Фильтр публикаций


Репост из: Dr. Naing Swe Oo


Репост из: Dr. Naing Swe Oo
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးH.E. Mr. Andrei Removich နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် - ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီး ဌာန ၁ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေး မှူး Mr. Sergey Kuzhugetovich Shoigu ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် ရုရှားတပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိ ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက် သည်။
ယင်းနောက် တွေ့ဆုံပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံ အကြား ကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Репост из: Dr. Naing Swe Oo
Видео недоступно для предпросмотра
Смотреть в Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ


Репост из: Dr. Naing Swe Oo
Видео недоступно для предпросмотра
Смотреть в Telegram


Репост из: Dr. Naing Swe Oo
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ ကရင်မလင် နန်းတော်တွင် တွေ့ဆုံဆွေးနွေးခြင်း

#NaingSweOo


Репост из: Dr. Naing Swe Oo
Видео недоступно для предпросмотра
Смотреть в Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု

ရုရှားတပ်မတော် စစ်တီးဝိုင်းက “မြန်မာတို့ရဲ့ တပ်မတော်” စစ်ချီသီချင်းဖြင့် ဂုဏ်ပြု တီးမှုတ်
#NaingSweOo




ရေရှည်တည်တံ့သော အလေ့အကျင့်များကို ကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ကမ်းရိုးတန်းဒေသ နိုင်ငံများအတွက် အထူးသက်ဆိုင်သည့် ရာသီဥတုပြောင်းလဲမှုအပေါ် ခံနိုင်ရည်အား မြှင့်တင်ပေးနိုင်ပါသည်။ ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်ရေးတို့တွင် ရင်းနှီးမြုပ်နှံခြင်းသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကဲ့သို့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ပေးနိုင်သည် (UNEP၊ 2019)။

နိဂုံး

Blue Economy သည် မြန်မာနိုင်ငံအား ၎င်း၏ ကြွယ်ဝသော အဏ္ဏဝါအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ကြဉ်း ပေးနိုင်ပါသည်။ ရေရှည်တည်တံ့သော အလေ့အကျင့်များ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဉီးစားပေးလုပ်ဆောင်ခြင်းဖြင့် အိန္ဒိယသမုဒ္ဒရာ၏ အလားအလာကောင်းကို အသုံးချနိုင်ပါသည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအား နိုင်ငံတစ်နိုင်ငံတည်းဖြင့် ရင်ဆိုင်ရန် ခက်ခဲပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာပင် အရေးကြီးပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ ရေကြောင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းသည်တို့သည်လည်း အလားအလာကောင်းများကို ပေါ်ထွက်လာစေရန် မရှိမဖြစ် လိုအပ်သော အရာများပင် ဖြစ်ပါသည်။
ဒေါက်တာနိုင်ဆွေဉီး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo


အကြံပြုချက်အနေဖြင့် အိန္ဒိယသမုဒ္ဒရာဒေသရှိ နိုင်ငံများသည် နိုင်ငံဖြတ်ကျော်လုံခြုံရေးစိန်ခေါ်မှုများနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများမှ အလွယ်တကူဝင်ရောက်နိုင်သည့် ရေကြောင်းဆိုင်ရာ အချက်အလက်များ မျှဝေထားသော စုပေါင်းလမ်းညွှန်ချက်တစ်ခု လိုအပ်ပါသည်။ ရာသီဥတုဖြစ်စဉ်၏ လုံခြုံရေးအကျိုးဆက်များကို နားလည်ပြီး ကြိုတင်ခန့်မှန်းနိုင်စေရန်အတွက် အိန္ဒိယသမုဒ္ဒရာအတွင်း သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အန္တရာယ်များကို မြေပုံရေးဆွဲရန် ဒေသတွင်းရှိ နိုင်ငံများအတွက် အရေးကြီးပါသည်။ IORA ရှိ နိုင်ငံတိုင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ပန်းတိုင်များရရှိရန်အတွက်လည်းကောင်း၊ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန်အတွက်လည်းကောင်း အိန္ဒိယသမုဒ္ဒရာတွင်း ပေါင်းစည်းထားသည့် အမျိုးသားရေကြောင်းဆိုင်ရာ နယ်ပယ် သတိပေးစနစ် (Integrated National Maritime Domain Awareness System) ကို မြှင့်တင်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ
အိန္ဒိယသမုဒ္ဒရာ ရပ်ဝန်းအတွင်း Blue Economy ကိုဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ရှိနေပါသည်။ အရေးပါသော အချက်အချို့ကို ဖော်ပြလိုပါသည်။ ၎င်းတို့မှာ -

