နေပြည်တော်ဘိုးဘိုးကြီး


Гео и язык канала: не указан, не указан
Категория: не указана


News&Media

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


သွေးမစီးအောင် သွေးစည်းရမည်

"လူအားလုံးကို ကာလအတိုင်းအတာတစ်ခုအထိ လှည့်စားလို့ရရင်ရမယ်။တချိူ့လူတွေကို အမြဲလှည့်စားလို့ရရင် ရမယ်။လူအားလုံးကိုတော့ အမြဲ လှည့်စားလို့မရ။"ဟု အမေရိကန်၏ ၁၆ယောက်မြောက် သမ္မတ အေဗရာဟယ်လင်ကွန်းက ပြောခဲ့ပါ၏။

ပြည်ပအခြေစိုက် ဒေါ်လာစား မီဒီယာအမည်ခံများ သတိပြုကြပါကုန်လော့။

ပြည်သူတွေအနေနဲ့လဲအတိတ်ကာလ မြန်မာ့သမိုင်းမှာ
သွေးမစည်းခဲ့လို သွေးစီးခဲ့ရတဲ့ အဖြစ်တွေကို
ညသင်ခန်းစာ ယူကြပါ။ယနေ့နဲ့ အနာဂတ်မှာ
သွေးမစီးရလေအောင် နိုင်ငံသူနိုင်ငံသားအချင်းချင်းသွေးစည်းညီညွတ်ကြပါဟု ဘိုးဘိုးကြီး တိုက်တွန်းလိုက်ရပါသည်။


မြန်မာဘီယာနှင့်အတွေးတစ်စ

ဘိုးဘိုးကြီး၏ မိတ်ဆွေတစ်ယောက်ပြောပြသည့်
မြန်မာဘီယာဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းပါ၏။

မြန်မာဘီယာသည် မြန်မာနိုင်ငံရှိဘီယာသောက်သုံးသူ အများစု အထူးအားပေးခြင်းခံရသည့် ဘီယာဖြစ်ပါသည်။ပြည်ပရောက်ဒေါ်လာစားမီဒီယာများ၏ လှုံ့ဆော်မှုကြောင့် အချို့သောအရောင်းဆိုင်များသည် အစပိုင်းတွင် မြန်မာဘီယာကို ထင်ထင်ပေါ်ပေါ်
မရောင်းရဲပဲ ဖြစ်ခဲ့ရပါသည်။

မိတ်ဆွေဖြစ်သူက ဆိုင်တစ်ဆိုင်ထဲဝင်သွားပြီး မြန်မာဘီယာရှာရာ မတွေ့သဖြင့် ဆိုင်ရှာအားမေးကြည့်ရာ Facebookပေါ် အတင်ခံရမှာစိုး၍ မတင်ထားခြင်း
ဖြစ်ပြီး ဆိုင်နောက်တွင်ဖွက်ထားသည့် မြန်မာဘီယာပုလင်းကို ထုတ်ပေးလေ၏။စားသောက်ဆိုင်တစ်ခုတွင်လည်း အခြား
ယခုအခါ စားသုံးသူများ၏ တောင်းဆိုမှုကြောင့် မြန်မာဘီယာကို ပြန်လည်ရောင်းချလာပြီဖြစ်သည်။သို့သော် ထိုသို့ ပြန်လည်ရောင်းချလာမှုကို ပြည်ပအခြေစိုက် မီဒီယာများက နစကအစိုးရကပဲ ဖိအားပေး၍ မြန်မာဘီယာအပါအဝင် ဦးပိုင်ကထုတ်သည့် ပစ္စည်းအချို့ကို Super Market များနှင့်စတိုးဆိုင်များက ပြန်လည်ရောင်းချနေရကြောင်း ဝါဒဖြန့်မှိုင်းတက်နေသည်ကို တွေ့မြင်နေရ၏။

ကုန်ပစ္စည်းတစ်ခုသည် ပြည်သူကြိုက်မှ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။စားသုံးသူအပေါ်စေတနာထားသည့်ကုန်ပစ္စည်းသာ ရေရှည်ရပ်တည်နိုင်ကြောင်း မြန်မာဘီယာကသက်သေပြလိုက်ဟု ပြောလိုက်ပါရစေတော့။


နောင်တကင်းရာဆီသို့


တရုတ်စကားပုံတစ်ခုရှိပါသည်။

"ရှေ့ဆက်သွားမဲ့လမ်းကိုသိဖို့
အဲဒီလမ်းက ပြန်လာသူတွေကိုမေးပါ။"ဟူ၍ ဖြစ်ပါသည်။

လက်နက်ကိုင်လမ်းစဥ်ကို လိုက်ခဲ့သူအားလုံးက ဒီလမ်းစဥ်သည် အမှားကြီးဟု တတွင်တွင် ပြောနေသည့်ကြားက ဒီလမ်းကို ဆက်လျှောက်နေသူများ နောင်တရချိန်တန်ပါပြီဟု ဘိုးဘိုးကြီး
ပြောလိုက်ချင်ပါသည်။

မိဘပြည်သူအပေါင်း
နောင်တကင်းရာလမ်းဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ။


ကိုယ့်သွေး ကိုယ်သောက်ဖြစ်
နေကြပြီလား


ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏ "ဟု ဘိုးဘိုးကြီး မှတ်သားဖူးပါ၏။ ထို့ကြောင့် ယခုရက်ပိုင်းမှာ နာကြားခွင့်ရခဲ့သည့်(၁၄)ပါးမြောက် တိပိဋက တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိက ကမ္ဘောဇ ဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၏ တရားတစ်ပုဒ်ကို မျှဝေလိုပါ၏။

