People Supply Forces - PSF


Гео и язык канала: не указан, не указан
Категория: не указана


တိုင်း/မြို့နယ် များမှ PDF များနှင့် ပြည်သူ့ဘက်လက်နက်ကိုင်တပ်ဖွဲ့များအတွက် လိုအပ်သောလက်နက်၊ ဆေးဝါး၊ ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
https://www.facebook.com/peoplesupplyforces/
https://peoplesupplyforces.org/
contact@peoplesupplyforces.org

Связанные каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


သိန်း ၂၀၀ ထက်ပိုပြီး Cash နဲ့ အရောင်းအဝယ်မလုပ်ရဆိုတာ တကယ့် ငပိန်းကြေငြာချက်။

စီးပွါးရေးသမားဆိုတာဖြစ်နိုင်ရင် ဘယ်သူမှ သယ်ရခက်တဲ့ ငွေထုတ်ကြီးမကိုင်ချင်ဘူး၊ ဘဏ်သာယုံကြည်ရရင် လူတိုင်းကဘဏ်နဲ့ချည်းလုပ်တာ။

အခုက ဘဏ်ကိုမယုံရအောင် ငွေမထုတ်ပေးဘဲနဲ့ ဘဏ်ကိုသုံးပါဆိုပြီးလုပ်တာ။

အဲ့လိုလုပ်ရင် ဘာဖြစ်လာမလဲဆိုတော့ ထုံးစံအတိုင်း ဘောင်အပြင်ဖက်ထွက်သွားမှာပေါ့။ အရပ်စကားနဲ့ဆို မှောင်ခိုတွေဖြစ်ကုန်မှာ။

မနေ့ညက ရှေ့နေမိတ်ဆွေတစ်ယောက် နောက်နေတယ်။ စာချုပ်ချုပ်ရင် ပထမအရစ် ၂၀၀၊ ဒုတိယအရစ်၂၀၀ နဲ့ သိန်း ၆၀၀၀ ဆို စာချုပ် ၃၀ ချုပ်ရမယ်ဆိုပဲ။ မရအရ ဂယ်ပေါက်ရှာလုပ်ကြမှာပဲ။ ဘာလို့လဲဆို အဓိပ္ပါယ်မှမရှိတဲ့ ကန့်သတ်ချက်ကိုး။

နောက်ပြီး အဲ့ကြေငြာချက်ကြီးကိုက လွဲနေတာတဲ့ ရှေ့နေပြောတဲ့စကား၊ သူ့ရဲ့ကြေငြာချက်မှာ တည်ဆဲဥပဒေအရ အရေးယူမည်တဲ့ ပုဒ်မတွေဘာတွေမပါဘူး။
အဲ ခက်တာ အဲ့ဒါကိုအရေးယူဖို့ ဘာတည်ဆဲဥပဒေမှမရှိဘူးတဲ့။

ဒီတော့ကာ အကြမ်းဖက်သမား ထုံးစံအတိုင်း ငါမကျေနပ်ရင် ဆော်မယ်ဆိုတဲ့ အဆင့်ပဲရှိတယ်၊ ဘာမှ ဥပဒေကြောင်းအရဘာအရ နားလည်လို့ထုတ်တဲ့ ကြေငြာချက်မဟုတ်။ ဥပဒေကြောင်းအရလဲ ဘာမှ လုပ်လို့ရသေးတဲ့အရာမဟုတ်။

ဥပဒေကို လက်မှတ်ထိုးပြီး ထုတ်ချင်တိုင်းထုတ်နေတာတောင်မှ ဥပဒေအရင်မထုတ်ဘဲ ကြေငြာချက်အရင်ထုတ်ရလောက်အောင်ကို ပိန်းတာလို့ပြောရမယ်။

ဘော်ဒါတစ်ယောက်ကလဲ ထဆဲတယ်၊ ဗဟိုဘဏ်က အဲ့လိုခိုင်းတိုင်းလုပ်စရာလား၊ သူ့အဘတွေခိုင်းတာ အကုန်လုပ်ပေးတာပဲလား၊ ၁၀ လပိုင်းမှာ ဒေါ်လာထုတ်ရောင်းတာလဲ မကြုံစဖူး မတရားများနေတာကိုး။ ကျနော်ကတော့ပြောလိုက်ပါတယ် ဘဏ်ဆိုတာ ခုချိန်မှာ သေနတ်ပါမှ ထုတ်ပေးတော့တာလေလို့၊ သေနတ်မပါတဲ့သူတွေပိုက်ဆံကျ မပေးဘူး လှည့်ပတ်ကျစ်နေတာ။

အခုအဘနဲ့ အရင်အဘနဲ့ဘာကွာလဲဆို ဘာမှမကွာဘူး၊ စောက်တလွဲတွေလျှောက်လုပ်ပြီး တိုင်းပြည်ကို ချောက်ထဲကန်ချမှာချင်းတူတူပဲ။ ဒီအဘကတော့ ပိုပိန်းတော့ မြန်မြန်ရောက်မှာပေါ့လေ။

မြန်မြန်ကန်မချနိုင်လို့ကတော့ ပြည်သူတွေအားလုံး မှောင်ခိုခေတ်သို့ ပျော်ပျော်ကြီး လျှပ်စစ်ပက်ကျိစီးပြီးသွားကြပေါ့။

#crd


" ဆိုရှယ် မဟာမိတ် များအဖြစ် ကြေငြာခြင်း"

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး မျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်လာရေး အတွက် မြေပြင် သတင်း စီးဆင်းမှု၊ သတင်းအချက် အလက် စီးဆင်းမှု၊ ထောက်ပို့အား ပိုမို အားကောင်းလာစေရန် ရည်ရွယ်၍

Heroes for Myanmar(HFM), Update Information Myanmar(UIM), Rangoon Scout Network(RSN), People Supply Forces(PSF), Myanmar Secret Informations(MSI) တို့ ဆိုရှယ် မဟာမိတ်များ အဖြစ် ယနေ့ (၂.၁၁.၂၀၂၁) မှစတင်၍ ပူးပေါင်းကြောင်း ကြေငြာအပ်ပါသည်။

📍 Heroes for Myanmar (HFM)
Facebook
https://www.facebook.com/BingoHeroesforMyanmar/

Telegram
https://t.me/hfmm0

📍 Update Information Myanmar(UIM)
Telegram
https://t.me/UpdateInformationMyanmarUIM

📍 Rangoon Scout Network (RSN)
Telegram
မြေပြင်သတင်းကြည့်ရန်
https://t.me/RSN22222

မြေပြင်သတင်းပေးရန်
https://t.me/inform_RSN

📍 People Supply Forces (PSF)
Facebook https://www.facebook.com/peoplesupplyforces/

Telegram https://t.me/PeopleSupplyForces

📍 Myanmar Secret Informations (MSI)
Facebook
https://www.facebook.com/MSI-111970331262627

Telegram
https://t.me/msi22222




ကျွန်​​တော်တို့ ငြိမ်​နေတာ မဟုတ်ပါဘူး ခင်ဗျာ။

အ​ခြေအ​နေ​တွေက အားလုံးသိတဲ့အတိုင်း ​​​ရှောင်တိမ်း​နေကြတာနဲ့၊ ​ရှေ့တန်း ​ရောက်​နေကြတာနဲ့မို့လို့ လက်ခံ​မှတ်တမ်းတွေ ပြန်ရတာ ကြာ​နေလို့ပါ။
ကျွန်​တော်တို့ကို ယုံကြည်ပီး အတူတူ တွဲဘက် ​ထောက်ပံ့​ပေး​တာ​တွေကိုလည်း ​ကျေးဇူးအရမ်းတင်ပီး လက်လှမ်းမှီတဲ့ လိုအပ်​​နေတဲ့​နေရာ​တွေအတွက်ကိုလည်း ​သေချာကူညီ​ပေးသွားပါ့မယ် ခင်ဗျာ ❤️❤️