(က) မဟာဗျူဟာမြောက်တည်ရှိခြင်း
အိန္ဒိယသမုဒ္ဒရာရှိ အရေးပါသော ရေလမ်းကြောင်းများ ဖြတ်သန်းရာတစ်လျှောက်တွင် တည်ရှိနေသည့် မြန်မာ့ပထဝီဝင်အနေအထားသည် ရေကြောင်းကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် ထူးခြားသောအားသာချက်တစ်ခု ဖြစ်သည်။ ၎င်းကို နိုင်ငံ့စီးပွားရေး အားကောင်းစေရန် အသုံးချနိုင်ပါသည်။ အဓိက ကုန်သွယ်‌ရေလမ်းကြောင်းတစ်လျှောက်ရှိ မြန်မာနိုင်ငံ၏ တည်နေရာသည် ဒေသတွင်းကုန်သွယ်မှုတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ပါသည်။ ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ GDP ကိုလည်း မြှင့်တင်နိုင်ပါသည်။ (အာရှဖွံ့ဖြိုးရေးဘဏ်၊ 2020)

(ခ) ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ငါး အလွန်အကျွံ ဖမ်းဆီးခြင်းအလေ့အကျင့်များသည် ငါးလက်ကျန်ပမာဏနှင့် အဏ္ဏဝါဂေဟစနစ်ကို ခြိမ်းခြောက်လျက်ရှိပါသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးအလွန်အကျွံ ငါးဖမ်းခြင်းကြောင့် စီးပွားရေးဆုံးရှုံးမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံအထိ ရှိလာနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ (World Bank, 2017)

မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းအရှည် ၂၈၃၂ ကီလိုမီတာ ခန့်ရှိရာ ပေါများသော အဏ္ဏဝါသက်ရှိများကို ကောင်းစွာ လက်လှမ်းမီ ဖမ်းယူ ထုတ်လုပ်နိုင်ပါသည်။ ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်များသည် ငါးပမာဏကို ထိန်းသိမ်းနိုင်ပြီး စားရေရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်သည်။ ကမ္ဘာ့ဘဏ်က ၂၀၁၂ အစီရင်ခံစာတွင် ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲမှုသည် ကမ်းရိုးတန်းဒေသခံများအတွက် ဝင်ငွေတိုးစေနိုင်သည်ဟု အကြံပြုထားသည်။ မြန်မာနိုင်ငံတွင် ကျယ်ပြောလှသော ငါးဖမ်းလုပ်ကွက်များနှင့် ငါးပုစွန် မွေးမြူနိုင်သည့် အလားအလာကောင်းများစွာ ရှိပါသည်။ ရေရှည်တည်တံ့သော ငါးဖမ်းသည့် အလေ့အကျင့်များသည် လက်ကျန်ငါးပမာဏကို မြှင့်တင်ပေးခြင်း၊ ပို့ကုန်များ တိုးမြင့်လာစေခြင်းနှင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသည့် ဒေသခံများ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မြှင့်တင်ပေးနိုင်ပါသည်။

(ဂ) ခရီးသွားလုပ်ငန်းအလားအလာ
ကြွယ်ဝသောယဉ်ကျေးမှုအမွေအနှစ်များနှင့် ရင်သပ်ရှုမောဖွယ် လှပသည့် ကမ်းရိုးတန်းများသည်မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းခရီးသွားလုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။ မြိတ်ကျွန်းစုနှင့် လှပသော ကမ်းခြေများသည် သဘာဝပတ်ဝန်းကျင် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှု ရှိနေပါသည်။ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းထားပြီး ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်ကာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အကြံပြုထားပါသည်။

