" စစ်ကစားခြင်း "
=============
By -Geopolitic
စစ်ပွဲနယ်မြေကြီးတစ်ခုကိုခြုံငုံသုံးသပ်ကြတဲ့အခါမှာ စစ်ကစားလွယ်မှုကျင့်သုံးနိုင်ခြင်းရှိမရှိကိုထည့်သွင်းတွက်ချက်ရပါတယ်။ စစ်ပွဲနယ်မြေဆိုတာ အနိမ့်ဆုံးအဆင့် တိုင်းစစ်ဌာနချုပ်နယ်မြေကိုဆိုလိုပါတယ်။ ဥပမာရှမ်းပြည်နယ်မြောက်ပိုင်းပါ။
စစ်ကဏ္ဍကြီးလေးရပ်ဖြစ်တဲ့ ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွာစစ်ဆိုတဲ့ ကဏ္ဍလေးရပ်စလုံးကိုပိုင်နိုင်ကျင့်သုံးမှစစ်နည်းဗျူဟာမြောက်ပါတယ်။ ရှေးခေတ်မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာမှာလည်း စစ်ချီ၊ စစ်ကပ်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန်ရယ်လို့ပါရှိပြီးသားမို့ စစ်ကဏ္ဍတွေကို အခြေအနေအချိန်အခါပေါ်မူတည်ပြီးလိုက်လျောညီထွေကျင့်သုံးခြင်း၊ စစ်ကစားခြင်းဟာလက်ရုံးရည်သမားစစ်သားတွေရဲ့ နှလုံးရည်ပြည့်ဝမှု 'စံ ပေတံ' ပဲဖြစ်ပါတယ်။
ဒီဘက်ခေတ်မြန်မာတပ်မှူးတွေဟာ မြေပုံတင်ရှင်းလင်းရင်တောင် အရှုံးကိုမလိုချင်ဘူး၊ ဆုတ်ခွာတယ်လို့မကြားချင်ဘူးဆိုတဲ့အယူအဆရှိကြပါတယ်။ အချို့ကခွာစစ်ကိုရှုံးနိမ့်ထွက်ပြေးကြတယ်လို့ အယူအဆမှားပြီးခွာစစ်ကျင့်သုံးမှု၊ လေ့ကျင့်မှုမရှိပါဘူး။ တာဝန်ယူရမဲ့သူတွေကလဲ အကျိုးမရှိတဲ့အခြေအနေမျိုးမှာ ခွာစစ်ဆင်ဖို့တာဝန်ခံပြီးအမိန့်မပေးရဲကြပါဘူး။
လွယ်လွယ်ရှင်းရှင်းပြောရရင် ခွာစစ်ဆိုတာလက်ရှိနေရာမှာရန်သူကိုခုခံခြင်းကအကျိုးမရှိခြင်း၊ ရန်သူကိုကျုံးသွင်းလိုခြင်းတို့ကြောင့် တိုက်ပွဲမှဆုတ်ခွာခြင်း(သို့) နောက်ပိုင်းသို့ဆုတ်ခွာခြင်း ဖြစ်ပါတယ်။
စစ်သမိုင်းမှာသင့်တော်တဲ့အချိန်မှာ ခွာစစ်၊ဟန့်စစ်မဆင်ခဲ့တဲ့အတွက် ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့သာဓကတွေရှိပါတယ်။ သင့်တော်တဲ့အချိန်မှာခွာစစ်၊ ဟန့်စစ်၊ တန်ပြန်ထိုးစစ် စစ်ကစားခဲ့လို့ ရန်သူအောင်မြင်ပြီလို့သွေးနားထင်ရောက်ချိန်မှာသတ်ကွင်းထဲဆွဲခေါ်နိုင်ပြီး အကျိုးအမြတ်ရခဲ့တဲ့သာဓကတွေလဲရှိပါတယ်။
၁၀၂၇ ပထမပိုင်းမှာ ချင်းရွှေဟော်ကိုမြောက်သုံးဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးထောက်ပံ့ရေးလမ်းကြောင်းဖြတ်တောက်ကာမြောက်ဘက် လောက်ကိုင်ကိုနယ်မြေသိမ်းပြီးဖြည်းဖြည်းချင်းတက်လာတာပါ။ ရှမ်းမြောက်ဒေသတစ်ခုလုံးကိုတစ်ပြိုင်နက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး Drone နဲ့လူလှိုင်းနည်းပညာအားသာလွန်နေတာကိုထင်ထင်ရှားရှားသိမြင်ရပါတယ်။