အက်စ်ကီမိုးလူမျိုးစုတို့ထံ၌ ဖမ်းဆီးရန်
ခက်ခဲလှသော ဝံပုလွေတွေကို လွယ်ကူစွာ
ဖမ်းနိုင်ဖို့ နည်းစနစ်တစ်ခုရှိသည်။
ဝံပုလွေတွေသည် ပင်လယ်ဖျံတို့ကို
ဖမ်းဆီးကာ အသားစား၍ သွေးသောက်
ရသည်ကို မက်မောကြသည်။
သွေးနံ့ရလျှင် ရပ်ဝေးမှပင် အာရုံခံ သိရှိ
နိုင်ကြသည်။
အက်စ်ကီမိုးတို့သည် ဖျံသွေးအတွင်း၌
အလွန်ထက်ရှသော ဓားတစ်လက်ကိုထည့်ကာ
အေးခဲအောင်လုပ်ပြီး ထောင်ထားကြသည်။
သွေးနံ့ရသောဝံပုလွေတို့က သွေးခဲကို
မက်မောစွာ လျှာဖြင့် ဇိမ်ခံလျှက်တော့သည်။
အေးခဲသောသွေးသည် အချိန်ကြာလာ
သည်နှင့်အမျှ ပူနွေးလာသည်။
အရသာရှိလှသောပူနွေးသောသွေးသည်
ကိုယ့်သွေးကိုယ်သောက်နေသည်ဟု
သူမသိ။
ကိုယ့်သွေးကိုယ်သောက်မိရင်း ကိုယ်ခန္ဓာမှ
သွေးအားနည်းကာ မူးလဲသွားကြသည်။
ထိုအချိန်၌ အက်စ်ကီမိုးတို့က ဝံပုလွေကို
သက်တောင့်သက်သာ ဖမ်းလိုက်ကြတော့သည်။

မြတ်ဗုဒ္ဓက မက်မောမှုသည် ဒုက္ခအားလုံး၏
အရင်းခံဖြစ်၍ ပယ်နိုင်အောင်ကြိုးစားဖို့
ဆုံးမထားသည်။ကိုယ့်သွေးကိုယ်သောက်မိသလို ဆင်းရဲခြင်း မှန်သမျှ ကိုယ့်ဆီကသာ ဖြစ်ပေါ်ရသည်ကို သတိပြုကာ သံဝေဂ ယူနိုင်ကြပါစေ။
လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေ။


အတွင်းမီး အပြင်ထုတ်ခဲ့တာကြောင့်...


ကြက်ဥအချင်းချင်း ပစ်ပေါက်ကြလျှင် ကြက်ဥတွေပဲပျက်စီးရသလိုကိုယ့်မိသားစုရဲ့အပြစ်အနာအဆာကိုသူစိမ်းတရံကို
သွားပြောပြမိတဲ့အခါ သားသမီး ဇနီးမယား လင်ယောက်ျားတို့သာ အကျိုးယုတ်ပြီး ပျက်စီးရသည်မဟုတ်၊ကိုယ်ပါအကျိုးယုတ်ပြီး ပျက်စီးရတတ်ပါတယ်။

လင်ယောက်ျားအိမ်လိုက်သွားတော့မယ့် ဝိသာခါကို ဖခင်ကြီးက အဆုံးအမ(၁၀)ချက်
ပေးပါတယ်။အဲဒိ(၁၀)ချက်ထဲမှာ
``အတွင်းမီး အပြင်မထုတ်ရဆိုသည့်အဆုံးအမ ပါဝင်ပါတယ်။

``အတွင်းမီးအပြင်မထုတ်ရဆိုသည်မှာ ကိုယ့်ယောက္ခမ ကိုယ့်ယောက်ျား ကိုယ့်မိသားစုရဲ့အိမ်တွင်းရေးအပြစ်အနာအဆာတွေကိုအပြင်သူစိမ်းတွေကို ထုတ်မပြောရဘူးလို့ ဆိုလိုပါတယ်။ ။

NLD အစိုးရလက်ထက်မှာ နိုင်ငံခြားသား ပညာရှင်
ဆိုတဲ့သူတွေကို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို သိခွင့်ပေးလိုက်တဲ့အတွက် ရရှိလာတဲ့ ဆိုးကျိုးတွေကို ပြည်သူတွေ အခုအချိန်မှာ သိမြင်ခံစားနေကြရပါပြီ။သမိုင်းသင်ခန်းစာ.ယူတတ်ကြဖို့ အရေးကြီးပါတယ်။


လက်မှတ်တွေ ဝယ်သူမရှိလို့ ငုတ်တုတ်မေ့ကြပြီ

ကမ်ပိန်းလက်မှတ်တွေ ရောင်းမကောင်းတော့ဘူးလို့ သတင်းတွေ ကြားနေရတာတော့ ကြာပါပြီ။အခုရက်ပိုင်းမှာ ပိုပြီးတော့ သိသာလာပါတယ်။ကမ်ပိန်းလက်မှတ်တစ်စောင် ၇၀၀၀ နဲ့ရောင်းနေတာတောင် ဝယ်မဲ့သူတစ်ယောက်မှ မရှိလို့ ညီးနေတဲ့ ထောက်ပို့တစ်ယောက်ကိုလည်းဆိုရှယ်မီဒီယာမှာ ဘိုးဘိုးကြီး တွေ့လိုက်ရပါတယ်။