(ဃ) ရေရှည်တည်တံ့သော အလေ့အကျင့်များ
အပြာရောင်စီးပွားရေးဆိုင်ရာ အခြေခံမူများကို လိုက်နာခြင်းဖြင့် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တာဝန်သိ ငါးဖမ်းခြင်းနှင့် အဏ္ဏဝါဂေဟစနစ် ကာကွယ်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

(င) ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ
မြန်မာနိုင်ငံ၏ Blue Economy ကဏ္ဍများတွင် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာများစွာ ရှိပါသည်။ ဆိပ်ကမ်းများနှင့် ငါးလုပ်ငန်းစက်ရုံကဲ့သို့ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါသည်။

(စ) ရာသီဥတုဒဏ်ခံနိုင်ရည် ရှိခြင်း


အိန္ဒိယသမုဒ္ဒရာတွင်း ကျယ်ပြန့်စွာ ကြုံတွေ့လာနေရသည့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုလည်း စနစ်တကျ လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးသည် လှုပ်ရှား ပြောင်းလဲနေသည့် အရေးကိစ္စတစ်ခုဖြစ်လာပြီး ကိုလိုနီနယ်ချဲ့ သို့မဟုတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု၏ လွှမ်းမိုးချုပ်ကိုင်ထားခြင်းခံရသော နယ်မြေတော့ချေ။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံသစ်များ ပေါ်ထွက်လာကြပြီး၊ မဟာမိတ်အဖွဲ့အစည်း အသစ်များသည်လည်း ‌ဒေသ၏ အခြေအနေကို ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။ ထို့အပြင် လက်ရှိကမ္ဘာ့အခြေအနေမှန်များအရ အစိုးရမဟုတ်သော အကြမ်းဖက်အဖွဲ့အစည်းများ (Non-State Actors) သည် ရေကြောင်းလုံခြုံရေး ပြဿနာများကို ဖန်တီးလာနေသည်။ ကမ္ဘာ့ စွမ်းအင် ကုန်သွယ်မှု အပါအဝင် ကြွယ်ဝသော အိန္ဒိယ သမုဒ္ဒရာ ဒေသရှိ ရေကြောင်း ကုန်သွယ်မှုသည် ကမ္ဘာ့ စီးပွားရေးအတွက် အရေးကြီး သောကြောင့် ထို Non-State Actors များ ဝင်ရောက် လှုပ်ရှားမှုသည် အလေးအနက်ထား စဉ်းစား ကိုင်တွယ်ရမည့် အရာဖြစ်လာပါသည်။ လွန်ခဲ့သည့်ရာစုနှစ်များမှ သင်ခန်းစာများစွာကို ပြန်လည်သုံးသပ်မှုများအရ နိုင်ငံများအနေဖြင့် စစ်ပွဲများ ဆင်နွှဲမည့်အစား၊ ၎င်း၏ရေတပ်သည် အင်အားဖြန့်ကျက်မှုများ ပြုလုပ်ရန်နှင့် ပင်လယ်ပြင်တွင် တည်ငြိမ်အေးချမ်းရေးအတွက် သံတမန်ရေးရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သင့်ကြောင်း တွေ့ရှိရသည်။

ဆိုမာလီယာ၏ ကမ်းလွန်ပင်လယ်ပြင်အပါအဝင် အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ကူး ဓားပြမှုများသည် ရေကြောင်းလုံခြုံရေးနှင့် ကုန်သွယ်ရေကြောင်းလမ်းကြောင်းများအတွက် သိသိသာသာ ခြိမ်းခြောက်မှုများ ရှိနေပါသည်။ နိုင်ငံတကာ ရေတပ်ကင်းလှည့်မှုများကြောင့် ထိုဖြစ်စဉ်များ ကျဆင်းသွားသော်လည်း ကမ်းရိုးတန်းဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုများ၏ အရင်းခံပြဿနာများသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည် (International Maritime Organization, 2021)။

