မြန်မာ့တပ်မတော် မျိုးဆက်တွေရဲ့
စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက်
+++++++++++++++
ဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာအပေါ်မှာကျင့်ဝတ်၊ စံတန်ဖိုး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ soft power၊ social norms တွေကိုင်တွယ်ဖို့ကျွန်တော်အမြဲပြောခဲ့ပါတယ်။ မြန်မာတပ်ဘာလို့အားနည်းနေသလဲဆိုတဲ့အချက်ကိုအများကြီးရေးခဲ့ပြီးပြီ။ အဓိကကျတာတွေအခုထိမဖြည့်နိုင်သေးလို့ ထပ်ရေးရဦးမယ်။
____
စစ်တိုက်တယ်ဆိုတာအတူတူတိုက်ပွဲဝင်ကြတဲ့အိုးစားဖက်တွေစုပြီး မိမိအသက်၊အခြားသူတွေအသက်ကိုလောင်းကြေးထပ်ရတာဖြစ်ပါတယ်။
လူတစ်ယောက်ဟာအဖိုးတန်လှတဲ့မိမိရဲ့အသက်ကိုနှမြောတသမှုကင်းမဲ့စွာစွန့်လွှတ်ပြီး နိုင်ငံတော်၊ တပ်မတော်၊ အကြီးအကဲ၊ ရဲဘော်အချင်းချင်းအတွက် ပေးဆပ်ဖို့ဆိုတာလွယ်ပါ့မလား။
မလွယ်ပါဘူး။
မလွယ်တဲ့မိမိရဲ့အသက်ပေးချင်စိတ်ဖြစ်လာအောင်တပ်မှူးဟာ မိမိနဲ့မိမိတပ်ရဲ့စိတ်ဓာတ်ကိုပြုစုမွေးမြူပေးရတယ်။
____
" မြန်မာတပ်မတော်ဟာအဲ့ဒီစိတ်ဓာတ်မွေးမြူရေးဆိုတဲ့ စိတ်ပညာသဘော၊ ဒဿနိကပညာသဘောကိုဘယ်တုန်းကမှမကိုင်တွယ်ခဲ့ဘူး "
မြန်မာတပ်မတော်ကိုမျိုးဆက်အရပိုင်းခြားရင် ၃ ဆက်ပိုင်းလို့ရတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်ခဲ့တဲ့ပထမမျိုးဆက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ဒုတိယမျိုးဆက်၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တတိယမျိုးဆက်။
ပထမမျိုးဆက်ဟာနယ်ချဲ့လက်အောက်မှာခါးသီးမှုတွေခံစားခဲ့ရပြီးလွတ်လပ်ရေးရဲ့တန်ဖိုး၊ ကျွန်ဘဝရဲ့နိမ့်ကျမှုကိုလက်တွေ့သိမြင်ခဲ့တယ်၊ ရဲဘော်သုံးကျိတ်ဝင်တွေကိုယ်တိုင်ခေါင်းဆောင်ခဲ့တဲ့ဒေါင်ဒေါင်မြည်စစ်သားတွေဖြစ်လို့ စိတ်ဓာတ်အနေနဲ့သီးသန့်မွေးမြူပေးဖို့မလိုဘူး။ အစ္စရေးက မိုရှေဒါယန်တို့လိုစစ်မှော်အောင်သူတောင်မြေပုံစီးချင်းထိုးရာမှာအရှုံးပေးရတဲ့ ဗိုလ်ချုပ်ကြီးထွန်းရီတို့လို ထိတ်ထိတ်ကြဲနာမည်ကျော်တပ်မှူးကြီးတွေဦးဆောင်ခဲ့တယ်။
ဒုတိယမျိုးဆက်ဟာ အဲ့ဒီပထမမျိုးဆက်တပ်မှူးကြီးတွေဆီကပညာရခဲ့တဲ့မျိုးဆက်ဖြစ်တယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိကြားကာလမှာလည်းမှတ်ကျောက်တင်စရာ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေမရှိခဲ့ဘူး။
အတိတ်ကိုပြန်လှန်ကြည့်ရင်မြန်မာပြည်သူတွေတပ်ကိုမုန်းတီးတာ ဒုတိယမျိုးဆက်ရဲ့ ၁၉၈၈ နောက်ပိုင်းမှများလာတာပါ။
အထက်ကမျိုးဆက်နှစ်ဆက်မှာ နိုင်ငံရေးစနစ်အရ၊ အုပ်ချုပ်မှုအရ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးတိုက်စားနိုင်တဲ့လှုံ့ဆော်မှုမရှိခဲ့ဘူး။ မလှုံ့ဆော်ရဲခဲ့ဘူး။ လှုံ့ဆော်ရေးသတင်းဖြန့်ဝေမှုဟာယနေ့အင်တာနက်ခေတ်လိုလဲမြန်ဆန်ခြင်းမရှိဘူး။