#အ​​ရေး​တော်ပုံ ​အောင်ကို ​အောင်ရမည်
#ငါတို့ . . နိုင်ကို နိုင်ရမည်


အွန်းပါ 😁😁

#Photo Crd


တစ်ချို့အိမ်တွေ မီးဖြတ်ခံရမှာကြောက်တယ်၊
တစ်ချို့အိမ်တွေ မီးလောင်ပြာကျတယ်။

ပြာပုံက​နေ အတူတူ ပြန်ထကြတာ​ပေါ့ကွာ . 😢😭


စစ်ကိုင်းတိုင်း အနှံ့ ကွန်မန်ဒိုတွေချထားလိုက်ပြီတဲ့"

"ဒါဆိုသေပြီပေါ့"

"သာမာန်တပ်သားနဲ့ ကွန်မန်ဒိုကဘာကွာလဲ?

"ဘာမှမကွာဘူး"

"လူရွေးမှာ သာမာန်တပ်သားက ဒိုက်၁၀ခါထိုးနိုင်ရင်
သူတို့က ၁၁ခါထိုးနိုင်တဲ့ကောင်တွေပဲ။

ပြီးတော့သူတို့က နည်းနည်းဉာဏ်ပိုကောင်းတယ်။
၃အလီ ထိ ရတယ် "🙃

#Hello_Myanmar


စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း !
သက်ဆိုင်ရာ စစ်ဘက် အရပ်ဘက် ဌာနများ၊
နစက ကောင်စီ ဥက္ကဌ ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်နဲ့
သက်ဆိုင်ရာ ဝန်ကြီးများ၊
လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဒေါ်သက်သက်ခိုင်နဲ့ သက်ဆိုင်ရာ လူကြီးမင်းများခင်မျာ... 😁

ကျွန်တော်တို့ ကောလင်း PDF အပေါ် စစ်ရေး၊ အုပ်ချုပ်ရေး၊ ဖိနှိပ်ချုပ်ချယ်ရေး၊ ရွာမြေမီးရှို့ဖျက်စီးရေးတွေ လုပ်နေတာ ကျွန်တော်တို့ အနေနဲ့ ထွေထွေထူးထူး မပြောလိုပါဘူး။

ဒါပေမယ့် တစ်ခုပဲ တောင်းဆိုချင်ပါတယ်။

ဗိုလ်ချုပ်ကြီးတို့ဘက်က လာတဲ့ စစ်သားတွေရဲ့ အလောင်းတွေကို တော့ ကျေးဇူးပြု၍ နိုင်အောင်ပြန်ကောက်ယူပေးပါ။

ကျွန်တော်တို့မှာ သူတို့ကိုမီးရှို့ပေးဖို့အထိ အချိန်ပေးနိုင်ဖို့ အလုပ်မအားကြတာမို့ပါ။

ပုပ်ပွလာမှ ဒေသခံပြည်သူ အနံ့မခံနိုင်လို့ လုပ်ပေးရတာမျိုးတွေရှိနေပါတယ်။

ဒါကြောင့် ဒီကိစ္စလေးကိုတော့ ကူညီပေးပါ... 😏

မိမိ ပြည်သူ မိမိစစ်သား အတွက် သဂြိလ်မယ့်နေရာလေးလောက်တော့ ပြန်လည်နေရာချထားပေးရေး လုပ်ပေးကြပါ။

ကိုယ့်တာဝန်လေး ကိုယ်ကြေပေးကြပါခင်မျာ။

မေတ္တာရပ်ခံတောင်းပန်ခြင်းပါ... 🙏


#crd ​


Видео недоступно для предпросмотра
Смотреть в Telegram
ပေးဆပ်မှု ကြီးမားမှန်း သိရက်နဲ့
မိမိတို့ပြည်သူလူထု၏ အသက်အိုးအိိမ်ကာကွယ်ဖို့အတွက် တိုက်ပွဲတွေကို
ကျွန်တော်တို့ ဆင်နွဲခဲ့တယ်။

ဒီလိုနဲ့ တိုက်ပွဲမသွားခင်မှာ
အထက်လူကြီးက " စိတ်ချမယ်နော် "လို့ ပြောတော့ ပြုံးပြီး ခေါင်းငြိမ့်ပြတဲ့ရဲဘော်တွေလည်း ကျသွားတယ်။

