Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၅ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက် ၇ နာရီခန့်က တိုင်း ၆ ခန်းတွဲလိုင်းခန်းအနီး ကာကင်း ၂ ခုအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲခဏတာ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်က တိုင်းဓမ္မာရုံအနီးကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် နေ့လည် ၂ နာရီခန့်က ရွှေအမ်းရိပ်သာအနီးရောက်ရှိနေသည့် သောင်းကျန်းသူများအား တပ်စစ်ကြောင်းမှ လိုက်လံရှင်းလင်းခဲ့ရာ ည ၇ နာရီခွဲအချိန်တွင် အဆိုပါနေရာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ နံနက် ၅ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညနေ ၃ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
နေ့လည် ၁၂ နာရီခန့်က နခခ(၅)ရှိ ဘန်ကာ(၃)နေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရာ ၁၀ မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၄) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၀)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၅)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး
ရခိုင်အတွက် သတင်းပေးပိုလိုပါက
👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