အိန္ဒိယသမုဒ္ဒရာရှိ ရေကြောင်းလုံခြုံရေးပတ်ဝန်းကျင်သည် သိသိသာသာ ပြောင်းလဲလာနေသည်။ အဘယ်ကြောင့်ဆိုသော် ဒေသဆိုင်ရာ အုပ်ချုပ်မှုဖွဲ့စည်းပုံမှာ အားနည်းနေပြီး၊ အဏ္ဏဝါနယ်မြေများကို ထိန်းချုပ်နိုင်မှု စွမ်းရည်မှာ အကန့်အသတ်ရှိသောကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဧရိယာအများအပြားတွင် တရားမဝင် လှုပ်ရှားမှုအမျိုးမျိုးကို ဖြစ်ပေါ်လာစေသည်။ ၎င်းသည် ဒေသတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပြီး ဒေသတွင်း စစ်အင်အားအသုံးပြုမှု၊ ဒေသတွင်းနှင့် ဒေသပြင်ပအင်အားကြီးများ၏ ပါဝင်ပတ်သက်မှုနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများကဲ့သို့သော အဓိက ပြောင်းလဲမှုများက လွှမ်းမိုးလျက်ရှိသည်။

ကျွန်ုပ်တို့ သမုဒ္ဒရာများ၏ သန့်ရှင်းစွာ တည်ရှိရေးကို ထိန်းသိမ်းရာတွင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများသည် သတိပြုရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မြေကမ္ဘာပေါ်ရှိ သက်ရှိများ၊ လူ့သားတို့ ရှင်သန်ရပ်တည်မှု သို့မဟုတ် အခြားအရာများနှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သမုဒ္ဒရာများကို အထူးအလေးထားသော SDG ပါဝင်မှုသည် ကြိုဆိုရမည့် ခြေလှမ်းတစ်ခုဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအား ယခုအချိန်တွင် အလေးထားရာနယ်မြေတစ်ခုအနေဖြင့် အထူးအခန်းကဏ္ဍတစ်ခုအဖြစ် မျှော်မှန်းထားကြပါသည်။ သမားရိုးကျမဟုတ်သော ပြဿနာများကို ထိန်းညှိပေးရန် အဓိကမမူဘောင်များ မရှိသော်လည်း ဒေသတွင်းနိုင်ငံများအနေဖြင့် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပေါင်းစပ်ညှိနှိုင်းမှုများ ရှိပါသည်။ နိုင်ငံအချို့၏ ဉီးဆောင်မှုဖြင့် ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲမှုကဲ့သို့သော ပေါင်းဆောင်ရွက်မှုများသည် သန့်ရှင်း ကျန်းမာသော အဏ္ဏဝါပတ်ဝန်းကျင်ကို ဖြစ်ပေါ်လာစေရန် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကြုံတွေ့နေရသည်ပြဿနာမှာ ဉီးစားပေး အစီအစဉ်များ ရွေးချယ်ရာတွင် ကွဲပြားခြားနားမှု ရှိနေခြင်းနှင့် အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များ ရှိနေခြင်းတို့ ဖြစ်သည်။အိန္ဒိယသမုဒ္ဒရာ ရေကြောင်းလုံခြုံရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ဖြေရှင်းရမည့်အချက်များသည် လွန်စွာ ရှုပ်ထွေး ရောနှောနေသည် ဖြစ်သောကြောင့် သေချာစေ့ငုစွာ လေ့လာ ဖော်ထုတ် ဖြေရှင်းသွားရန် လိုအပ်နေခြင်းဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင်း သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအနေဖြင့် စင်ကာပူနိုင်ငံ ချန်ဂီရေတပ်စခန်းတွင် ဒေသတွင်း နိုင်ငံများမှ ကိုယ်စားလှယ် ရေတပ်အရာရှိများ ပါဝင်သည့် Information Fusion Centre (IFC) အား ဖွင့်လှစ် စောင့်ကြည့် သတင်းအချက်အလက်များ မျှဝေနေသကဲ့သို့ အိန္ဒိယတွင်လည်း Information Fusion Centre (IFC-IOR) ကို ဖွင့်လှစ်ထားပါသည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း သက်ဆိုင်ရာ ရေတပ်အရာရှိများအား ပုံမှန် စေလွှတ်တာဝန်‌ပေးနေကြောင်း လေ့လာတွေ့ရှိရပါသည်။


