'ရန်ကုန်တွင် ကော်ရှူသည့်ကလေးများ WY သုံးလာသည်အထိ မူးယစ်ဆေးပျံ့နှံ့နေ'
ရန်ကုန်မြို့မှာ အိမ်ခြေမဲ့ ကော်ရှူနေတဲ့ ကလေးတချို့ပါ WY စိတ်ကြွမူးယစ်ဆေး သုံးလာတဲ့အထိ ဆေးပြားပျံ့နှံ့မှုတွေ များလာနေတယ်လို့ ကိုယ်တိုင်တွေ့မြင်သူတွေက ပြောပါတယ်။
ကလေးတချို့မှာ မူးယစ်စေဖို့အတွက် ကုန်ကျစရိတ်နည်းတဲ့ ကော်ရှူတာကို စွဲလမ်းအသုံးပြုရာကနေ မူးယစ်ဆေး အလွယ်ရလာတာကြောင့် WY ပြောင်းသုံးတာတွေ ရှိနေတာလို့ ဆိုပါတယ်။
ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ရန်ကုန်မြို့ခံတယောက်က “ဗဟန်းထဲမှာ ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကော်ရှူတဲ့ ကလေးတွေ WY သုံးတာ ကိုယ်တိုင်တွေ့ရတာ။ အခါတိုင်း ကော်ဘူးကိုင်ကိုင်ရှူနေတဲ့ ကလေးတွေ။ သူတို့ ဘယ်လို ဝယ်သုံးလဲတော့ မသိဘူး။ WY ဆေးပြားက ဈေးပေါပေါနဲ့ ပြန့်နေတယ်ဆိုတာတော့ ကြားတယ်”လို့ ပြောပါတယ်။
ရန်ကုန်မှာ WY ဆေးပြားအနေနဲ့ တပြားကို ကျပ် ၂၀၀၀ လောက်နဲ့ အလွယ်တကူဝယ်လို့ ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်း ရန်ကုန်မြို့ခံက ပြောပါတယ်။... – DVB
11 Nov 2024
#rangoonscoutnetwork