လယ်လုပ်ရင်း ရလာတဲ့ ချွေးနှဲလုပ်ခတွေကိုစုပြီး တည်ဆောက်ထားတဲ့ ကျွန်တော်တို့ လူထုတွေရဲ့ အိမ်တွေဟာလည်း ပျက်စီးသွားတယ်။

ကျွန်တော်တို့ ရဲဘော်တစ်ဦး ဆုံးရှုံးတိုင်း၊ ကျွန်တော်တို့ လူထု အိမ်တွေ ပျက်စီးတိုင်း နာကြပါ။

ကျသွားတဲ့ ရဲဘော်တွေဟာ ကျွန်တော်တို့ ညီအစ်ကိုတွေပါ။

ပျက်စီးသွားတဲ့ အိမ်တွေဟာ ကျွန်တော်တို့ မိဘရဲ့ အိမ်တွေပါ။

စစ်ရှောင်နေရတဲ့ ကျွန်တော်တို့ မိဘညီအစ်ကိုမောင်နှမတွေကို ကူညီပါ။
တော်လှန်ရေးမှာ မိမိအသက်ကို့ စွန့်ပြီ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကူညီပါ။

( ဤမှတ်တမ်းတွင် တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ KNDF အမှတ် (၁) တပ်ရင်း (ဒီမောဆို) က ရဲဘော်တွေရဲ့ လှုပ်ရှားမှုများကို မှတ်တမ်းတင်ခြင်းဖြစ်သည်။)

KNDF - B01
26.10.2021

https://www.facebook.com/100064172256836/posts/246451797503894/


ဖြစ်လာတဲ့အခါ ခံနိုင်ရည်ရှိဖို့ စိတ်ကိုပိုင်းဖြတ်ထားပါ။ တိုင်းပြည်မငြိမ်းချမ်းသေးဘူးဆိုတာ ရင်ထဲမှာသတိချပ်ထားပါ။ သတိပေးချက်တွေကို သေချာလိုက်နာသတိကပ်ပါ။ နမော်နမဲ့မဆန်ပါနဲ့ ဝေးဝေးရှောင်သင့်တာ‌ရှောင်ပါ။ သတိတစ်ချက်လွတ်လိုက်တာနဲ့ Collateral Damage ထဲ ကိုယ်ပါရောပါသွားနိုင်ပါတယ်။

[ PDFသည် ပြည်သူကိုအန္တရာယ်ဘယ်တော့မှပေးမှာမဟုတ်ပါ။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်ကို ကယ်တင်နေတာမဟုတ်ပဲ တိုင်းပြည်တစ်ခုလုံးကို ကယ်တင်နေတာဖြစ်လို့ ဖြစ်ပေါ်လာမယ့် Collateral Damage ထဲမှာ အချိန်မရွေးကိုယ်ပါသွားနိုင်ပါတယ်။ ]

ဒီအပေါ်ကကိစ္စတွေဟာ များမကြာခင် အနှေးနဲ့အမြန်ဖြစ်ပေါ်လာနိုင်ချေများပါတယ်။ စကစဘက်က ဖောက်ခွဲပစ်ခတ်မှု‌တွေပြုလုပ်ပြီး PDF တွေကိုချောက်ချနိုင်တာကိုလည်း တစ်ဖက်မှာ သတိချပ်ပါ။

"သတိပေးချက်များကို လိုက်နာပါ"

#ကမာရွတ် #KMY_INFO
#YGN_INFO_Alliance


"ပြည်သူများကြိုတင်သိရှိထားရမည့် Collateral Damage (သို့) စစ်ဆင်ရေးပြင်ပမှ မရည်ရွယ်ထားသော ထိခိုက်ဆုံးရှုံးမှုများ"
___________________________________

ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးကြီးစတင်ခဲ့တာ အခုဆို ၉ လတင်းတင်းပြည့်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဆိုင်းဘုတ်ကိုယ်စီကိုင် ငြိမ်းချမ်းစွာဆန္ဒ‌ဖော်ထုတ်ခဲ့ရာမှအကြမ်းဖက်စစ်ကောင်စီတပ်များရဲ့ မတရားပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် တော်လှန်ရေးရဲ့ နောက်ဆုံး‌ရွေးချယ်စရာဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာမှာ ယခုဆိုရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးများမှာတောင် ပြောက်ကြားတိုက်ပွဲတွေကိုတောင် ဆင်နွှဲနိုင်‌တဲ့အထိအားကောင်းလာကြပါပြီ။ တော်လှန်ရေးအားကောင်းလာတဲ့အတူ ပြည်သူတွေဘက်ကလည်း ဒီလက်နက်ကိုင်တော်လှန်ရေးကနေဖြစ်ပေါ်လာမယ့် Collateral Damage ဆိုတာကို နားလည်သတိပြုလက်ခံဖို့လိုလာပါပြီ။

💥Collateral Damage ဆိုတာဘာလဲ💥
----------------------------------------------------------
Collateral Damage ဆိုတာဟာ တိုက်ပွဲတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြည်သူတွေထိခိုက်မှု၊ အသက်ဆုံးရှုံးမှုနဲ့ ပြည်သူပိုင်ပစ္စည်းတွေထိခိုက်မှု အစရှိတဲ့ တိုက်ပွဲဖော်ဆောင်တဲ့အခါ တွက်ချက်မှုသတိပြုမှုတွေကြားက မရည်ရွယ်ထားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။

အခုလက်ရှိအနေအထားအထိ PDF တွေဘက်က Collateral Damage ဖြစ်နိုင်တဲ့အခြေအနေတွေကို လက်ရှောင်ကြပါတယ်။ ဒါပေမယ့် ပြည်သူထိခိုက်မှာစိုးတာကြောင့်ဆိုပြီး ‌တောက်လျှောက်လက်ရှောင်နေလို့ရမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဟာ PDF တွေရဲ့ ဒီဟာကွက်တွေကိုသိလို့ စစ်ကြောင်းချီတဲ့အခါ ဘုရားဖူးကားတွေကို အကာအကွယ်ယူချီတက်တာမျိုးတွေ ဘုရားဖူး၊ ပရဟိတအသွင်ပြောင်းပြီး အောက်တန်း ကျတဲ့ဗျူဟာတွေကို တောက်လျှောက်သုံးလာပြီး PDF စခန်းတွေဝင်စီးခံရတာ ကိုယ့်လူငယ်တွေ သတ်ဖြတ်ခံရတာ ပြည်သူအားလုံးအမြင်ပါပဲ။ မြို့ပေါ်တွေမှာဆိုရင်လည်း ပြည်သူတွေထိခိုက်မှာစိုးလို့ ပိုင်ရဲ့သားနဲ့မလုပ်လိုက်ပဲ လက်ရှောင်လိုက်ရတဲ့ စစ်ဆင်ရေးတွေအများကြီးရှိပါတယ်။

🔸လောလောလတ်လတ်ပြောရရင်တော့ လှိုင်သာယာမှာ အမှိုက်ကောက်သမားကြောင့် စတင်ခဲ့တဲ့ စစ်ဆင်ရေးအနှောင့်အယှက်နဲ့ လမ်းပိတ်လိုက်တာတောင် နေရာကနေမရှောင်ကြပဲ စပ်စုနေတဲ့သူအချို့ကြောင့် ‌မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးက သာဓကပြနေပါတယ်။🔸

[ သတိချပ်ပါ မစ်ရှင်တိုင်း အော်ပရေးရှင်းတိုင်းမှာ စစ်သုံးစရိတ်ဆိုတာရှိပါတယ်။ ထောင်ဂဏန်းသောင်းဂဏန်းမဟုတ်ပါဘူး။ သိန်းကို ဆယ်ဂဏန်းကစပါတယ်။ အသက်တွေပါအပိုလောင်းကြေးထပ်ထားရပါတယ်။ ]

❗အခုထက်ထိပြည်သူတွေရဲ့စိတ်ထဲမှာရှိနေတာက PDF က ပြည်သူတွေကို ဘယ်တော့မှထိခိုက်အောင်မလုပ်ဘူးဆိုတဲ့ ခံယူချက်ပါ❗

