စစ်ခင်းတယ်ဆိုတာတစ်ဘက်နဲ့တစ်ဘက်မာယာချင်းပြိုင်ကြတာဖြစ်ပါတယ်။ အဲ့လိုမာယာများတာကိုပဲစစ်နည်းဗျူဟာလို့ပြောကြတာဖြစ်ပါတယ်။ ရန်သူမိမိအားသာချက်အားနည်းချက်တွေကိုနှိုင်းယှဥ်ချိန်ထိုးပြီး မိမိအားသာချက်ကိုအသုံးချ၊အားနည်းချက်ကိုပြင်ဆင်၊ ရန်သူ့အားသာချက်ကိုထိုးနှက်၊ အားနည်းချက်ကိုဖိနင်းရတာဖြစ်ပါတယ်။ လက်ရှိရန်သူအားသာချက်က မြို့တွင်းစစ်နည်းဗျူဟာ၊ Drone နည်းပညာ၊ လူငယ်မျိုးဆက်သစ်ပဲရှိပါတယ်။ မိမိဘက်မှာလေယာဥ်၊အမြောက်၊ဒုံး၊သံချပ်ကာ၊နည်းပညာမြင့်စနစ်တွေရှိနေပါတယ်။ ဒါတွေကိုရှိလျက်နဲ့မအောင်မမြင်ဘာလို့ဖြစ်နေသလဲဆိုတာကို လက်ရှိရန်သူနဲ့ရင်ဆိုင်ခဲ့တဲ့သူတွေဆီကနေ brain stroming လုပ်ပြီးပြင်ဆင်လိုက်ရင် turning point ရောက်ပါလိမ့်မယ်။