___
တတိယမျိုးဆက်ဟာ ၂၀၁၀ ဒီမိုကရေစီဖွင့်ချလိုက်တာနဲ့တိုက်ဆိုင်နေတယ်။ Myanmar's Glasnot ဟာ အရပ်သားပြည်သူတင်မဟုတ်ဘဲ စစ်မျိုးဆက်ကိုပါလာရိုက်ခတ်တယ်။
အင်တာနက်ဖွင့်ခြင်းနဲ့ အထိန်းအကွပ်မရှိပွင့်လင်းမြင်သာမှုက မသမာသူတွေ(ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အုပ်စု၊ လော်ဘီအုပ်စု၊ နိုင်ငံရေးအုပ်စု၊ အရပ်ဘက်အုပ်စုအသီးသီးက) အတွက် အင်တာနက်ကမ္ဘာကနေအုပ်စုဖွဲ့အမုန်းစိတ်တွေဖြန့်ဖြူးပြီး စစ်သည်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးနိုင်စေခဲ့တယ်။
လက်နက်ကိုင်တွေကလဲ တပ်ပါးဝလာပြီး လက်နက်ကိုင်နည်းအပြင် နိုင်ငံရေးနည်း၊ မီဒီယာနည်း၊ လွှတ်တော်နည်းတွေနဲ့ပါ ဖိအားပေးလာကြတယ်။
စစ်ခွေးလို့အခေါ်ခံရတာ၊ ယူနီဖောင်းဝတ်ပြီးတပ်ပြင်မထွက်ရဲတော့လောက်တဲ့အထိဖြစ်လာတာတွေဟာ စစ်သားတစ်ယောက်ဖြစ်တည်မှုရဲ့ဂုဏ်ဒြပ်ကိုသိမ်ငယ်လာစေပါတယ်။ နိုင်ငံရေး၊ လွှတ်တော်၊ မီဒီယာကနေဖိအားပေးလာတာကြောင့် စစ်တိုက်နိုင်စွမ်းကို ကန့်သတ်ချက်တွေများလာတယ်။
External factor က အုပ်စုဖွဲ့ပြီးစိတ်ဓာတ်စစ်ဆင်ရေးလှိုင်းနဲ့ဖိနှိပ်နေချိန်၊ အတွင်း Internal မှာပေးတဲ့အမိန့်နဲ့ညွှန်ကြားချက်တွေဟာလဲ စစ်သားတစ်ယောက်နဲ့မဆိုင်တဲ့အရာများစွာပုခုံးပေါ်ထမ်းရင်းဖိစီးလာတယ်။
ကွပ်ကဲအုပ်ချုပ်မှုမှာ ဆရာတပည့်စိတ်၊ ဖခင်ကောင်းသဖွယ်စိတ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ကွပ်ကဲအုပ်ချုပ်တဲ့တပ်မှူးတွေအရေအတွက်နဲ့ အထက်ဖားအောက်ဖိအရေအတွက်ယှဥ်ရင်ဘယ်ဟာကသာနေသလဲဆိုတာဆန်းစစ်သင့်ပါတယ်။
ဒီဒဏ်တွေကို ဆယ်နှစ်မကခံစားလာခဲ့ရတဲ့စစ်သည်တော်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လောက်ပြုစုပေးဖို့လိုသလဲဆိုတာစဥ်းစားရမယ်။
_
Hard power အမာအားကိုအခြေခံတဲ့ နိုင်ငံအနှံ့အပြားကဗွက်ထနေတဲ့ လက်နက်ကိုင်အားလုံးကို ပါဝါဟန်ချက်ထိန်းထားတာ ဒီတပ်ပါပဲ။ ပါဝါမဏ္ဍိုင်ဖြစ်တဲ့ ဒီတပ်ပျက်ရင်နိုင်ငံပျက်မယ်၊ နှစ် ၃၀ လောက်အဖတ်ဆယ်မရဘူးဆိုတာ ပညာရှင်တိုင်းသိကြပါတယ်။
လွတ်လပ်ရေးရကာစ ရန်ကုန်အစိုးရခေတ်က စစ်သည်တော်တွေနဲ့ယနေ့ခေတ်စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက်ကြောင့် ဒီနေ့ခေတ်ကြုံနေရတဲ့မြန်မာ့အကြပ်အတည်းဟာ၊ လွတ်လပ်ရေးရကာစခေတ်ထက်ပိုမိုကြီးမားတယ်၊ ရုန်းထွက်ရခက်တယ်၊ ပြိုကျသွားနိုင်တယ်လို့ပြောလို့ရပါတယ်။
" လူ့သဘောသဘာဝကိုနားလည်ပါ " ဆိုတဲ့အချက်ကိုလုံးဝမပေါ့ဆပါနဲ့။
စစ်နိုင်ဖို့၊ ဒီအကြပ်အတည်းကရုန်းထွက်နိုင်ဖို့ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုမွေးမြူပေးဖို့လိုပါတယ်။ စိတ်ဓာတ်ကျဆင်းစေမဲ့အပြုအမူတွေကိုဒီအချိန်မှာလျော့ဖို့လိုပါတယ်။ မွေးရမဲ့နည်းလမ်းကိုပညာရှင်တွေနဲ့တိုင်ပင်ပါ။
Geopolitic