ဝေဖန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူ့သဘောကို နားမလည်တာ၊ ဘာလား ဆိုတဲ့အတွေးမျိုးတော့ဝင်မိတယ်။ ဆိုပါစို့…။ မြန်မာနိုင်ငံမှာ အကြောင်းအရင်းမှန်မှန်နဲ့ တွေးတောနိုင်တဲ့သူ၊ တနည်းအားဖြင့် နိုင်ငံတော် အစိုးရပိုင် သတင်းစာကို နေစဉ် ထိုင်ပြီး စောင့်ဖတ်တဲ့သူက ခပ်နည်းနည်းရယ်။
---
ဒီလိုလူမျိုး တွေများတဲ့နိုင်ငံမှာ ဘာကြောင့် လျှပ်စစ်မီး မပေးနိုင်ရတာပါ၊ ဘယ်လို အကြောင်းအရင်း တွေရှိလို့ကြောင့်ပါ၊ ဘယ်လို ဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်ပေးနေပါ တယ်ဆိုတာမျိုး ဝန်ကြီးဌာန ဘက်က ထွက်ပြောတာမျိုး၊ ထွက်ရှင်းတာမျိုး လုပ်သင့် တယ်လို့ တော့ မြင်မိတာပဲ။ တစ်ခါလာလည်း ဝန်အားမနိုင်လို့ အချိန်တိုး ဖြတ်တယ် ဆိုတာမျိုးက မလုပ်သင့်ဘူး။ ဒါက သာမန် ပြည်သူတွေရဲ့ ဒေါသ၊ တနည်းအားဖြင့် လျှပ်စစ်မီးကို မှီခိုပြီးလုပ်ရတဲ့ ပြည်သူတွေရဲ့ အမုန်းတွေ ပိုပြီး ရစေတယ်။
---
မြန်မာနိုင်ငံမှာထုတ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေက တစ်နိုင်ငံလုံးကို မပေးနိုင်တာ လူတိုင်းသိတယ်။ အကြမ်းဖက်တွေကြောင့် လျှပ်စစ်တာဝါတိုင်တွေ တော်တော်များများ ပျက်စီးကုန်တာလည်း လူတိုင်းသိတယ်။ ဒါပေမယ့် ဒီအစိုးရကို မထောက်ခံသူတွေက ဒီအကြောင်းအရာတွေကို အလေးပေးပြောနေမှာမဟုတ်ဘူး။ လျှပ်စစ်ဓာတ်အား တိုးကောက်တဲ့အကြောင်းတွေနဲ့ အချိန်တိုးပြီး မီးဖြတ်တဲ့ကိစ္စတွေကိုပဲ Highlight လုပ်ပြီး ပြောမှာ။
----
အချိန်တန်တော့ ဘာဖြစ်သွားသလဲဆိုတော့….ပိုက်ဆံရှိတဲ့သူတွေက ဆိုလာတွေ တပ်ပြီး ပိုက်ဆံမရှိတဲ့သူတွေက အစိုးရကို ပိုဆဲ တာမျိုးပဲ အဖက်တင်လာလိမ့်မယ်။ နောက်ဆုံး EPC ဆိုတာနဲ့ အဆဲခံရတဲ့ဝန်ကြီးဌာနဆိုပြီး တွဲမြင်လာလိမ့်မယ်။ တခါတလေကျတော့ တချို့သော အဖွဲ့အစည်းတွေရဲ့ အနာဂတ် မဟာဗျူဟာတွေ ဘာဘာညာညာ တွေးမနေပဲ၊ လက်ရှိ ပြဿနာကို ရေတိုနည်းနဲ့ လူပြိန်းကြိုက် ဖြေရှင်း သွားတဲ့ အရင်အစိုးရရဲ့ လုပ်နည်း ကိုင်နည်းတွေလည်း အတုယူသင့်တယ်။
(နရီမိုး)