ကမ်ပိန်းလက်မှတ်သာ ဝယ်သူမရှိပေမဲ့ လေးဖြူနဲ့အငဲ ပွဲကတော့ ရုံပြည့်ရုံလျှံ အောင်ပွဲခံခဲ့တာ တွေ့လိုက်ရပါတယ်။တကယ်တော့ လေးဖြူနဲ့အငဲပွဲကို သွားကြတာ (၅၀၀၀) စားတစ်ယောက်မှ မပါပါဘူး။မသွားရင် အချုပ်ထဲအိပ်ရမယ်လို့ပြောလို့ သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ပျော်ရွှင်မှုကို လိုလားတဲ့ လူငယ်တွေရဲ့ လူငယ်သဘာဝ အပျော်ရှာမှုဖြစ်ပါတယ်။လူငယ်တွေရဲ့ ပျော်ရွှင်မှုကို နိုင်ငံရေးဆိုတဲ့ ခြောက်လုံးလှန့်လုံးက နိုင်အောင်မလုပ်နိုင်ခဲ့ပါဘူး။
ကိုယ့်ဝမ်းနာ ကိုယ်သာသိဖို့အရေးကြီးလှပါတယ်။
ဒါကြောင့်မို့လို့လည်း
ကုလသမဂ္ဂဝန်ထမ်းဟောင်းတွေ တွေ့ဆုံပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာညီညီက ကိုယ့်နိုင်ငံအကြောင်းကို အရင်ဆုံးသိအောင် လုပ်ဖို့ ကြိုပြောခဲ့ပါတယ်။ဒေါ်စု လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလား ဆိုတာတော့ ဒီနေ့ နိုင်ငံရေးဖြစ်စဥ်ကို ပြန်သုံးသပ်ကြည့်ရင် အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။


ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံနေရတဲ့ မုံရွာ


တပ်မတော်က အာဏာထိန်းပြီးတဲ့နောက် ဆန္ဒပြမှုတွေ အများဆုံးဖြစ်တဲ့နေရာမှာ မုံရွာဟာ ထိပ်ဆုံးကနေပါပါတယ်။လက်နက်ကိုင်ပြီး ဆန့်ကျင်တော့လည်း မုံရွာသားတွေ ထိပ်ဆုံးကပါပဲ။အခုတော့ မုံရွာဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပါပြီ။ မုံရွာမြို့ခံ စီပွားရေးသမားတစ်ချို့ စိတ်ညစ်နေရလေပြီ။
မုံရွာမြို့ခံတစ်ဦးက ဘိုးဘိုးကြီးဆီကို ဆက်သွယ်ပြီး အကူအညီတောင်းတဲ့စာလေးသာ ဖတ်ကြည့်ကြပါတော့

"မုံရွာက အသေးစားနဲ့အလတ်စား စီးပွားရေးသမားတွေဆီကနေ PDF တွေ ဆပ်ကြေးကောက်နေပါတယ်။ဒီကိစ္စကို မီဒီယာကနေတဆင့် အများပြည်သူနဲ့ နိုင်ငံတော်အဆင့်လူကြီးတွေသိရအောင် တင်ပြပေးစေချင်ပါတယ်"တဲ့။သူ့ စာကိုဖတ်ပြီးတော့ ဘိုးဘိုးကြီး စိတ်မောသွားရသလို ဦးရွက်ဆစ်ပြောတဲ့ PDF တွေဟာ လူဆိုး၊ဓားပြတွေဖြစ်လာမယ်ဆိုတဲ့စကားကိုလည်း သတိရလိုက်မိပါတယ်။


ကြက်ပေါင်နဲ့ မတင်လှ

PDFနဲ့ NUG ကို ထောက်ခဲ့တဲ့အကြောင်း Facebookမှာ စာတွေရေးတာကြောင့်
အဖမ်းခံရတဲ့လူတွေ ယနေ့အထိအထိ ရှိနေတာ ဘိုးဘိုးကြီး အံ့သြတကြီး ဖြစ်ရပါသည်။အဲဒါကြောင့်လည်း
'အသေဝနာ စ ဗာလာနံ' လူမိုက်တွေကို မပေါင်းနဲ့လို့
မြတ်စွာဘုရားက ဟောခဲ့တာဖြစ်သည်။


မပေါင်းသင့်သောသူနှင့် ပေါင်းမိရင် မတင်လှလို ဖြစ်တတ်တယ်ဆိုပြီး ဆရာတော်တစ်ပါးက ဘိုးဘိုးကြီးကို ဆုံးမဖူးလေ၏။

မတင်လှရဲ့ယောက်ျားနာမည်က ကြက်ပေါင်တဲ့။

တိုက်ကြက်ဖကြီးကို ခိုးပြီး အပေါင်ခံသူဆီမှာ သွားပေါင်လို့ ကြက်ပေါင်လို့ နာမည်တွင်သွားတာ။

ကြက်ပေါင်က ထမီခိုးမှုနဲ့ထောင်ကျဖူးတော့ -

မတင်လှ ထမီအသစ်ဝတ်ရင် ခိုးရာပါလို့ပဲ ရပ်ကွက်ထဲကလူတွေက ထင်ကြတော့လေသည်။
ဝယ်ဝတ်တယ်လို့ မထင်ကြတော့ပါဘူး။

ဒါကြောင့် လူပေါင်းမမှားကြဖို့ အရေးကြီးပါသည်။
ခိုးရာပါပစ္စည်း ဝတ်သည်ဟု အထင်ခံရခြင်းထက် အကြမ်းဖက်အားပေးဟု အထင်ခံခြင်းက သာ၍ ဆိုးပါသည်။

"လာမည့်ဘေးကို၊ အဝေးက မြင်မှ အသက်ရှည်ရာသည်" ဟု ကန်တော်မင်းကျောင်းဆရာတော်က ဆုံးမခဲ့ခြင်း ဖြစ်လေသည်။


နေဘုန်းလတ်အတွက် စာတစ်စောင်

NLD ခေတ်မှာ လာဘ်မစားဘူးဆိုသော်လည်း ပြောင်ရောင်လာသော မိတ်ဆွေဟောင်းများ ဘိုးဘိုးကြီးမှာ ရှိခဲ့ဖူးပါတယ်။ ဒါတွေကို ဒီမိုကရေစီ
ခေတ်ဆိုတာမှာ ပြောနိုင်ဆိုနိုင် မရှိခဲ့ပါဘူး။ပြေးတဲ့သူတွေကိုလည်း သူတို့ကို မလိုလားလို့ ပြောတာဆိုပြီး ဝိုင်းဖယ်ကြပါတယ်။ဒါကြောင့်လဲမြန်မာ့ဒီမိုကရေစီဟာ ဘုရားလောင်းရှာ စင်ပေါ်တင်ရှိခိုးတဲ့ အဆင့်ကနေ မတက်နိုင်တာပါပဲ။
။အခုတော့ နေဘုန်းလတ်အပါအဝင် ပြည်ပြေး NLD တွေက မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ လုပ်ရက်တွေကို မိန်ရည်ရှက်ရည် လုပ်နေကြပါပြီ။နေဘုန်းလတ်
အကြောင်းကို သိတဲ့သူတစ်ယောက် ရေးထားတာလေး မျှဝေပါရစေ။

"၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ သင်္ကန်းကျွန်းမြို့နယ်လူငယ်တာဝန်ခံ (၃) နဲ့ NLD အဖွဲ့ဝင်အဖြစ်ကပါ နင် နှုတ်ထွက်သွားခဲ့တယ် နေဘုန်းလတ်။ အကြောင်းပြချက်ကတော့ လှိုင်သာယာစက်မှုတက္ကသိုလ်မှာ နင် ကျောင်းဆက်တက်ချင်လို့ ဆိုပြီးတော့ NLD ကနေ နှုတ်ထွက်ခဲ့တာလေ။ ငါတို့ နင်ကို နားလည်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တက္ကသိုလ်တွေမှာ ကျောင်းတက်ချင်ရင် ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း မြို့နယ်အာဏာပိုင်အဖွဲ့ မယက ဥက္ကဋ္ဌ လက်မှတ်ထိုးထားတဲ့ စာပါလာမှ တက္ကသိုလ်တွေက လက်ခံခဲ့ကြတာလေ။ ဒါကြောင့် နင် NLD ကနေ လာနှုတ်ထွက်ခဲ့တာကို ငါတို့ နားလည်ပေးခဲ့ပါတယ်။ နေဘုန်းလတ်ရေ နင်တောင် တက္ကသိုလ်ဆက်တက်ချင်လို့ NLD ကနေ နှုတ်ထွက်ခဲ့သေးတာပဲ၊ အခု အချိန် ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေကို ကျောင်းဆက်တက်ပြီး CDM မလုပ်လို့ အမျိုးမျိုး နင်တို့ NUG အုပ်စုက ခြိမ်း
ခြောက်နေတာတွေဟာ တရားသတဲ့လား နေဘုန်းလတ်။ CDM လုပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကိုလည်း နင်တို့ ရိုက်ချိုးခဲ့ကြတယ်။ လူငယ်ထု အားလုံးရဲ့ အနာဂတ်ကို နင်တို့ NUG က လူပြိန်းကြိုက် စကားတွေ ပြောပြီး၊ မျှော်လင့်ချက် အမှားတွေပေးပြီး ဖျက်ဆီးနေခဲ့ကြတယ်။ နင်တို့နဲ့ နင်တို့မိသားစုရဲ့ အနာဂတ်ကိုကျတော့ ကောင်းကောင်းလမ်းဖွင့် ထားကြတာ နင်တို့ NUG ကလိမ်ကကျစ် နိုင်ငံရေးအုပ်စုအတွက် တရားတယ်လို့ နင်တို့ ထင်နေကြလား နေဘုန်းလတ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ငါတို့ NLD ရဲ့ လူဟောင်း နိုင်ငံရေးသမား ဦးဝင်းမြင့်အောင်ကို နင်တို့ NUG မတရားဖမ်းထားတာ ချက်ခြင်းလွှတ်ပေးပါ။ ငါတို့ရဲ့ NLD လူဟောင်းတွေကို နင်တို့ NUG အုပ်စု ဘယ်တော့မှ ထိဖို့ မကြိုးစားပါနဲ့။ နေမျိုးကျော်ရေ နင့်နာမည်အရင်းကိုပဲ ခေါ်လိုက်တော့မယ်။ ဗိုလ်အောင်ဒင် စကားနဲ့ဆိုရင်တော့ ဗိုလ်လုပ်ချင်ရင် လွယ်သလား ခက်သလား ရာမ လက်ညှိုးကလေး ကွေးတတ်ရတယ်ကွ ။ ခေါင်းဆောင်လုပ်တာ
လွယ်သလား ခက်သလား။ နေမျိုးကျော် တက်မလာခဲ့နဲ့။
နေမျိုးကျော် (ခေါ်) နေဘုန်းလတ်ရေ ငါတို့ကတော့ နင်တို့ကို လက်ညှိုးကလေးနဲ့ တောက်ထုတ်လိုက်မယ် ကောင်လေးရေ။"တဲ့။
မင်းတို့ပြောတာတွေကို ယုံပြီး
CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ၊တောထဲမှာ လူမသိ သူမသိ ဘဝပျက်သွားတဲ့ PDF အမျိုးသမီးတွေ၊
တော်လှန်ရေးခေါင်းစဥ်အောက် အသတ်ပျောက်ခဲ့ရတဲ့ လူငယ်တွေအတွက်
လိပ်ပြာလုံပါစေ နေဘုန်းလတ်ရေ။


မြောင်းရေနဲ့ ရွှေငါးမွေးလို့မရ


ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အော်ပြီးတိုင်းပြည်နဲ့လူထုပျက်စီးရေး အကြမ်းဖက်အဖျက်လုပ်ရပ်တွေလုပ်နေတာဟာအစိုးရတစ်ရပ်ဖြစ်လာစရာမရှိဘဲ အကြမ်းဖက်အဖွဲ့အဖြစ်သာသမိုင်းမှတ်တမ်းကျန်ရစ်မှာ ဖြစ်ကြောင်း အကြမ်းဖက်သမားများ သိစေ
လိုပါသည်။

တက္ကသိုလ်၊စာသင်ကျောင်း၊ဆေးရုံ၊အုပ်ချုပ်ရေးရုံး၊ဝန်ကြီးဌာနရုံးများ၊လမ်းတံတားများကို ဖျက်ဆီးခြင်းသည် နိုင်ငံပိုင်ဘဏ္ဍာများဖျက်ဆီးတာ ဖြစ်ပါသည်။