- အင်အားကြီးနိုင်ငံကြီးများ၏ အင်အာပြိုင်ဆိုင်မှုနှင့်
- အင်အား အပြန်အလှန် ထိန်းကျောင်းမှုစနစ်များ ဟန်ချက်ညီမှုတို့ ဖြစ်သည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ(SDG) နှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ

ယနေ့ခေတ်တွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ အရေးကိစ္စများသည် အရေးပါသော အကြောင်းခြင်းရာများအဖြစ် တည်ရှိနေသည် ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာဒေသရှိ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာ နားလည်ထားရန် အရေးကြီးပါသည်။ နိုင်ငံတကာ၊ နိုင်ငံတော်နှင့် ဒေသန္တရဥပဒေများနှင့် အမျိုးမျိုးသော အစီအစဉ်များနှင့် ပရောဂျက်များမှတစ်ဆင့် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သိသာထင်ရှားသော ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။ ဤအခြေအနေအရ Agenda 2030 တွင် သမုဒ္ဒရာများကို အထူးအလေးထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ(SDG) ပါ၀င်ပါသည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို SDG နှင့် ချိတ်ဆက်သောအခါ၊ စိန်ခေါ်မှုများနှင့် သက်ဆိုင်သည့် ပန်းတိုင်(Goal) ၃ ခုကို တွေ့ရှိရပါသည်။ ၎င်းတို့မှာ -
- ပန်းတိုင် ၁၃ - ရာသီဥတုလှုပ်ရှားမှု၊
- ပန်းတိုင် ၁၄ - ရေအောက် သက်ရှိများနှင့်
- ပန်းတိုင် ၁၅ - ကုန်းမြေပေါ်ရှိ သက်ရှိများ တို့ဖြစ်ပါသည်။

SDGs ၏ ရည်မှန်းချက် ပန်းတိုင်များအပြင် အိန္ဒိယသမုဒ္ဒရာ အနားသတ်နိုင်ငံများအဖွဲ့ (Indian Ocean Rim Association – IORA) ကိုယ်တိုင်က အိန္ဒိယသမုဒ္ဒရာဒေသရှိ နိုင်ငံများ၏ အသင်းအဖွဲ့တစ်ခုအနေဖြင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် မျှော်မှန်းထားသည့် ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရန်အတွက် စံနမူနာပြ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။ IORA ပဋိညာဉ်စာတမ်းတွင်ဖော်ပြထားသည့်အတိုင်း ဤပူးပေါင်းဆောင်ရွက်မှုသည် IORA ၏ ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် အပြန်အလှန်အကျိုးခံစားခွင့်များရရှိရန် အခွင့်အလမ်းအများဆုံးပေးဆောင်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို အာရုံစိုက်လုပ်ဆောင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ ပါဝင်သည်။

အိန္ဒိယသမုဒ္ဒရာရပ်ဝန်းဒေသမှ ပြိုင်ဆိုင်မှုများ

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာပေါ်တွင် ပဋိပက္ခများ ပိုမိုများပြားလာခဲ့ပါသည်။ ဤသည်မှာ အမေရိကန်၏ပြင်းထန် ရက်စက်သည့် ဝင်ရောက် စွက်ဖက်မှုကြောင့် ဖြစ်ပါသည်။ အခြားအကြောင်းအရင်းမှာ အကြမ်းဖက်ဝါဒ၊ လူကုန်ကူးမှု၊ ပင်လယ် ရေကြောင်း ဓားပြမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ဆင်းရဲမွဲတေမှုတို့ အပါအဝင် သမားရိုးကျမဟုတ်သောလုံခြုံရေးပြဿနာအသစ်များ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

ဒေသတွင်း ပြိုင်ဆိုင်မှုများအတွင်း အိန္ဒိယသဒ္ဒရာ၏ အဓိကအင်အားကြီး နိုင်ငံတစ်ခုအဖြစ် အိန္ဒိယနိုင်ငံ ပေါ်ထွက်လာခြင်းသည် ကမ္ဘာကြီးအတွက် စိုးရိမ်စရာဟု အချို့က သုံးသပ်ကြပါသည်။ ၎င်းအပြင် တရုတ်သည်လည်း ဤဒေသတွင်း လွှမ်းမိုးမှု ရရှိရန် ပိုမိုလုပ်ဆောင်လာနေကြောင်း တွေ့နိုင်ပါသည်။ ထို့အပြင် ကမ္ဘာ့အရေးအကြီးဆုံး စွမ်းအင်အဖြစ် ပါရှန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာရှိ ရေနံသိုက်များ၏ မဟာဗျူဟာတန်ဖိုးနှင့် အရေးပါသောကဏ္ဍများမှာလည်း တိုးလာနေပါသည်။