အဲ့ဒီအချိန်မှာ လောက်ကိုင်မြောက်ဘက် တောင်ပေါ်ဒေသတွေဖြစ်တဲ့ တာရွှေထန်၊ ကုန်းကြမ်း၊ ရှင်ပင်ကိုင်း၊ ဆုံကန်၊ မော်ထိုက်ဘက်တစ်ကြောမှာ MNDAA ရဲ့စစ်ရေးမဖော်ဆောင်သေးပါဘူး။ တောင်ပေါ်ဘက်မှာ တပ်ရဲ့ (စကခ ၁၂)၊ (တပ်မဟာ ၁၆) နဲ့ တပ်ရင်းတွေရှိနေပါတယ်။ ရန်သူရဲ့စစ်နည်းပညာတစ်ဆင့်မြင့်နေမှုကိုကြိုတင်သုံးသပ်ပြီး တောင်ပေါ်ကတပ်မတွေအကျိုးမရှိတဲ့နေရာမှာ ဆက်မနေသင့်ကြောင်းသုံးသပ်ပြီး အချိန်အခါကိုက် ဆုတ်ခွာခွင့်ပေးလိုက်ရင်၊ လောက်ကိုင်ကိုအင်အားအပြည့်ပေါင်းစေခဲ့ရင် စစ်ဟာအလှည့်အပြောင်းဖြစ်နိုင်ပါတယ်။
လူတော်တော်များများက လောက်ကိုင်မှာဗိုလ်ချုပ် ၅ ယောက်နဲ့တပ်မ ၄ ခုရှိတယ်လို့ပဲအပေါ်ယံသိကြတာဖြစ်ပါတယ်။
တကယ်တမ်းမှာ အကျိုးမရှိတဲ့နေရာကနေ အချိန်မီခွာစစ်မဆင်နိုင်ခဲ့တဲ့အတွက် တောင်ပေါ်ဆုတ်ခွာရာလမ်းမှာတင် MNDAA အဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်နည်းဗျူဟာ မမြောက်စွာအင်အားလုံးပါးပါးခဲ့ရပါတယ်။
တပ်မတစ်ခုလျှင် ပျမ်းမျှအင်အား ထောင်ဂဏန်းရှိတဲ့အနက် လောက်ကိုင်ကိုရောက်လာချိန်မှာ တစ်ရာဝန်းကျင်သာကျန်ရှိတဲ့ရုံးအဖွဲ့သာလာပေါင်းနိုင်ခဲ့တာဖြစ်ပြီး တိုက်စွမ်းအားဘယ်လိုမှမထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တာကထန်တောင်ကြောပေါ်ကနေ ရှော့တိုက်ဒုံး၊ Drone၊ လက်နက်ကြီးပုံသေပစ်ကြောင်းဆင်ပြီး ပါစင်ကျော်တပ်ကိုရန်သူက သတ်ကွင်းဖန်တီးထားပါတယ်။ မိမိတပ်ကိုပုံသေပစ်ကြောင်းနဲ့တဒိုင်းဒိုင်းပစ်နေတဲ့ ရန်သူကိုရှာဖွေတိုက်စစ်ဆင်ဖို့အမိန့်ပေးရမဲ့အခြေအနေမှာ ပါစင်ကျော်မကျရေးဆိုပြီး ရန်သူ့သတ်ကွင်းထဲကို တပ်မ ၅၅ တပ်တွေနေ့လယ်ခင်းကြီးတစ်ကြောင်းထိုးတက်ခိုင်းလိုက်ပါတယ်။ တပ်တွေဟာရန်သူ့ drone အောက်ပြားပြားဝပ်ပြီး ရှေ့တက်မရ၊နောက်ဆုတ်မရနဲ့ ပေးဆပ်လိိုက်ရပါတယ်။
အလားတူ ကုန်းကြမ်းတပ်ရင်း၊ ညံခွမ်းတပ်ရင်းတွေဟာအချက်အခြာမြေလည်းမဟုတ်၊ ဘေးကစစ်ကူပစ်ကူလည်းမပေးနိုင်တဲ့အခြေအနေဖြစ်လာချိန်မှာ အချိန်မီခွာစစ်၊ ဟန့်စစ် မဆောင်ရွက်နိုင်ခဲ့ဘဲ ရန်သူ့ထံမှာတတိတိနဲ့ပေးဆပ်လိုက်ရပြီးလက်နက်ချတဲ့အထိဖြစ်သွားတာဖြစ်ပါတယ်။
စစ်နယ်မြေတစ်ခုလုံးကိုသုံးသပ်ပြီးအချိန်ကိုက်ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ကစားမှုမကျင့်သုံးနိုင်ခဲ့တဲ့အားနည်းချက်နဲ့၊ တစ်ခါမှခွာစစ်မကျင့်သုံးခဲ့ဘူးတဲ့တပ်မှူးတွေပေါင်းဆုံပြီး လမ်းမှာတင်အင်အားပြုန်းတီးသွားတာဖြစ်ပါတယ်။
သင်ခန်းစာဖော်ထုတ်ယူနိုင်ဖို့ပါ။
ချီစစ်မှာအလဲအကွဲ၊ ခံစစ်မှာခံစစ်သေ၊ တိုက်စစ်ကိုမဖော်နိုင်၊ ခွာစစ်ကဖရိုဖရဲ ဖြစ်နေခဲ့တယ်ဆိုရင်မိမိတို့ဘာမှားနေပြီလဲဆိုတာဆန်းစစ်ဖို့လိုပါတယ်။
ပေတိုးမီဒီယာ