နဝတ/နအဖ အစိုးရလက်ထက်မှာပဲ
တရုတ်နယ်စပ်က ဖုန်မိသားစု ခြေမှုန်းခံခဲ့ရတဲ့
အခြေအနေကို ပြန်ရောက်လာနိုင်ပါတယ် ...
(အဲ့ဒီတုန်းက လက်ရှိတပ်ချုပ်ဟာ တသခတိုင်းမှူးဖြစ်တယ်လို့ သိထားပါတယ် လွဲနေရင် ပြင်ပေးပါ)
တနည်း မြန်မာ ဗဟိုအစိုးရဟာ
တရုတ်ရဲ့ backing ကို ရယူပြီး အလယ်ပိုင်းဒေသက
NUG လက်တံ PDF အဖွဲ့တွေကို ခြေမှုန်းဖို့လည်း
ပြင်ဆင်ဟန်တူပါတယ် ...
ဒါပေမယ့် ရွေးကောက်ပွဲကျင်းပဖို့နဲ့
နိုင်ငံပြန်လည်တည်ဆောက်ရေးခေါင်းစဉ်အောက်မှာ
PDF အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးမှာပါဝင်ဆွေးနွေးဖို့
ဖိတ်ခေါ်ထားတာမို့ ဗဟိုအစိုးရနဲ့ တပ်အနေနဲ့ NUGနဲ့
သဘောထား မတိုက်ဆိုင်တဲ့ PDF အဖွဲ့တွေကို
ဆွေးနွေးကာ နှစ်ခြမ်းကွဲနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း
ပြန်လည်စေ့စပ်ရေး တည်ငြိမ်ရေး အထိုက်အလျောက်
ကြိုးပမ်းလိုတာမျိုးဖြစ်မလား တွေးမိပါတယ် ...
သုတေသီဆရာတစ်ဦးက
တရုတ်ကို လွှဲအပ်ခဲ့တဲ့ ကိုးကန့်ပြည်သူ့စစ်
ခေါင်းဆောင်တွေကို မြန်မာအစိုးရအနေနဲ့
မြန်မာ့တရားဥပဒေအတိုင်း ရုံးတင်နိုင်ဖို့ တရုတ်ကို
ပြန်တောင်းဆိုသင့်တယ်လို့ ရေးတာဖတ်ရပါတယ်
ဒီအပေးအယူသာ အမှန်တကယ် လုပ်နိုင်ခဲ့ရင်
ကိုးကန့်ဒေသကို မြန်မာအစိုးရကသာ အပြီးသတ်
လုံးဝထိန်းချုပ်နိုင်ပြီး တရုတ်ကလည်း ကြည်ဖြူနိုင်တဲ့
အခြေအနေတစ်ရပ်ကို တည်ဆောက်ဖို့ လုပ်နိုင်မယ်လို့
မှန်းဆရပါတယ်
(လောလောဆယ်တော့ ဒါက စိတ်ကူးမျှသာ
ဖြစ်နိုင်ပါသေးတယ်)
အခြားတဖက်မှာတော့
တရုတ်က မြောက်ပိုင်းသုံးဖွဲ့စလုံး မဟုတ်ရင်တောင်
ဒီအဖွဲ့ဝင်တစ်ခုခု(ဒါမှမဟုတ်)FPNCC ထဲက တရုတ်ရဲ့
စိတ်တိုင်းကျ အင်အားစုတချို့ကို မြန်မာ့အရေး
အခြေအနေကိုကြည့်ပြီး ဆက်ကိုင်ထားဦးမှာလည်း
ရှိပါတယ် ...
ထိုင်း - မြန်မာနယ်ခြားက UWSA စခန်းတွေ
ဆုတ်ခွာဖို့ ထိုင်းဖက်က ဖိအားပေးတယ်ဆိုတဲ့
သတင်းတွေ ဖတ်ရတဲ့အခါ ထိုင်းအနေနဲ့ မြန်မာ့
လက်ရှိအခြေအနေပေါ်မူတည်ပြီး သူဖန်တီးခွင့်ရတဲ့
အခြေအနေတခု ကို ဆုပ်ကိုင်တာလို့ပဲ ယူဆရမယ် ထင်ပါတယ် ...
၂၀၀၀ ခုနှစ်လွန်ကာလမှာ
မြန်မာ့သမိုင်းစာအုပ်မှာ ပြဌန်းခဲ့ဖူးတဲ့အထိ
ပြင်းထန်ခဲ့တဲ့ ထိုင်း - မြန်မာ နယ်စပ်အငြင်းပွားမူ့ကနေ
ထိုင်းက SSA ကို proxy အဖြစ်သုံး ၊ မြန်မာဖက်က
UWSA ကို proxy အဖြစ်ပြန်သုံးပြီး တိုက်ခိုက်ခဲ့ရာက
ထိုင်းနယ်စပ်ကို ဟုန်ပန်းကုမ္မဏီကားတွေနဲ့ ဝ တပ်တွေ
ဝင်လာပြီး ပြန်မထွက်တော့တာ အခုထိပါပဲ ...