အိန္ဒိယသဒ္ဒရာသည် ဒေသတွင်း အရေးပါသောနေရာရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည့် နိုင်ငံများအတွက် နိုင်ငံတကာကုန်သွယ်မှုနှင့် ရေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်ရန်တို့အတွက် အရေးပါသော ရေလမ်းကြောင်းကြီးလည်း ဖြစ်နေပါသည်။

အိန္ဒိယသမုဒ္ဒရာတွင်း သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ


မြန်မာနိုင်ငံ အပါအဝင်ဖြစ်သော အိန္ဒိယသမုဒ္ဒရာရပ်ဝန်းဒေသ (Indian Ocean Region - IOR) သည် ၎င်း၏ လှပသော ကမ်းရိုးတန်းများနှင့် ကြွယ်ဝသော အဏ္ဏဝါအရင်းအမြစ်များကြောင့် လူသိများပြားပါသည်။ ၎င်း၏ မြေမျက်နှာသွင်ပြင်၊ အရင်းအမြစ်များ၊ အမျိုးအမည်စုံလင်သည့် သစ်ပင်ပန်းမန်များမျိုးကွဲနှင့် တိရစ္ဆာန်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွဲပြားခြားနားသည့် နိုင်ငံများကလည်း ‌ဤဒေသကို ပိုမို၍ ထင်ရှားကျော်ကြားစေပါသည်။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဘဏ် စာရင်းများအရ အိန္ဒိယသမုဒ္ဒရာရပ်ဝန်း‌ဒေသတွင်း နိုင်ငံများသည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၁၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ်လာ ၇၈ ထရီလျံခန့် ရှိသည်။ ပုံမှန်အားဖြင့် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းဖြစ်သည်။ ကျန်ရှိသော ကမ္ဘာ့အစိတ်အပိုင်းများမှစီးပွားရေးထွက်ကုန်များသည် အရေးပါသော အစိတ်အပိုင်းအဖြစ် ရှိနေသည်ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာရပ်ဝန်းမှ ထိုပမာဏမှာ မပြောပလောက်ဟု ယူဆနေကြပါသည်။ သို့သော် အိန္ဒိယသမုဒ္ဒရာ ရေပြင်၏ အနားသတ်တွင် ကမ္ဘာ့ စီးပွားရေးနှင့် ကုန်သွယ်ရေးကို သိသာထင်ရှားစွာ အထောက်အကူပြုနေသည့် ထွန်းသစ်စနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ တည်ရှိနေပါသည်။ ၎င်းရေပြင်ပေါ်တွင် အဓိကကျသည့် ပင်လယ်ရေကြောင်း ဆက်သွယ်မှု လမ်းကြောင်းကြီးများ ရှိနေသည်ဖြစ်ရာ၊ အင်ဒို-ပစိဖိတ်ဒေသကြီးသည် ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် အဓိကကျနေပါသည်။

Blue Economy သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးထူးခြားခြား အခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း ကြုံတွေ့လာနိုင်သည့် အခက်အခဲအတားအဆီးများကို သတိကောင်းစွာ ထားလျက် အကောင်အထည် ဖော်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အဏ္ဏဝါခရီးသွားလာရေးလုပ်ငန်းသည် Blue Economy ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဤဒေသသည် ခရီးသွားလုပ်ငန်းအပေါ်တွင် ကြီးမားစွာ မှီခိုနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်စူးစမ်းရှာဖွေခြင်း မပြုရသေးသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို အသုံးချရန် အလေးပေးလာကြပါသည်။ ဤဒေသကြီးကို သတ်မှတ်ထားသည့် ဝိသေသ လက္ခဏာများမှာ ရေပြင်ကျယ်ကြီးနှင့် ရေကြောင်းလုံခြုံရေး၊ စက်ပစ္စည်း ကိရိယာများ၊ ကုန်သွယ်ရေးနှင့် ကူးလူဆက်သွယ်ရေးတို့ဖြစ်ရာ အလားအလာကောင်း များစွာရှိပြီး ‌ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်စေသည့် အဏ္ဏဝါခရီးသွား လုပ်ငန်းမှာ လျစ်လျှူရှုခြင်း ခံထားရပါသည်။