ဒါဟာယေဘုယျအားဖြင့် မှန်ကန်ပါတယ်။ ပြည်သူထိခိုက်ပြီး အကျိုးမရှိတဲ့ စစ်ဆင်ရေးကို PDF တွေလက်ရှောင်ပါတယ်။ ဒါပေမယ့် ဒီခံယူချက်ကြောင့် ပြည်သူတွေဘက်က အသွားအလာရဲတင်းလာတဲ့အချိန်မှာ စစ်ဆင်ရေးတွေကို စတင်ပြီးထိခိုက်လာတာပါ။ တစ်ဖက်မှာလည်း လက်နက်ကိုင်တော်လှန်ရေးအား‌ကောင်းလာတာနဲ့အမျှ ပြည်သူတွေကို သတိချပ်စေချင်တာက PDF တွေသည် တိုင်းပြည်လွတ်မြောက်ရေးအတွက် လုပ်ကိုင်နေကြတာပါ။ အခုထိအတတ်နိုင်ဆုံးလက်ရှောင်နေ‌ပေမယ့် အခြေအနေတစ်ခုရောက်ရင်တော့ လက်ရှောင်ဖို့ခက်ခဲလာပါလိမ့်မယ်။ ပြည်သူတွေရဲ့ နမော်နမဲ့နိုင်မှုများလေလေ အခုပြောနေတဲ့ Collateral Damage ဆိုတာကြီးက အနှေးနဲ့အမြန်ကိုဖြစ်လာပါလိမ့်မယ်။

❓Collateral Damage ကိုဘယ်လိုလျှော့ချမလဲ❓

PDF တွေဘက်က ပြောစရာမလိုအောင်ကို လျှော့ချထားပြီးသားပါ။ ဒီထက်ပိုပြီး လျော့ကျစေချင်ရင် ပြည်သူတွေဘက်က ဆောင်ရန်ရှောင်ရန်တွေကိုလိုက်နာရမှာပါ။ အခုနောက်ပိုင်းမှာလည်း PDF တွေဘက်က တောက်လျှောက် ပြည်သူတွေဂရုပြုဖို့ မလိုအပ်ပဲအပြင်မထွက်ဖို့ စကစနဲ့ပတ်သက်သမျှအရာတွေလူတွေအနားနဲ့ စစ်ကား၊ရဲကားတွေနားကနေ ဝေးဝေးနေကြဖို့ သွားလာခြင်း၊ ကပ်မောင်းခြင်းများမလုပ်ဖို့ သတိပေးစာတွေထုတ်နေပါပြီ။ ဒါကြောင့် ပြည်သူတွေဘက်က သူတို့ထုတ်ပြန်တဲ့အတိုင်းကို လိုက်နာကြပါ။ အကြောင်းတစ်ခုခုဆို အနားသွားမစပ်စုပါနဲ့။ အရင်ကစပ်စုလို့ရခဲ့လား? ဘာလို့အခုကျ လူတွေကို စကစတွေက သူတို့နားအကပ်ခံ‌စပ်စုခံနေတာလဲ? ဘာလို့အခင်းတစ်ခုခုဖြစ်ရင် လမ်း‌‌တွေကို‌တော်ရုံမပိတ်ချတော့တာလဲ? ရှင်းပါတယ်။ ပြည်သူတွေကို သွယ်ဝိုက်သောနည်းနဲ့ လူသားဒိုင်းလုပ်နေတာပါ။ ဒါကြောင့် အဲ့နေရာကနေ ဝေးဝေးရှောင်သွားပါ။

