Фильтр публикаций


နစကဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အဖွဲ့အစည်း (၁၂) ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်းစာထုတ်ပြန်

NOM


စစ်မြေပြင်တွင် အကြမ်းဖက်အဖွဲ့၏ စခန်းကို ရဲရဲရင့်ရင့်ချေမှုန်းတိုက်ခိုက်ခဲ့သည် ပြည်သူ့စစ်မှုထမ်းစစ်သည်တော်များအား စစ်မြေပြင်အဆင့်တိုး (Field Promotion) ချီးမြှင့်ဂုဏ်ပြု။

NOM


မတ်လ၈ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အ​မေရိကန်သမ္မတထရမ့်ကဂျာမနီတွင်ချထား​သောအ​မေရိကန်တပ်များကိုရုပ်သိမ်းပြီးအ​ရှေ့ဥ​ရောပနိုင်ငံများတွင်ချထားရန်စဥ်းစား​နေ​ကြောင်း​ကြေညာသည်။
၂။လန်ဒန်ရှိနံမည်​ကျော်ဘစ်ဘင်နာရီစင်​ပေါ်သို့လူတစ်ဦးကပါလက်စတိုင်းအလံကိုင်ပြီးတက်သွားသဖြင့်နာရီစင်နှင့်ပတ်လည်ကိုရဲကပိတ်လိုက်သည်။
၃။အ​မေရိကန်ပြည်​ထောင်စုတရားရုံးကကိုဗစ်နှင့်ဆက်စပ်​သော​နောက်ဆက်တွဲပြသနာများအတွက်တရုတ်ကအ​မေရိကန်နိုင်ငံမစ်ဆူရီပြည်နယ်ကို​လျော်​ကြေး​ဒေါ်လာ၂၄ဘီလီယံ​ပေးရန်အမိန့်ချလိုက်သည်။
၄။သူ​ဌေးကြီးအီလွန်မတ်ခ်၏အာကာသသင်္ဘောယာဥ်သည်ပစ်လွှတ်စဥ်​ပေါက်ကွဲသွားခဲ့သည်။
၅။အ​မေရိကန်သည်အ​နောက်ဥ​ရောပရှိ​ကောင်စစ်ဝန်ရုံးများကိုပိတ်မည်ဟု​ကြေညာသည်။


ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးကျေးရွာအား KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

NOM မတ်လ ၈၊ ၂၀၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံသို့ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်၌ လက်နက်ကြီးဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးကျေးရွာအား KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကအများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ကြူကြူသန်း (၄၀) နှစ်နှင့် ဒေါ်နီနီဝင်း (၄၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

News Of Myanmar NOM


သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မတ်လ ၈၊ ၂၀၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ ဦးနန္ဒာထွန်း (၄၃) နှစ်သည် မတ်လ ၇ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်မှ ဝဲခမိကျေးရွာအနီးရှိ ရာဘာခြံသို့ ထွက်လာစဉ် ရာဘာခြံအနီးအရောက်တွင် KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

News Of Myanmar NOM


သာပေါင်းမြို့နယ်၊ မရမ်းကျင်း ကျေးရွာအနီးတွင် AA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မတ်လ ၈၊ ၂၀၂၅

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မရမ်းကျင်း ကျေးရွာနေ ဦးမောင်မောင်ကြီး (၆၀) နှစ်သည် မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်၌ အဆိုပါကျေးရွာအနီးရှိ ဒေသအခေါ် ဘောမိချောင်းအရှေ့ဘက်ကမ်းရှိ သီဟိုဠ်ခြံသို့ သွားစဉ် ခြံအနီးအရောက်တွင် AA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM


ထားဝယ်မြို့နယ်၊ ညောင်ချောင်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မတ်လ ၈၊ ၂၀၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ချောင်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးစောစေးလီထူး (၃၇) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM


ပြည်ပမှ တင်သွင်းသည့် အတွက်ဘိလပ်‌မြေ
‌​စျေးနှုန်း ပြန်လည်ကျဆင်း
NOM၊မတ် ၇ ၊၂၀၂၅
ပြည်ပမှ တင်သွင်းလာသော ဘိလပ်မြေ တန်ချိန် ၃၀၀၀ ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိ‌​ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဘိလပ်မြေများ တင်ဆောင်လာသည့် ရေယာဉ်သည် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းမှ တဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်းသို့ မတ်၄ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး မတ်လ (၅)ရက်နေ့မှ စတင်၍ လည်း‌​ကောင်းဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြည်ပမှ တင်သွင်းခဲ့သည့် ဘိလပ်မြေ တန်ချိန် ၃၀၀၀ သည်လည်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ မုတ္တမဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ဇန်နဝါရီ ကဘိလပ်မြေတစ်အိတ်ကို ရန်ကုန်ဈေးကွက်အတွင်း ငွေကျပ် ၃၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့ပြီး ထိုသို့ တင်သွင်းဖြန့်ဖြူးခဲ့ခြင်းကြောင့် ယခု မတ်လအတွင်း ငွေကျပ် ၂၂,၀၀၀ ဝန်းကျင်သို့ ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။


ကျန်းမာ​သောဦး​​နှောက်နှင့်အယ်လ်ဇိုင်းမား​ရောဂါရ​သောဦး​​နှောက်နှိုင်းယှဥ်ချက်
NOM
ကျန်းမာသော ဦးနှောက် (ဘယ်ဘက်) နှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နေသော ဦးနှောက် (ညာဘက်) တို့ကို နှိုင်းယှဉ်ပြထားသည်။

အယ်လ်ဇိုင်းမားရောဂါသည် နာတာရှည် အာရုံကြောဆဲလ်များ ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး၊ စိတ်ဖောက်ပြန်မှု (ဒီမင်းရှား) ဖြစ်စဉ်များ၏ ၆၀-၇၀% အထိ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။

ညာဘက်ရှိ အယ်လ်ဇိုင်းမားဦးနှောက်တွင် ဦးနှောက်အပြင်လွှာ (cortex) ပါးလျလာခြင်း၊ ဦးနှောက်ခွဲကြောင်းများ (sulci) နက်လာခြင်းနှင့် ဦးနှောက်အတွင်းရှိ ဦးနှောက်ခန်းများ (ventricles) ကြီးထွားလာခြင်းတို့ကို သိသာစွာ မြင်တွေ့နိုင်ပါသည်။


ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ(သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံး ကျင်းပရန်စီစဉ်ထားဟု နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ ပြောကြား
NOM၊မတ်၈၊၂၀၂၅
ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ(သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပရန်စီစဉ်ထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မတ် ၇ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုတို့  ဘီလာရုစ်သမ္မတ နန်းတော်တွင်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးမှုများအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။
  “ကျွန်တော်တို့ဟာပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” ဟု နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌကပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲဝင်ရန်အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်းနှင့်  ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံ၏လေ့လာအဖွဲ့များကို လာရောက်ကြည့်ရှုနိုင်ရန် အတွက် ဖိတ်ကြားကြောင်းနိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် နယ်ပယ်ကဏ္ဍစုံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားရန်နှင့် နိုင်ငံတကာမျက်နှာစာတွင် ဘီလာရုစ်ပြည်သူများက မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း စသည်ဖြင့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌက​ပြောကြားလိုက်သည်။




Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
ကောင်းကင်ယံ ခရီသည်တင် Express ကားကို ဘယ်သူတွေပစ်ခဲ့သလဲဆိုတာ သက်သေ VDO ဖိုင်လေး လာပြတာပါ
-
တိုက်ပွဲသတင်းစုံ

Показано 12 последних публикаций.