Фильтр публикаций








.

☯️


( တိုက်ဆိုင်တာလား ⁉️ )


Blood moon eclipse ကိုအမေရိကန်, ကနေဒါ, မက္ကဆီကိုအပါ အခြားနိုင်ငံအနည်းငယ် ထင်ထင်ရှားရှားတွေ့ရမယ်၊

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရက်(၃၀) အပစ်ရပ်ရေးကို ရုရှားကသဘောမတူရင် ဖွတ်ဖွတ်ညက်​ကြေအောင် အမေရိကန်က ဒါဏ်ခတ်မယ်လို့ ထရမ့်ကကြိမ်းတယ်၊ ရုရှားဖက်က ရာယီ အပစ်ရပ်တာမျိုး မလိုချင်ဘူးလို့ပြန်ကြားလိုက်တယ်၊

နက္ခတ်ဆရာတချို့လဲ 2024 ထဲက အမေရိကန်မှာ ပြည်တွင်းပွဲကြမ်းမှုတွေလာလိမ့်မယ်လို့ ကြိုဟောထားခဲ့တယ်၊ အမှန်တကယ်လဲ ထရမ့်တက်လာကထဲက ပွဲကြမ်းနေတာ ပြည်တွင်းရော၊ ပြည်ပမှာရောပဲ၊

အခုဟာကတော့ Blood moon eclipse နဲ့ တိုက်ရိုက်ဆိုင်နေတယ်၊ သက်ရောက်မှုကတော့ (၃) ပါတ်နဲ့ (၃) လအကြားပေါ့၊ (29.3.25) မှာနေကြပ်ဦးမယ်၊ သက်ရောက်အားက Lapping ဖြစ်နေလေတော့... အင်း....


BaMg ☯️

.




Видео недоступно для предпросмотра
Смотреть в Telegram
.

မကြာခင်ဈေးကွက်ထဲရောက်လာတော့မဲ့ လက်ကိုင်ဖုန်းတွေ၊

Apple မပြိုင်နိုင်ရင် ခံရတော့မယ်၊ အခုတောင်မှ Apple watch တွေရဲ့ ဈေးကွက်ကို Huawei ကသိမ်းနေပြီ၊

.


.

☯️

ထရမ့်ကြီး နောက်မဆုတ်တမ်းကြမ်းပြီ၊


ပြင်သစ်နဲ့ EU ကတင်သွင်းတဲ့ ဝိုင်၊ ရှန်ပိန်အပါအဝင် အရက်မှန်သမျှအပေါ် အခွန် 200% အမေရိကန်က တိုးမြှင့်လိုက်တယ်၊


.


Видео недоступно для предпросмотра
Смотреть в Telegram
.

ပူတင်နဲ့ လူကာရှန်ကို တို့တွေ့ကြပြီနော်၊

ဒီအချိန်မှာတွေ့ကြတာ အလွန်အရေးကြီးတယ်၊

.


Видео недоступно для предпросмотра
Смотреть в Telegram




.

☯️


( အမေရိကန် အကြီးစားစိန်ခေါ်မှုခံရ )


ပြင်သစ်နဲ့ အမေရိကန်ဆိုတာ အမြဲတမ်း အဖြူနဲ့အမဲပါ၊

ဆော်ဒီမှာ ယူကရိမ်းစစ်နဲ့ပါတ်သက်လို့ အမေရိကန်-ယူကရိမ်းစကားပြောနေစဉ်မှာပဲ ပြင်သစ်က EU , NATO နိုင်ငံတွေက တပ်မတော်အကြီးအကဲ (၃၀) ကျော်ကိုဖိတ်ပြီး တံးခါးပိတ်အစည်းအဝေးလုပ်လိုက်တယ်၊

ခေါင်းစဉ်က "ယူကရိမ်းစစ်ငြိမ်းချမ်းရေးနဲ့ ဥရောပလုံခြုံရေး "....

NATO ကနေအမေရိကန်နှုတ်ထွက်မယ်၊ EU နိုင်ငံတွေလဲ ကိုယ့်လုံခြုံရေးကိုယ်ယူကြတော့ ထရမ့်ရဲ့စကားကို တုန့်ပြန်လိုက်တာပါပဲ၊

EU ရဲ့လုံခြုံရေးကိုပြင်သစ်က အထူးလေကာစနစ်တည်ဆောက်ပြီး ကာကွယ်ပေးသွားနိုင်တယ်လို့ ပြင်သစ်သမတက အာမခံချက်ပေးခဲ့တယ်၊ အသေးစိပ်အချက်အလက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး၊

အမေရိကန်ကို ပြင်သစ်ကဦးဆောင်ပြီး အတိအလင်း ဆန့်ကျင်ပြလိုက်တာပဲဖြစ်ပါတယ်၊ အမေရိကန်နဲ့ အနောက်ဥရောပ အကွဲအပြဲက တိတိပပဖြစ်သွားခဲ့ပြီဆိုတာ အဲ့ဒီအစည်းအဝေးကပြသလိုက်တာပဲဖြစ်ပါတယ်၊

( နက္ခတ်တွေအတိုင်း တကယ်ဖြစ်လာတာပဲနော်... အံ့ဩစရာပါ )

(29.3.25) နောက်ပိုင်း ပိုသိသာလာပါလိမ့်မယ်၊ အမေရိကန်ပြည်တွင်းဆူပူမှုက ဒီလောက်နဲ့ကြိမ်းကျေရင် မဆိုးလှဘူး၊ ဒိထက်ဆိုးစရာတွေရှိနေသေးတယ် )


BaMg ☯️

.