ဒါတွေပြန်လည်တည်ဆောက်ဖို့ ဘယ်အစိုးရတက်တက် မိမိ အိတ်ထဲကစိုက်လုပ်မှာမဟုတ်ဘဲ
နိုင်ငံ့ဘဏ္ဍာပြည်သူ့ဘဏ္ဍာက ကျခံအသုံး ပြုကြရတာ ဖြစ်လို့ အစိုးရဘဏ္ဍာလား နိုင်ငံဘဏ္ဍာလားမသိဘဲ ဖျက်ဆီးနေသူတွေအစိုးရမဖြစ်နိုင်သလို ဖြစ်လာရင်လည်းတိုင်းပြည်ပျက်ဖို့သာရှိပါသည်။

NUG,PDFအကြမ်းဖက်သတ်ဖြတ်မှုကြောင့်သေဆုံးသူ အရပ်သား ၊ဝန်ထမ်း ၊သံဃာများ၊နိုင်ငံရေးပါတီဝင်များစုစုပေါင်း၆၈၀၀ ကျော်သွားပြီဖြစ်ပါသည်။

NUGက စည်းမျဥ်းစည်းကမ်းတွေထုတ်ထားတယ်၊မလိုက်နာသူတွေကိုအရေးယူတယ်လို့ ပြောပေမယ့်အခုအချိန်အထိ လူသိထင်ရှားပေါ်ပေါက်ခဲ့တဲ့ မုဒိန်းမှု၊လူသတ်မှုတွေများစွာထဲက ဘယ်အမှုကိုမှဘယ်လိုအရေးယူလိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်နိုင်တာတစ်ခုမှ မရှိတဲ့အတွက် NUGကိုယ်တိုင်အကြမ်းဖက်အားပေး မှုကျူးလွန်နေပြီဖြစ်တယ်ဆိတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။

NLDဗဟိုကော်မီတီဝင်ဦးဝင်းမြင့်အောင်ကို NUGအမိန့်အရဖမ်းဆီးထားတာ( ၆)လကျော်ကြာသည်အထိ ဘာတွေ
စစ်ဆေးတယ်၊ဘာအပြစ်ပေးတယ်ဆိုတာသတင်းမထုတ်ပြန်နိုင်ဘဲ အခုအချိန်အထိ သေသလားရှင်သလား မသိရတဲ့အဖြစ်ဟာ အထင်ရှားဆုံးသာဓကဖြစ်ပါသည်။ဒီလိုလူသိများတဲ့ထင်ရှားသူတောင် သတင်းပျောက်နေရင် သာမန်လူမသိသူမသိ ဖြစ်စဥ်တွေဘယ်လောက်ကျူးလွန်နေမလဲ ခန့်မှန်းကြည့်နိုင်ပါသည်။

အကြမ်းဖက်သမားတွေရဲ့ ဉာဏ်နည်းမှုကြောင့်ရောင်းသူဝယ်သူတွေနဲ့ စည်ကားဖွံ့ဖြိုးသာယာခဲ့ပြီး ဒေသခံပြည်သူတွေ အားကိုး အားထားပြုရတဲ့ လွိုင်ကော် သီရီမင်္ဂလာဈေးကြီးဟာ အခုတော့ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ PDF အကြမ်းဖက်တွေရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။
မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ဒေသခံ ပြည်သူတွေရဲ့ မျက်နှာကိုမှမထောက် အလုံးစုံပျက်စီးရေး ဦးတည်လုပ်ဆောင်နေတဲ့ PDF အကြမ်းဖက်တွေ ရှိနေသေးသရွေ့ကတော့ ပြည်သူတွေ ဒုက္ခမျိုးစုံခံစားနေရဦးမှာပါပဲ။

ဘယ်လောက်ပဲဖက်ဒရယ်ဒီမိုကရေစီအော်နေပေမယ့် လက်တွေ့အကြမ်း ဖက်လုပ်ရပ်တွေက ဖုံးမရဖိမရ ပေါ်ပေါက်နေတဲ့အတွက် NUG,PDF အကြမ်းဖက်မှုများကိုအမေရိကန် က တရားဝင်ထုတ်ပြန်လာရတဲ့အထိ ဖြစ်လာပြီဖြစ်လို့ ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ NUG,PDFဟာအကြမ်းဖက်အဖွဲ့အဖြစ်သာသမိုင်းမှတ်တမ်းတင်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။မြောင်းရေနဲ့ ရွှေငါးမွေးလို့ မတင့်တယ်နိုင်ဘူးဆိုတာ အကြမ်းဖက်သမားတွေကို သိစေချင်ပါတယ်။


နှလုံးသားတွေ လှကြပါစေ

"မြန်မာပြည်ကြီးမှာ တိုက်ပွဲတွေ
ဖြစ်နေပါပြီဆိုမှ ကိုယ်တွေမှာ ဝမ်းသာလို့ မဆုံးဘူး။"ဟု စင်္ကာပူရောက် အကြီးစားထောက်ပို့တစ်ယောက်က သူ့ Facebook မှာ ရေးထားတာ ဘိုးဘိုးကြီးဖတ်လိုက်ရတော့ တိုင်းပြည်ဒုက္ခရောက်မှ ပျော်နေတဲ့သူတွေ အမှန်တကယ်ရှိမှန်း ဘိုးဘိုကြီး သိလိုက်ရလေသည်။