ဒီထက်ပိုပြီး ဘာတွေထပ်ကြိုတင်ပြင်ဆင်ထားရမလဲ❓

ဘုရားဖူး၊ ခရီးလုံးဝလုံးဝသွားဖို့ စိတ်မကူးပါနဲ့။ အိမ်ကဘုရားလည်း ဘုရားပါ။ ဂုဏ်တော်ကိုကိုးကွယ်ပါ။ ရုပ်ထုကိုမကိုးကွယ်ပါနဲ့။ မဖြစ်မနေသွားရမယ်ဆိုရင် ကန့်သတ်နယ်မြေတွေ၊ တိုက်ပွဲဖြစ်ပေါ်နိုင်တဲ့‌နယ်မြေတွေမှာ အလံဖြူကို မြင့်မြင့်ထောင်ပြီး သွားပါရန် အသိပေးအပ်ပါတယ်။ ပြီးတော့ ခုနပြောခဲ့သလို မလိုအပ်ပဲအပြင်မထွက်ပါနဲ့။ ဒါပေမယ့် လူတွေအားလုံးမှာ လူမှုရေး၊ ဝမ်းရေးစတဲ့အကြောင်းကိစ္စအမျိုးမျိုးနဲ့ မထွက်ချင်ဘဲထွက်ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အကြောင်းအမျိုးမျိုးကြောင့်ထွက်ကိုထွက်ရပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် Collateral Damage


Видео недоступно для предпросмотра
Смотреть в Telegram
စူပါဆန်း​ဒေးမှာ ဖရုတို့ သီချင်း​ကောင်း​လေး နား​ထောင်ရ​အောင်ပါ :3

သူပြန်လာမယ်လို့ .
နင်ထင်​နေတာလား ....... :3
ဝွန်း 😁😁😁

#crd


အဲ့ M 16 ရဲ့တန်ဖိုးက ရန်ကုန်ထိရောက်ဖို့ဆို ပစ္စည်းဖိုးအပါ အနည်းဆုံး သိန်းတစ်ရာဝန်းကျင်ရှိတယ် ။
ဒါတောင် ကျည်ဖိုးမပါသေး
နောက်ပြီးတော့ ကား
သေချာတာကတော့ စောက်ပိန်းlogicအရ အဲ့လိုကားအမျိုးအစားကိုပဲ ဖိရှာဦးမှာမို့ လုံးဝအပျောက်မဟုတ်ရင်တောင် ခဏတော့မသုံးပဲထားရတော့မယ်ဆိုတော့ နောက်တစ်စီးလဲရှိဦးမှရမှာ
ဆိုတော့ mission တွေဖြစ်ဖို့ ဘယ်လောက်ကုန်မယ်ဆိုတဲ့ အကြမ်းဖျင်းလေးပါ ။
ဘယ်နှစ်မိနစ်စာလေးမှမရှိတာတောင် ဒီလောက်ပျော်ကြတယ်မလား
အခုမျက်မြင်ကိုယ်တွေ့ ဆိုတော့ များများပျော်ချင်ရင် များများလှူပါလို့ပဲ တိုက်တွန်းပါတယ် ။

#crd


က​လေး​တွေ​နော် ..
မလုပ်ရင်လည်း မလုပ်ဘူး. လုပ်ရင်လည်း ဥပါကွဲတယ် :3

စစ်​ခွေး​တွေရဲ့ အစီရင်ခံစာပါတဲ့. ဟီ ဟီ 😁😁


People Supply Forces - PSF ရဲ့ ပါဝင်အားဖြည့်ကူညီမှုနဲ့ အတူ လိုအပ်တဲ့ နေရာလေးတစ်ခုကတော့ လိုတာလေး ရသွားခဲ့ပါပီ။

အာဏာရူး စစ်ခွေး တွေ အောက်က လွတ်မြောက်ဖို့ လိုအပ်နေတဲ့ နေရာတွေ များနေသေးတာမို့ ဝိုင်းကူကြရအောင်ဗျာ။

People Supply Forces - PSF နှင့် အတူတူ ‌တွဲဘက်၍ PDF ရဲဘော်များသို့ ထောက်ပံ့ချင်ပါက အောက်ပါ လိပ်စာများမှတဆင့် ဆက်သွယ်ထောက်ပံ့လှုဒါန်းနိုင်ပါသည်။

Telegram - https://t.me/PeopleSupplyForces
Telegram Private Message - @Contact_PSF
Email –contact@peoplesupplyforces.org
Website - https://peoplesupplyforces.org/
ပြည်သူ့ထောက်ပံ့ရေးတပ်
People Supply Forces - PSF


