❗️❗️❗️❗️❗️Leon The Professional (1994)
📱 8.5
📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl
📱 ဇာတ်ကား Link
https://t.me/c/2274736087/890
Review
The Fifth Elemento Lucy La Femme
Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်လို့ ပြောရမယ်။
ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မ ကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်း ကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။
ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခု ဖြစ်နေပါပြီ။မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portman နဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ် ယောက်ရှိတယ်။သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို DEAအရာရှိတွေက တစ်ယောက်မကျန် ရှင်းသွားခဲ့တယ်။ သူတို့မိသားစုထဲက Mathildaဆိုတဲ့ ကလေးမလေးကိုLeonက ကယ်ထားခဲ့တယ်။ Mathildaက သူ့တစ်မိသားစုလုံးက သူ့ကို အနိုင်ကျင့်နေ တာမို့ သူ. မိသားစုကို သူ့ဘာသာတောင် သတ်ချင်နေတဲ့သူမို့ သူ့မိသားစုသေသွားတာကတော့ Mathildaအတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ လေးနှစ်သား သူ့မောင်လေး သေ သွားတာတဲ့အတွက်တော့သူက အဲဒီယစ်မျိုးအရာရှိဆိုးတွေကို ကလဲ့စားချေချင်ခဲ့ Mathildam Leon နားပူနားဆာလုပ်ပြီး သူ့ကိုလုပ်ကြံသတ်ဖြတ်တတ်အောင်သင်ပေးခိုင်းတယ်။ Leonလည်း မနိုင်တဲ့အဆုံးသင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ ကြား ဘာမှန်းမသိတဲ့တစ်စုံတရာပေါ်ပေါက်လာသလိုကလဲ့စားချေတဲ့ခရီးမှာလည်းပြဿနာ တွေပေါ်လာခဲ့တယ်။ဒီနေရာမှာ သူတို့ဖောင်းထုခံခဲ့ရတဲ့ အချက်က Leonနဲ့ Mathildaရဲ့ ဝေဝါးနေတဲ့ဆက်ဆံရေးပဲဖြစ်လိမ့်မယ်။ ဒါကလည်း ဒါရိုက်တာ Luc Besson : Maiwennဖြေရှင်းတဲ့စကားအရတော့ ဒီဇာတ်လမ်းက သူတို့ဆက်ဆံ ရေးကို မှီးထားတယ်လို့ဆိုခဲ့တယ်။ဒါရိုက်တာနဲ့ သူ့မိန်းမကလည်း ဒီလိုမျိုးအသက်ကွာခြားမှု ကြီးတဲ့ အချစ်မျိုးကို ပိုင်ထားတဲ့လူတွေပဲ။၁၂မှာ သူတို့စုံတွဲ Bessonအသက်၂၉ Maiwennအသက် ၁၂ဟာ စတွေ့ခဲ့ကြပြီး တရားဝင်စတွဲတာကတော့ Maiwennအသက် ၁၅မှာပါ။Maiwennအသက် ၃၃မှလက်ထပ်ခဲ့ပြီး Maiwennဟာ ၁၆နှစ်မှာ ကိုယ်ဝန်ရခဲ့တယ်။ဒီရုပ်ရှင်ထဲက Leonနဲ့ Mathildaရဲ့ ဆက်ဆံရေးဟာ စွပ်စွဲကြသလို မဟုတ်ဘူးလို့တော့ ပြောရခက်ပါတယ်။ ကိုယ်ပိုင်အမြင်ရ လည်း သူတို့ဆက်ဆံရေးဟာ အဲဒီလိုဆက်ဆံရေးမျိုးပါပဲ။ သူတင်ဆက်ပြတဲ့ပုံအရတော့ ဒါကိုအပြစ်လို့ မြင်ဖို့တော့တော်တော်ခက်လိမ့်မယ်။အကြောင်းရင်း သိနေသကိုး၊။ ဟို စာစုတစ်ခုရဲ့ခေါင်းစဉ်လိုပေါ့ "တူညီတဲ့ ရှုထောင့်ကနကြည့်ရင် ဖြစ်ရပ်တိုင်းဟာ မှန်တယ်"တဲ့။
ကျွန်တော်တို့နားလည်နိုင်တာကတော့ လောကကြီးမှာ နားလည်စရာ ဘာမှမရှိတာကို နားလည်ဖို့ပါပဲ။မူရင်းဗားရှင်းမှာတော့ ၁နာရီ၅၀သာရှိပေမဲ့ အခုEXTENDEDဗားရှင်းမှာတော့ ၂နာရီ ၁၃မိနစ်အထိပါပါတယ်။Mathildan Leonကို အတူအိပ်ဖို့ပြောခဲ့ပြီး လီယွန်ကငြင်းလိုက်တာတွေ။Leonရဲ့ငယ်ဘဝနောက်ကြောင်း။ သူတို့အတူတူ အိပ်ယာထဲရိုးရိုးသားသားအိပ်တာတွေ။Mathildam Russian rouletteလုပ်ပြီး ခြိမ်းခြောက်တာတွေအပြင် တခြားအခန်းတွေလည်း ပါပါတယ်။
#uploadbyshoonshoon