လူ့စိတ်သည် သံလိုက်တုံးနှင့်တူပါသည်။
ကိုယ်ကိုယ်တိုင်က ကိုယ့်အပေါ် ကြည်ညိုတဲ့စိတ်၊
ချစ်မြတ်နိုးတဲ့စိတ်တွေ များရင်များသလောက်အောင်မြင်မှု၊မိတ်ဆွေစစ်၊၊ငွေကြေး စသည်ဖြင့်
ကောင်းသော အရာများ တိုးပွါးလာစမြဲဖြစ်ပါ၏။
ကိုယ့်ရဲ့စိတ်ကို အညှိုးအတေးနဲ့ အပျက်မြင်စိတ်တွေဖုံးလွှမ်းရင် ကိုယ့်ရဲ့နေ့ရက်တွေသည်
မကောင်းသည့်အရာများကိုသာ ထပ်ခါထပ်ခါ
လက်ခံနေရတတ်ပါသည်။
မိမိနှလုံးသားကို မေတ္တာတွေနဲ့ ပြည့်နေအောင်
စောင့်ရှောက်နိုင်ကြပါစေ။


ပန်းတိုင်အဝင် မှားသူတွေနဲ့ ကြံရာပါ မီဒီယာများ

ဘုန်းကြီးလောကမှာ 'ဒကာကို ဆရာမြှောက်တော့ မွဲရော၊ဆရာကို ဒကာမြှောက်တော့ လဲရော' ဆိုတဲ့ ဆိုရိုးရှိပါတယ်။

ဆရာက ဒီဒကာ သိပ်စေတနာကောင်းတယ်လို့မြှောက်တော့ ဒကာက သိပ်လှူပစ်လို့ မွဲရော။တို့ဆရာ သိပ်အဟောအပြောကောင်းတယ်လို့ ဒကာကမြှောက်တော့ မနားမနေဟောရလွန်းလို့ ဆရာလည်း ဝေဒနာ
ရပြီး လဲရော။ အခု မြန်မာပြည်က ပြည်ပြေးမီဒီယာတွေနဲ့ တော်လှန်ရေးကျိန်စာသင့်နေသူတွေလည်း ဒီအတိုင်းပါပဲ။ခေတ်သစ်က ဘယ်နေရာမှာ ဗုံးခွဲလိုက်လို့ တပ်မတော်သားဘယ်နှစ်ယောက်သေသွားပြီလို့ရေးရင်လည်း ရမ်းယုံလိုက်ကြတာပဲ။
ရမ်းယုံတဲ့သူတွေ Like ပေးတာကို သာယာနေတဲ့ ခေတ်သစ်တို့လို ပြည်ပြေးမီဒီယာတွေကလည်း ကိုယ့်ကိုယ့်ကိုယ် မီဒီယာသမားလား၊လော်ဘီလား မသဲကွဲတော့ဘဲ ဒေါ်လာရရင်ပြီးရော လုပ်နေတာဟာ တိုင်းပြည်အတွက် အများကြီး နစ်နာပါတယ်။

နစက ဘက်က လွှင့်တဲ့သတင်းတွေကို ဝါဒဖြန့်တယ်လို့ ပြောနေကြပေမယ့် အချက်အလက်တွေက မမှားပါဘူးလို့ နိုင်ငံရေးသမား မိတ်ဆွေ
တစ်ယောက်ကပြောပါတယ်။

အကျင့်ပျက်ခြစားကြ၊
ဆရာမွေးတပည့်မွေး အုပ်စုဖွဲ့ နိုင်ငံရေးနေရာလေး ရလာရင် အာဏာယစ်မှူးကြတဲ့ စရိုက်တွေ၊ဝေဖန်ရင် ဒလန်လို့ စွပ်စွဲမယ်၊ နာမည်ဖျက်မယ်။ဒါပေမယ့် အခုတော့ အဲ့ဒီလူတွေ နိုင်ငံရေး စင်မြင့်မှာ နေရာလဲမရ
နာမည်ပျက်တွေနဲ့ ကျဆုံးကုန်တာပါပဲ။သံဝေဂ ရစရာတွေပါ ။

အခု ပိုဆိုးတာပေါ့။
ခြစားအကျင့်ပျက်မှုတွေက အုပ်လိုက်ကြီးပေါင်းလုပ်နေကြတာလေ။ရယ်စရာကောင်းတာက
မှတ်ကျောက်တင်ခံရတဲ့ ပွဲတစ်ပွဲမှ မဖြတ်ဘူး။
သမိုင်းလဲ နားမလည်၊စာလဲ မဖတ်
နိုင်ငံရေး ရပ်တည်ချက် ခိုင်ခိုင်မာမာ မရှိပဲ
လေဖန်းဒန်းစီး၊ပါပီမ ရုပ်ရှင်က ဘယ်လို၊
ထူးအိမ်သင် တုံးက ဘယ်လို
အသက်တွေ ကြည့်လိုက်တော့
၈၈ တုန်းက ၆လသားလောက်ပဲ ရှိအုံးမယ်။

ထူးအိမ်သင် တောခိုတယ်။အဲ့ဒီတုံးက ကျောင်းသားတွေ ငတ်ကြပါတယ်။အခုလိုမျိုး ရံပုံငွေ၊ အလှူခံတာတွေ မရဘူးလေ။
အင်တာနက်လဲ မရှိ၊နိုင်ငံတကာရောက် မြန်မာလဲ သိပ်မများသေးဘူး။

ခေါင်းဆောင်ရွေးတော့လဲ
စခန်းအသီးသီးက တင်မြောက်ရတာလေ။အခုလိုမျိုးNUGက လူဘော်ကြော့ ခေါင်းဆောင်တွေမှ
မဟုတ်တာ။

ဒါ့ကြောင့် ထူးအိမ်သင်မှာ ရေးစရာဆိုလို့ငှက်ဖျားတောထဲက ချစ်စရာ ညီအစ်ကိုတွေအကြောင်းပဲ ရှိတယ်။

အခုခေတ်က ကံကောင်းတယ်။

ရံပုံငွေတွေ ရကြတယ်။ လက်ဖျားငွေသီးတယ်။
ငွေစာရင်းရှင်းတမ်းလဲ သိပ်ပြစရာ မလို။
ပြည်တွင်း လုပ်ငန်း လုပ်နေတယ်။
လက်နက်ဝယ်တယ်ပေါ့။
လက်နက်ပွဲစားဆိုတဲ့ကောင်တွေကလဲVolvo ၊မာစီးဒီး ကားအကောင်းစားတွေ နဲ့ လုံခြုံရေး အကြောင်းပြ စီးကြပေါ့ ။ နိုင်ငံတကာ ပရောဂျက် ၊ NGO လောက ခေါင်းကိုင်များကလဲ ချမ်းသာကြတာပဲ။

