ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ကြာချိန်မြင့်လာပြီး ရေပြတ်တောက်မှုများပါ ကြုံနေ
ရန်ကုန်မြို့တွင် နိုဝင်ဘာလကစ၍ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာကြုံတွေ့နေရသည့်အပြင် ဂျိုးဖြူရေမှ သုံးရေပြတ်တောက်ခြင်းမျိုးပါ ကြုံနေရကြောင်း မြို့ခံများက ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ယခင်က ပုံမှန်မီးပေးသည့်အချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေပြီး ဂျိုးဖြူရေမလာသောကြောင့်လည်း တိုက်ခန်းနေသူများစုပြီး ရေဝယ်သုံးနေရသည်ဟု သိရသည်။
ထို့ပြင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စမ်းချောင်းမြို့ နယ်တွင်လည်း ရေစက်မော်တာအငှားတင်စနစ်ဖြင့် ရေလိုက်တင်ပေးနေရသည့် လုပ်ငန်းများလည်း ရှိလာနေသည်။
"ရုံးကိုဖုန်းဆက်မေးရင် ဝန်အားလျှော့လို့ ဆိုပြီးပြောတယ်။ နောက်ထပ်ပြန်ရမယ့် အချိန်ကျလည်း မလာဘူး။ ရေလာပြန်တော့ မီးမလာလို့ မတင်ရနဲ့” ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ရန်ကုန်တွင်-လျှပ်စစ်မီး/