သမိုင်းတကျော့ပြန်လေပြီ
==================
၂၀၁၅ ဧပြီလ ၉ ရက်နေ့ မန်တုံမှာ ပလောင် pslo/psla တွေ တပ်မတော်ထံလ/က်န/က်အပ်နှင့်ခဲ့တဲ့ သမိုင်းကြောင်း ကိုသိကြမယ်ထင်ပါတယ်။ သမိုင်းမှာ ဘာလို့အဲ့ဒီလိုဖြစ်ခဲ့တာလဲဆိုတာ ရှင်းရှင်းလေးပါပဲ နောက်ကွယ်ကထောက်တိုင် မရှိတော့တဲ့ အခြေအနေဖြစ်ခဲ့လို့ပေါ့ဗျာ။
နောက်တစ်ခုကတော့ ပေါက်ဖော်ကြီးတို့က ဝ တွေကို ပေးထားတဲ့ တာဝန်တစ်ခုရှိတယ် အဲ့ဒါကတော့ TNLA ကို ဆန်၊ စားနပ်ရိက္ခာ၊ ကျည်၊ ပိုက်ဆံ စသည်ဖြင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စမှန်သမျှ ကို ထောက်ပံ့ဖို့ ဆယ်နှစ်စာ တာဝန်ပေးထားမှုဟာ ၂၀၂၄ နိုဝင်ဘာမှာ ပြည့်မှာဆိုတော့ အခုဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေက တိုက်ဆိုင်မှု တစ်ခုမှမပါပါဘူး။ မအေးဝင်းကြိုတင်စီစဥ်ထားတာပဲဗျ
နောက်တစ်ခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ "နိုင်ငံရေးကို လက်နက်နဲ့ ဖြေရှင်းလို့မရဘူး" လို့ ပြော ကြားခဲ့ပြီးနောက်မှာ ပလောင်အဖွဲ့ကအဲ့ဒီနေ့မှာပဲ တွေ့ဆုံဆွေးနွေးဖို့စိတ်ဝင်စားကြောင်း တရားဝင်စာထုတ်ပြန်လာတာကို တွေ့ရပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာလည်း တစ်ခုမှမရှိပါဘူး။
ဒီလိုပါပဲ သမိုင်းတစ်ကျော့ပြန်လာတဲ့ အချိန်ကိုရောက်လာပါပြီ။ အဲ့လိုရောက်လာချိန်မှာ လှေနံနှစ်ဘက်မကနင်းထားတဲ့ ပဒက်တွေရဲ့ ဘဝကတော့ မတွေးရဲစရာပါပဲ။ ဒီတော့ အလင်းထဲပြန်လာမလား အမှောင်ထဲကိုထပ်တိုးတော့မလားဆိုတာကတော့ ကိုယ်ရွေးချယ်ရမယ့်လမ်းပဲဗျာ။ သမိုင်းတစ်ကျော့ပြန်ချိန်မှာ ကြားမညပ်ဖို့ အမှားသိမြင် အမှန်ပြင်နိုင်ကြပါစေဗျာ။
ပေတိုးမီဒီယာ