ဘာသင်တန်း ညာသင်တန်းတွေ အားလုံးမြန်မာပြည်ထဲကနေ
မဲဆောက်တို့ ရွေ့လာလိုက်ကြတာ မီဒီယာသမားတွေလဲ ဒုနဲ့ဒေးပါပဲ။

ပြည်တွင်းက တော်လှန်ရေးစုံလုံးကန်းတွေသာ ငတ်နေကြတာ၊ထိုင်းနိုင်ငံမှာစည်ကား ကြွယ်ဝ နေတယ်။
ဒါပေမယ့် ဇာတ်မျောကြီးထဲ မျောပါနေကြပြီ။

ထူးအိမ်သင်သာ အခုခေတ် မဲဆောက်ကိုရောက်ခဲ့ရင်ကွဲသွားနိုင်ပါတယ်။
အို ညီလေးရေ NUGကတော့ သောက်တလွဲလုပ်နေပြီတို့၊မဲဆောက်တစ်နေ့တာ အလွဲများထဲမှာ NUG ဝန်ကြီးတွေရဲ့ ကြွားလုံးထဲ မျောပြီပေါ့ဆိုတဲ့ စာသားတွေ ထွက်လာနိုင်ပါတယ်။

ပြည်သူတွေက ဘယ်သူတွေ တိုင်းပြည်ကို တည်ဆောက်နေပြီး၊ဘယ်သူတွေက တိုင်းပြည်ပျက်အောင် ဖျက်နေကြတယ်ဆိုတာကို သဘောပေါက်သထက် ပေါက်လာကြပါပြီ။ကြောင် ကြာကြာ ရေမငုတ်နိုင်ပါဘူး။

အချိန်တန်တော့လဲ ကိုယ်စိုက်တဲ့ အတိုင်း ရိတ်သိမ်းကြမှာပါ။

ဟံသာဝတီဦးဝင်းတင် စကားနဲ့ ပြောရရင်'မင်းတို့ နိုင်ငံရေးက ပျက်မှာပဲ တစ်အချက်က မရိုးသားဘူး နှစ်အချက်က ကျေးဇူးရှိသူကို မဖော်ပြရဲဘူး'။

အခုလည်းတော်လှန်ရေးလုပ်သူတွေကို ပြပြီး နိုင်ငံရေး လုပ်စားနေသူတွေက သိပ်ကိုများလွန်းနေတယ်။မုန်တိုင်းပြီးရင်တော့
မျက်နှာဖုံးတွေ ကွာကျလာပါလိမ့်မယ်။


NGOအရေခြုံထားတဲ့ NUG

မုံရွာနယ် ဆရာတော်ကြီးတစ်ပါးဟာ ဘုရားဆုပန်သတဲ့။ ညတိုင်း ဘုရားဝတ်တက်ပြီးချိန်ဆိုရင် သူက ဘုရားဆုပန်ထားကြောင်း ပြောပြီး အားလုံးကို သာဓုခေါ်ခိုင်းသတဲ့။ တပည့်တွေကိုလည်း ဘာဆုတွေ ပန်ကြလဲဆိုပြီး မေးလေ့ရှိတယ်။ ဆရာတော်စိတ်ချမ်းသာအောင် တချို့က လက်ယာရံဆု၊ တချို့က လက်ဝဲရံဆု၊ တချို့က အလုပ်အကျွေးဆု ပန်ကြောင်း တပည့်တွေကလည်း ပြန်လျှောက်ထားကြတာပေါ့။ တစ်ပါးလျှောက်ထားပြီးတိုင်း "အေး ကောင်းတယ် ကောင်းတယ်၊ ကဲ အားလုံး သာဓုခေါ်ကြ"ဆိုတော့ ကျန်တဲ့ ဦးပဉ္စင်း, ကိုရင်တွေလည်း သာဓုခေါ်ကြရတယ်။

တစ်နေ့မှာ တောထွက်ကိုယ်တော်ကြီးတစ်ပါး အလှည့်ရောက်လာတယ်။ အဲ့ကိုယ်တော်က ငယ်တုန်းက အသောက်အစား အပျော်အပါးတွေ စုံအောင် လိုက်စားပြီးမှ သင်္ကန်းဝတ်လာသူ တဲ့။ ဆရာတော်က ဘာဆုပန်သလဲ မေးတော့ "တပည့်တော်ပန်တဲ့ ဆုကိုတော့ မဖြေပါရစေနဲ့ဘုရား" လို့ ငြင်းသတဲ့။
"ကိုယ်တော်ကြီး ဘာတွေများ မဟုတ်တယုတ်တွေ ဆုပန်ထားလို့ မဖြေချင်ရတာလဲ။ ကောင်းတဲ့ဆုဆိုရင် သူများတွေလည်း သာဓုခေါ်ရအောင် ဖြေမှပေါ့" လို့ ဆရာတော်က အတင်း တိုက်တွန်းတော့မှ
"တပည့်တော်က ဆရာတော်တို့လို ပါရမီတွေလည်း သိပ်ပြီး ဖြည့်နိုင်မယ်မထင်လို့ သုဒ္ဓေါဓနမင်းကြီးကို အားကျပြီး ဘုရားအဖေဆု ပန်ထားတယ်ဘုရား" လို့ လျှောက်သတဲ့။

