သီရိလင်္ကာနိုင်ငံ၌ စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃၉ ဦး၏ အမည်စာရင်းတင်သွင်းခဲ့ကြောင်း Thef Straits Times သတင်းဌာနက ဩဂုတ်လ ၁၅ ရက်တွင်ဖော်ပါခဲ့ပါသည်။
-
ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းရေးနှင့် ပွင့်လင်းမြင်သာစွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ အရပ်ဘက်နှင့် အစိုးရအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများရရှိမည်ဟု ယုံကြည်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အာအမ်ရတ်နာယာကီ (R . M . Ratnayake) က ပြောကြားခဲ့ပါသည်။
-
မဲပေးရန်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ၁၇ သန်းရှိပြီး ကိုယ်စားလှယ်လောင်းများက မဲဆွယ် စည်းရုံးမှုများအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိမည့် သီရိလင်္ကာ သမ္မတသစ်အနေဖြင့် စီးပွားရေးအကြပ်အတည်းများ ပြန်လည်ဦးမော့နိုင်ရေးနှင့် ၄ နှစ်တာကာလအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ် အကောင်အထည်ဖော်နိုင်ရေး တို့အား အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
NHT