ဆိုတော့ကာ ခုလိုမျိုး ဖိနပ်နဲ့ ရိုက်တာကို ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းက လက်မခံပါဘူး။ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒါကို လုပ်ခြင်း သည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့မညီဘူးလို့ သတ်မှတ် ထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထား တဲ့ ISIS လို အယ်ကိုင်ဒါလို အဖွဲ့တွေပဲဒါမျိုးတွေလုပ်တာ။ အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေမှာ ဥပဒေမှမရှိတာကိုး။ အေးပေါ့လေ .. ခုလုပ်သွားတာလည်း PDF အဖွဲ့တွေ။ သူတို့မှာ ဥပဒေတွေ နည်းနာနိသယ တွေဆိုတာ ဘယ်ရှိမလဲ။ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေမှာပါတဲ့ အချက်တွေမညီလို့ မညီပါလားလို့ သွားပြောရင် သူတို့ကို တရားဝင် လက်နက်ကိုင်အဖြစ် စိတ်ထဲအသိအမှတ်ပြုနေလားဆိုပြီး အထင်တွေ ဖြစ်သွားမှာ လည်းစိုးရသေးတယ်။
ထားပါ .. ပြောချင်တာက ခုမှစတာ။ ဒီနေ့ ဒီ Movie တက်လာတာသည် စိတ် မကောင်းဖြစ်ခြင်းနဲ့ ဒေါသဖြစ်ခြင်းတွေဖြစ်ရသလို တစ်ခုလည်းသက်သေထူလို့ ရသွား ပါတယ်။ အဆိုးထဲက အမြတ်လို့ပဲပြောရမှာပဲ။ ဘာအမြတ်ထွက်သွားလဲဆိုတော့ .. ခေတ်သတ် တို့ မဇ္ဇိုမ တို့ နေ့စဉ်စွပ်စွဲနေတဲ့ PDF တွေကို တပ်က ခေါင်းတေ့ ပစ်တယ် တို့၊ ရွာတွေကို မီးရှို့တယ်တို့ဆိုတာတွေဟာ မဖြစ်နိုင်ဘဲ PDF တွေကသာ ဘယ်လို အကျင့်ရှိတယ်ဆိုတာ တစ်ခါတည်း ချပြပြီးသားဖြစ်သွားတာပေါ့။
အဲ နောက်ထပ်တစ်ခု ထပ်ပြီး စဉ်းစားမိတာ ဒီ PDF အဖွဲ့တွေကို Control ပေးနေပါတယ်လို့ တရားဝင်ကြေငြာထားတဲ့ NUG ဆိုတဲ့ မတရားအသင်းသည်လည်း အကြမ်းဖက်အားပေးနေပါတယ်ဆိုတာကို သက်သေရသွားပြီပေါ့လေ။ အေးပေါ့လေ .. မြို့ထဲမှာ အပြစ်မဲ့ပြည်သူတွေကို လူသတ်၊ ကျောင်းတွေကို ဗုံးခွဲ လုပ်ဖို့ မဟာဗျူဟာ Plan ချတဲ့ အဖွဲ့နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအတွက် သုံ့ပန်းကို ဒီလိုဖိနပ်နဲ့ ပါးရိုက် တဲ့ အလုပ်က ဘာမှမထူးဆန်းတော့ပါဘူး။ သူတို့လည်း သူတို့ အကြမ်းဖက်တွေ ထုံးစံ အတိုင်း အကြမ်းဖက် အပြုအမူပြုပြသွားတာပါ။
ဒီတော့ ခုချိန်မှာ အဆိုပါ သက်သေတွေကို လက်ကိုင်ပြပြီး တဆက်တည်း ရှင်းပြ ချင်တာလေးတစ်ခုပဲရှိပါတယ်။ မိဘပြည်သူများ ခင်ဗျား ... တပ်မတော်သည် ခုလက်ရှိ ခေတ်သတ် တို့ မဇ္ဇိုမ တို့မှာ ရေးနေသလို အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ခြင်း၊ ရွာတွေကို မီးရှို့ခြင်း အလျဉ်းမလုပ်ပါခင်ဗျာ။ တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ နေရ တဲ့ အဖွဲ့အစည်းကြီးပါ။ နိုင်ငံတကာဥပေဒ၊ စည်းမျဉ်း၊ ပဋိဉာဉ် တွေ အပြစ် စစ်စည်းကမ်း နဲ့ အရပ်ဘက်ဥပဒေကိုပါလေးစားလိုက်နာရတဲ့ တပ်မတော်သားတွေပါဝင်သော အဖွဲ့ အစည်းဖြစ်တာမို့ အဆိုပါ ဖြစ်ရပ်များသည် လုပ်ကိုမလုပ်ဆိုတာ အာမခံသက်သေ တည်ရဲပါသည်။ ထိုသို့ ဆောင်ရွက်ဖို့မဆိုထားနှင့် လက်နက်ကိုင်တိုက်ပွဲအတွင်း ဖမ်းဆီး ရမိတဲ့ လက်နက်ကိုင်သောင်းကျန်းသူ ကိုတောင် ဥပဒေမဲ့ နိုပ်စပ်ညှင်းပန်းခြင်း၊ ခုလိုမျိုး ဖိနပ်နဲ့ပါးရိုက်ခြင်း ပြုလုပ်ခြင်းမရှိပါဘူး။ အဲ့လိုပြောလို့ မင်းတို့ တပ်မတော်မှာ တပ်မတော်သားတိုင်းက ခြောက်ပြစ်ကင်းသဲလဲစင်တွေလားဆိုပြီး စကားကပ် မေးဖို့ ရှိပါတယ်။ ဟုတ်ကဲ့ .. မဟုတ်ပါဘူး။ စစ်သားသည်လည်း လူသားပေပဲမို့ မှားယွင်းတဲ့ လူ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့လို မှားယွင်းတဲ့လူတွေကိုလည်း တပ်မတော်က စစ် စည်းကမ်းအတိုင်း ပြင်းထန်စွာ အပြစ်ပေးပြီးသားပါ။ ဥပမာ - ရှမ်းပြည်နယ်ဘက်က မြို့တစ်မြို့မှာဖြစ်ပွားခဲ့တဲ့ အမှုဆိုရင် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေလည်း နောက်ထပ်ရှိပါသေးတယ်။ ထပ်ဖော်ပြနေရင် ဆောင်းပါး ရှည်သွား မှာစိုးလို့ မဖော်ပြတော့ပါဘူး။
တကယ်တော့ စစ်စည်းကမ်းသည် ဥပဒေ မလိုက်နာသည့် မည်သည့် အရာရှိ/စစ်သည် မဆိုဓားစက်လိုပဲ တိကနဲဖြတ်ပါသည်။ မျက်နှာလိုက်ခြင်း၊ ကျောသား ရင်သားခွဲခြင်းအလျဉ်းမရှိပါ။ ထိုသို့သော အရာကို တပ်မတော်သားတိုင်း သိထားပြီး ဖြစ်သဖြင့် အပြစ်ဖောက်ဖို့ဆိုတာ တော်ရုံနှင့် မစဉ်းစားရဲသည့် အရာပင်ဖြစ်ပါသည်။ ထို့ပြင် နောက်ထပ် အချက်တစ်ခုရှိပါသေးသည်။ ဘာများပါလိမ့် ... အခြားမဟုတ်။ တပ်မတော်သားတွေသည် ပြည်သူ့ရင်မှပေါက်ဖွားလာသည့် ပြည်သူ့သားတွေမို့ ပြည်သူ လူထု ကို ကာကွယ်စောင့်ရှောက်ဖို့ပဲ စိတ်ထဲရှိပါသည်။ မိဘပြည်သူ ကို သတ်ဖို့၊ မိဘပြည်သူရဲ့ နေအိမ်တွေကို မီးရှို့ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိကြပါ။ မယုံလျှင် ယနေ့ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားတွေကို လိုက်မေးကြည့်။ ဘယ်သူမှ အဲ့လိုစိတ်ကူးမရှိကြပါဘူး။ ဒါဖြင့် တချို့ကပြောဦးမယ်။ ဒီနေ့လုပ်ရပ်တွေက တရားလားလို့ ဓမ္မလားတို့ဆိုတဲ့ ကြောင်တောင်တောင်မေးခွန်းတွေ။ အဲ့အတွက်လည်း မနေ့က ဆောင်းပါးမှာရေးသားထားပြီးသားပါ။ တပ်မတော်ရဲ့ ရပ်တည်ချက်သည် ဒို့တာဝန်အရေး(၃)ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကာကွယ်ရေးဆိုတဲ့ အထိုင်ဘက်မှာ ရပ်တည် တယ်။ ဒါကို ထိပါးလာရင်တော့ မထိပါးအောင် သင့်တင့်တဲ့အင်အားနဲ့ ဖြေရှင်းရမှာပါ။ နိုင်ငံတော်ပြိုကွဲအောင်လုပ်နေတဲ့ သောင်းကျန်းသူကိုလည်း မေတ္တာမပို့နိုင်သလို၊ တိုင်းပြည်ကိုပြိုလဲအောင်လုပ်နေတဲ့ ဆူပူအကြမ်းဖက်တွေကိုလည်း ထိုင်ကြည့်မနေနိုင် ပါဘူ။ ဒီတော့ သောင်းကျန်းသူကိုလည်း သောင်းကျန်သူ အလျောက်၊ ဆူပူအကြမ်းဖက် သူကိုလည်း ဆူပူအကြမ်းဖက်သူအလျောက် အင်အားသုံးပြီး နိုမ့်နင်းရမှာပါ။ အဲ့လို နိုမ့်နင်းတာမှာ ပန်းနဲ့ပေါက်နေတာမဟုတ်တဲ့အတွက်