.

☯️

ယူကရိမ်း အတွင်းပိုင်းမှာလဲ ဇလန်စကီးအလွန်ကာလကိုမျှော်မှန်းပြီး၊ တိုးတိုးတိတ်တိတ် စုဖွဲ့နေကြတယ်၊

အိမ်ဖြူတော်မှာ စကားပြောအဆင်မပြေခဲ့မှုနောက်ပိုင်းမှာ ဇလန်စကီးကြာကြာမခံတော့ဘူးလို့တွက်ဆပြီး၊ အတွင်းစည်းမှာ တူရာစု အဆင်သင့်ပြင်ထားနေပြီလို့ဆိုပါတယ်၊


BaMg ☯️

.




.

☯️


အီရန်ကို ထရမ့်ကလဲ နောက်ဆုံး အကြိမ်နျူကိစ္စဆွေးနွေးရေး သတိပေးသလို၊ အီရန်သမတကလဲ ဘယ်လိုရန်သူမျိုးကမှ အီရန်ကိုရှုံးနိမ့်အောင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး၊ အတွင်းမှာသာ မကွဲပြားစေဖို့ ၊ စည်းရုံးကြဖို့မှာကြားလိုက်တယ်၊


.


Видео недоступно для предпросмотра
Смотреть в Telegram
.

Kursk ဒေသ စစ်ဆင်ရေးဌာနချုပ်တခုကို ပူတင်ရောက်သွားပြီး လိုအပ်တာတွေကို ညွှန်းကြားခဲ့တယ်၊

ထူးထူးခြားခြား စစ်ဖက်ယူနီဖေါင်းကိုဝတ်ဆင်ထားတာတွေ့ရတယ်၊

.

18k 0 31 1.7k

.

☯️

" တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ရဲ့ဖိတ်ခေါ်မှုက လှည့်ကွက်တခုသာဖြစ်တယ် "

.... လို့ခေါင်းဆောင်ကြီး ခါမေနီက ပြောတယ်၊ စစ်ရေးနဲ့ရင်ဆိုင်မဲ့ဖက်ကို ခါမေနီကတော့ ပြတ်ပြတ်သားသား ရွေးခြယ်လိုက်ခဲ့ပါပြီ။


.


Видео недоступно для предпросмотра
Смотреть в Telegram
.

☯️

ကနေဒါနဲ့ အမေရိကန်အကြားကုန်သွယ်စစ်က အရှိန်မြင့်လာတယ်၊ EU လဲပါလာပြီ၊

ကနေဒါဖက်ကပြောလိုက်တာတာ -

" ဒီလိုဖြစ်အောင်လုပ်တာ ကနေဒါမဟုတ်ပါဘူး၊ အမေရိကန်ပါ၊ ဈေးနှုံးတွေမြင့်လာအောင်၊ လုပ်သားတွေ အလုပ်အာမခံချက်မရှိ စွန့်စားမှုရှိလာအောင်လုပ်တာလဲ ကနေဒါမဟုတ်ပါဘူး၊ အမေရိကန်က လုပ်ခဲ့တာပါ "

.

18k 0 22 1.5k



.

☯️


( ပွဲတွေတော့ ပိုကြမ်းလာပြီ )

အမေရိကန်ရဲ့ကုန်သွယ်ခွန်မြှင့်စစ်ကို EU ဥက္ကဌကလဲပြန်တုန့်ပြန်ပြီ၊

EU တအုပ်စုလုံးကလဲ အမေရိကန်သွင်းကုန်တွေအပေါ်အခွန်ပြန်မြှင်လိုက်တယ်၊ (2.4.25) မှာ အသက်စဝင်မယ်၊ EU ဥက္ကဌက -

" ဧပြီလ (၂) ရက်နေ့ဟာ အမေရိကန်အတွက် အရေးကြီးတဲ့ ( Big day ) ဖြစ်လာပါလိမ့်မယ်၊ ကုန်သွယ်စစ်ဟာ နှစ်ဖက်လုံးအတွက်မကောင်းပါဘူး၊ ပြည်သူတွေပဲ နစ်နာကြပါတယ်၊ အမေရိကန်အနေနဲ့ တွေ့ဆုံညှိနှိုင်းနိုင်ပါတယ်၊ တံခါးဖွင့်ထားလျှက်ပါ "

အများနဲ့တယောက် စစ်တိုက်ရတော့မဲ့ထရမ့်ဖြစ်လာပါပြီ၊ " မလွယ်ဘူး... မယ်ခူးတဲ့ဖက်စို" နော်...


BaMg ☯️

.

Показано 20 последних публикаций.