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ် ဓာတ်ကောင်းများမွေးမြူပြီး လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သား ဆရာဝန်၊ ခေါင်းဆောင်ငယ်များအဖြစ် နိုင်ငံတော်နှင့်တပ်မတော် က အားကိုးအားထား ပြုရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ဆောင် ရွက်နိုင်မည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် အထူး ကြိုးစား သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။