မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများစာအုပ် ရေးသားခဲ့သူ ဆရာမကြီးဒေါ်မာလေး ကွယ်လွန်
“မြန်မာ့ဆွေမျိုးစပ်ဝေါဟာရများ” စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေးသည် ယမန်နေ့ ဒီဇင်ဘာ (၃၁) ရက် ၊ညနေပိုင်းက ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက်(၉၁) နှစ်ရှိပြီဖြစ်ကာ ဆရာမကြီး ဒေါ်မာလေးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခလည်း ဖြစ်ခဲ့သည်။
ဆရာမကြီး ဒေါ်မာလေးသည် တီတီစီ ဝေဦး၊ ယုဝတီ က လောင်ရှင် ဝင့်မာ၊ တက္ကသိုလ်ဝင့်မာ စသည့် အမည်တို့ဖြင့် စာပေများရေးသားခဲ့ပြီး မာလေးအမည်ဖြင့် မြန်မာလူမျိုးတို့ တစ်ဦးနှင့်တစ်ဦး အမိ၊ အဘ၊ ညီအစ်ကို မောင်နှမမှအစ လက်ထပ်ထိမ်းမြား၍ နှစ်ဖက်တော်စပ်သူများထိ သုံးနှုန်းသည့် ဝေါဟာရများကို ပုဂံခေတ်မှတိုင် ယနေ့ခေတ်အထိ ဆင်းသက်လာပုံ ရှင်းလင်းဖော်ပြသော “မြန်မာ့ဆွေမျိုးစပ်ဝေါဟာရ” များ စာအုပ်ကို ပြုစုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မြန်မာ့ဆွေမျိုးစပ်-ဝေါဟ/