အဲဒီနေ့ကစပြီး ညတိုင်း ပြုလုပ်နေကျ ဆုကြီးပန် သာဓုခေါ်ပွဲလည်း မလုပ်ဖြစ်တော့။ နောက်ကျ ဆရာတော်ကြီးလည်း "ငါ ဘာဆုကြီးပန်မှ မဟုတ်တော့ဘူးဟေ့၊ ခု ဘုရားသာသနာမှာပဲ မဂ်ဖိုလ်ရအောင် ကြိုးစားအားထုတ်တော့မယ်" ဆိုပြီး တောရဆောက်တည်သွားသတဲ့။

ဒီဇာတ်လမ်းကို ဘိုးဘိုးကြီး ကြားဖူးခဲ့တာတော့ကြာပြီ။ မြန်မာ့နိုင်ငံရေးမှာလည်း NUG ဟာ ဘုရားအဖေဆု ပန်ထားသလိုလုပ်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အဆင်မပြေတော့တဲ့အသံတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဆီကရော NUGကို ထောက်ပံ့ကူညီနေသူတွေဆီကပါ အခုရက်ပိုင်းမှာ ခပ်စိပ်စိပ်လေး ကြားနေရပါတယ်။


မျှော်လင့်ချက်အမှားတွေပေးခဲ့တဲ့ Fortify Rights


ဂျီနီဗာ၊အမေရိကန်နှင့်ထိုင်းနိုင်ငံတို့တွင် အခြေစိုက်ပြီး မြန်မာ့လူ့အခွင့်ရေးနှင့် ပက်သက်သည့် ကိစ္စမျေားတွင် လုပ်စားနေသည့် Fortify Rights အဖွဲ့ကို ထုံးစံအတိုင်း အဖြူကောင်တွေက တာဝန်ယူကြပါသည်။ မြန်မာနှင့် ဘင်္ဂါလီတွေကိုလည်း အဖွဲ့ထဲ ထည့်ထားပြီး သူတို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ရင် မီဒီယာတွေက ထုတ်ပြန်ချက်တွေကို အခြေခံပြီး ဖော်ပြခဲ့တာတွေက များပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ ဂျာမနီနိုင်ငံ ပြည်ထောင်စု တရားရုံးမှာ မြန်မာ
တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများဆိုပြီးတော့ Fortify Rights အဖွဲ့က ဦးဆောင်ပြီး တိုင်ချက်ဖွင့်ခဲ့ကြလေ၏။သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှာ ဂျာမနီပြည်ထောင်စု အစိုးရရှေ့နေချုပ်က Fortify Rights ရဲ့ တိုင်ကြားချက်ကို ပယ်ချလိုက်ပြီး စုံးစမ်းစစ်ဆေးမှု မလုပ်တော့တဲ့အကြောင်း Fortify Rights အဖွဲ့ထံ တရားဝင် အကြောင်းကြားခဲ့ပါ၏။
အဲဒီလိုအကြောင်းကြားခဲ့ပေမဲ့
Fortify Rights အဖွဲ့ကတော့ သူတို့အဖွဲ့ သိက္ခာကျမှာစိုးတဲ့အတွက် (၂) လနီးပါးခန့် သတင်းထိမ်ချန်မှု
ပြုခဲ့ပြီး နိုဝင်ဘာလ (၃၀) ရက်မှ သတင်းထုတ်ပြန်ခဲ့ပါလေ၏။ နိုင်ငံတကာ သတင်းတွေမှာလဲ ဒီလထဲကျမှ သတင်းတွေ ပါလာပါသည်။
အဆိုပါဖြစ်စဥ်ကို ကြည့်ခြင်းအားဖြင့်
Fortify Rights အဖွဲ့ဟာ မရိုးသားကြောင်း ပေါ်လွင်နေပါ၏။
ယခုလည်း ICC အဖွဲ့ဝင် နိုင်ငံတွေ နယူးယောက်မြို့မှာ အစည်းအဝေးလုပ်နေချိန် မြန်မာအစိုးရကို ICC မှာ အရေးယူဖို့ အဆိုပါ Fortify Rights အဖွဲ့က ဒီဇင်ဘာလ (၄) ရက်နေ့မှာ စာပို့ပြီး သတင်းထုတ် လာပြန်လေ၏။
။ အဆိုပါ သတင်းမျိုးတွေဆိုပါက ပြည်ပအခြေစိုက် မြန်မာ့မီဒီယာတွေက ဝေဝေဆာဆာ ချက်ခြင်းဖော်ပြတာ တွေ့ရမှာပါ။ ဒါပေမယ့် ဒါတွေဟာ လက်တွေ့နဲ့ အများကြီး ကင်းကွာနေတဲ့အပြင် မြန်မာလူထုကိုလည်း မျှော်လင့်ချက်အမှားကြီး ပေးရာ ရောက်ပါသည်။ သူတို့လို လူအခွင့်အရေးအဖွဲ့မျိုးကတော့ အဲဒီလို ပရောဂျက်မျိုးတွေ လုပ်နိုင်မှ ငွေအများကြီး ရတယ်ဆိုတာ နိုင်ငံရေးသမားတိုင်း သိကြပါ။။ သို့သော်လည်း နီပေါ၊နီပိန််း၊နီပိတ်၊နီကြောင်တွေနဲ့ သာမာန်မြန်မာလူထုကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ နယ်စပ်နဲ့ ပြည်ပအခြေစိုက် လုပ်စား လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့ မြန်မာလူထုကို တစ်ကယ် ကယ်တင်ချင်ရင်တော့ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပရေးကို ကူညီကြရမှာဖြစ်ပါ၏။ပြောမယ့်သာပြောရတာ ဒီအဖွဲ့မျိုးတွေက မြန်မာပြည်ကောင်းဖို့ထက် ​ပျက်ဖို့ကို စိတ်ဝင်စားတဲ့ အဖွဲ့တွေဆိုတော့ လုပ်မယ်မထင်ပါဘူး။ လုပ်စားတွေကတော့ ထပ်ပြီး လုပ်စားနေကြအုံးမှာပါပဲ။

Показано 14 последних публикаций.

12

подписчиков
Статистика канала