Mandalay Special Task Force(MSTF)
တပ်စုမှုး သခင်BB (ခ) ကိုညီညီဖြိုး 2021.10.16 ရက်နေ့တွင် ပြည်သူ့တာဝန်ထမ်းဆောင်ရင်း ကျဆုံး။
ပြည်သူ့တာဝန်ကိုထမ်းဆောင်ရင်း ကျဆုံးသွားသော တပ်စုမှူးအား ကျန်တော်တို့ MSTF အဖွဲ့သားများနှင့် ပြည်သူများမှ အစဥ်ထာဝရ အလေးပြု အမှတ်ရနေမှာပါ။

ကောင်းရာမွန်ဘဝမှာအနားယူပါ မင်းပြောတဲ့ R2P လာနေပြီဆိုတဲ့အသံလေးကို တစ်ဖွဲ့လုံးကြားယောင်နေပါတယ်ကွာ အခုလိုတာဝန်ကျေပွန်တဲ့အထိ ထမ်းဆောင်ပေးသွားတဲ့ မင်းရဲ့ပေးဆပ်မှုက အလကားမဖြစ်စေရဘူးလို့ ငါတို့တွေကတိပေးပါတယ်။

သခင်စောကျော်
Mandalay Special Task Force မန္တလေးတိုင်းအထူးပျောက်ကြားတပ်ဖွဲ့

https://www.facebook.com/111668064475136/posts/181091317532810/


သီတင်းကျွတ် လပြည့်​နေ့​လေး က​လေး​တွေကို မုန့်ဖိုးမ​ပေးချင်ကြဘူးလားဟင် 🥺.
PSF ရဲ့ အက်မင်တချို့လဲ ​ပြေးရင်းပုန်းရင်းနဲ့မို့ တတ်နိုင်သ​ရွေ့​လေး ကူ​ပေးကြဗျာ 🥺
..

သီတင်းကျွတ်လပြည့်နေ့
တောထဲက ကျွန်တော်တို့ရဲ့
ရဲဘော်တွေဟာ
ဘုရားလဲ သွားမဖူးရသလို
နေကြာလဲ ဝတ်ပီး Facebook ပေါ်တင်ခွင့်မရပါဖူး
ငွေဆောင်တို့ ချောင်းသာတို့လဲ မသွားရပါဖူး
မိဘဆွေမျိုး၊ဆရာသမားလူကြီးတွေကိုကန်တော့လို့မရပါဖူး
ဘာလုပ်နေလဲဆိုရင်တော့
တစ်ချို့ကလေ့ကျင့်ရေးဆင်းကြတယ်
တစ်ချို့က ကင်းစောင့်ရတယ်
တစ်ချို့ကတောထဲ ဟင်းစားရှာထွက်ရတယ်
တစ်ချို့ကအိုးအပေါက်ကိုအိုးဖာတိပ်မရှိလို့
ကော်ဖီမစ်အိပ်ခွံလေးတွေ နဲ့ဖာနေရတာပါ

နဲနဲလေးရင်နာလာလို့ပြောပြတာပါ။
ဆဲချင်လဲဆဲသွားကြပါ။

https://www.facebook.com/108453384819097/posts/167093988955036/


ဘာ!!!! သီတင်းကျွတ်မှာ ဗျောက်မဖောက်ရဘူး ဟုတ်လား . .
ဒါဆို ဒီတိုင်းကိုင်ထားရမှာလား😒 .

Happy Thadingyut 🙏🙏🙏

#Crd photo & Caption


သီတင်းကျွတ် အမှတ်တရ ချိဖတို့က ကြာဇံ​ကြော်စားကြတယ်တဲ့ . .

Supporter တို့လည်း အိမ်မှာ အ​မေချက်​ထားတဲ့ စား​ကောင်းတာ​လေး စားရင်း၊ ​တော်လှန်​ရေးရဲ​​ဘော်​တွေကို ကူညီ​ထောက်ပံ့​ရင်း မဂ်လာရှိတဲ့ သီတင်းကျွတ်​နေ့​ရက်တွေကို ​​မဂ်လာရှိရှိ ကျော်ဖြတ်နိုင်ပါ​စေ ❤️❤️❤️



Показано 20 последних публикаций.

807

подписчиков
Статистика канала