ထိုင်းအတွက် ဒါဟာ စိတ်မသက်သာစရာ
အခြေအနေ ဖြစ်နေသလို လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း
ဝ တပ်က ခေါ်သွင်းလာတဲ့ တရုတ်သတ္တုတူးသူတွေရဲ့
အလွန်အကျွံသတ္တုတူးဖော်မူ့တွေ၊ ထိုင်း - မြန်မာနယ်ခြားမြစ် ချောင်းတွေထဲ သတ္တုတူးဖေါ် မှုဘေးထွက် ဓာတုဆေးရည်တွေ စွန့်ပစ်မူ့
ကြောင့် UWSAဟာ ထိုင်းအတွက် လည်ချောင်းထဲက ဆူး လိုဖြစ်လာနေခဲ့တာကြာပါပြီ ...
ဒါကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံဖက်က
အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ် ...
1027 မတိုင်ခင်ကတည်းက မြန်မာနဲ့ထိုင်း အကြား
နယ်စပ်အရေး ဆွေးနွေးမူ့မှာ ထိုင်းနယ်စပ်က
UWSA တပ်တွေ ဆုတ်ပေးရေး မကြာခဏပါဝင်ပေမယ့်
မြန်မာအစိုးရဖက်ကတော့ ထိုင်းနယ်မြေကို အခြေခံပြီး
မြန်မာအစိုးရကို ဆန့်ကျင်နေသူတွေကို ထိုင်းက
အရေးယူရေးနဲ့ ပြန်တုန့်ပြန်လေ့ ရှိပါတယ် ...
အခုတော့ ထိုင်းဟာ
လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အသုံးချ Wa ကိုဆုပ်ကိုင်ဖို့ ကြိုးစားလာပြီလို့မှန်းဆရပါတယ် ...
၂၀၀၀ ပြည့်နှစ်လွန် ကာလတွေနဲ့ ကွဲပြားတာက
အဲ့ဒီကာလမှာ ထိုင်းဟာ မြန်မာနဲ့ ရန်ဖက်ဖြစ်သလို
နှစ်နိုင်ငံစလုံးက ဦးတည်ရန်သူအဖြစ် သဘောထား
ရှိကြတာပါ ...
အခုကာလမှာတော့ ထိုင်းဟာ မြန်မာနဲ့ မိတ်ဖက်
အထူးသဖြင့် ထိုင်းစစ်ဖက်နဲ့ မြန်မာစစ်ဖက်အကြား
ရင်းနှီးမူ့လည်း ကြီးလာသလို ထိုင်းဟာ မြန်မာ့အရေး
အတွက် အဓိကစေ့စပ်သူ ကိုယ်စားလှယ်တဖြစ်လဲပုံစံဖြစ်လာတာပါ ...
ထိုင်းလူထုနဲ့ မြန်မာအကြားလည်း ရင်းနှီးမူ့
မြင့်မားလာနေပြီး မြန်မာသန်းနဲ့ချီ ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်ကိုင်နေသလို အရင်က မြန်မာနယ်စပ်က
တိုင်းရင်းသားတွေနဲ့သာ ထိုင်းနဲ့ နီးစပ်ရာက
ရွှေ့ပြောင်း မြန်မာလုပ်သားတွေကြောင့် တဖြေးဖြေး
မြန်မာလူထုနဲ့ပါ နီးစပ်သွားတဲ့သဘောပါပဲ ...
UWSA ဟာ ဒီအခြေအနေကို
သဘောပေါက်တာကြောင့် တရုတ်နိုင်ငံခြားရေးဝန်
ဝမ်ယီခရီးစဉ်အပြီးမှာ တောင်ပိုင်းက ဝ အမျိုးသားတွေ
စစ်မူ့ထမ်းဖို့အတွက် ပြန်လာဖို့ ထူးထူးခြားခြားထုတ်ပြန်ခဲ့ဟန် တူပါတယ် ...
UWSA အနေနဲ့ ဝ တောင်ပိုင်းနယ်မြေတွေကို
ထိန်းဖို့ဆိုရင် မြန်မာဗဟိုအစိုးရရဲ့ အကူအညီမပါပဲ
မဖြစ်နိုင်ဘူးဆိုတာ နားလည်လာမယ်လို့ ယူဆရပါတယ်
ဒါ့အပြင် ဦးခွန်ဆာလက်ထက်ကတည်းက
ဝ တောင်ပိုင်းဒေသဟာ ရှမ်းတိုင်းရင်းသားတွေနဲ့
ရင်ဆိုင်တိုက်ခိုက်နေကြတာမို့ အခု ထိုင်း backing နဲ့
RCSS ပြန်လှုပ်ရင် ဝ ပြည်နယ်အိပ်မက်က
လိုလားတဲ့ နယ်မြေတွေ ပြန်ဆုံးရှုံးနိုင်ခြေကို စဉ်းစားပြီးဟန် တူပါတယ် ...
စိုးရိမ်စရာကတော့ ထိုင်း - မြန်မာနယ်ခြား
အငြင်းပွားမူ့ပြဿနာ တစခန်းထလာနိုင်တာပါပဲ
ထိုင်း Backing ရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ
ပြန်ခေါင်းထောင်လာနိုင်ခြေလည်း ရှိပါတယ် ...
စောပေတိုး