မကြာသေးမီအချိန်များက ဗိုလ်ကျစိုးမိုးမှုကို လုပ်ဆောင်လိုသည့် အနောက်အင်အားကြီး နိုင်ငံအများအပြား၏ ပါဝင်ပတ်သက်မှုများ တိုးမြင့်လာမှုနှင့်အတူ ဤအိန္ဒိယသမုဒ္ဒရာဒေသ၏ ပထဝီဝင်နိုင်ငံရေးအခင်းအကျင်းသည် သိသာထင်ရှားသော အပြောင်းအလဲကို မြင်တွေ့လာရသည်။ ဒေသတွင်း နိုင်ငံများအတွက် လွတ်လပ်ပွင့်လင်းသည့် အိန္ဒိယသမုဒ္ဒရာ ကူးသန်းသွားလာရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်တစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာ အနားသတ်နိုင်ငံများ၏ သံခင်းတမန်ခင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးများသည် အဏ္ဏဝါခရီးသွားလုပ်ငန်းသည် လုပ်ငန်းတိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

အိန္ဒိယသမုဒ္ဒရာအတွင်း ရင်ဆိုင်နေရသော နိုင်ငံဖြတ်ကျော် လုံခြုံရေး စိန်ခေါ်မှုများမှာ မတူညီပေ။ ၎င်းစိန်ခေါ်မှုများသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်နေပြီး ရာသီဥတု ဖောက်ပြန်မှုအပေါ် အကျိုးသက်ရောက်မှုများလည်း ဖြစ်ပေါ်စေပါသည်။ အိန္ဒိယသမုဒ္ဒရာဒေသ၏ ပထဝီဝင်နိုင်ငံရေးသည် မကြာသေးမီ ဆယ်စုနှစ်များ အတွင်းကထက် စိန်ခေါ်မှုများ ပိုမိုများပြားလာသည်။ အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်ခဲ့သော မဟာဗျူဟာအစီအစဉ်များသည်လည်း အမျိုးအမည် ကွဲပြားခြားနားနေကြပြီး တည်ငြိမ်မှုလည်း အားနည်းနေတတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

World Energy Outlook 2009 အရ ကမ္ဘာ့ရေနံသိုက်၏ ၅၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့သိုက်၏ ၄၀ ရာခိုင်နှုန်းတို့သည် ပါရှန်ပင်လယ်ကွေ့တွင် ရှိနေသည်။ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ သိုလှောင်မှု ထိပ်တန်းနိုင်ငံ ၂၀ တွင် အပါအဝင်ဖြစ်သည်။ ဩစတေးလျ၊ အိန္ဒိယနှင့် တောင်အာဖရိကတို့တွင် ကျောက်မီးသွေးအရန်အမြောက်အများရှိပြီး သြစတြေးလျသည် အဆင် ၁ ဖြစ်သည်။ တောင်အာဖရိကနိုင်ငံသည်ထုတ်ယူနိုင်သော ယူရေနီယံ အရန်ပမာဏရှိသည့်နိုင်ငံများတွင် စတုတ္ထအဆင့် ရှိသည်။

၂၀၁၂ ခုနှစ်တွင်ထုတ်ဝေခဲ့သော Samudra Manthan အမည်ရှိ စာအုပ်တွင် ရာဂျာ မိုဟန်က ၂၁ ရာစုအတွင်း အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် အိန္ဒိယနှင့် တရုတ်တို့၏ တိုးတက်လာမှုအကျိုးဆက်များကို သုံးသပ် ဆွေးနွေးထားပါသည်။ မိုဟန်က နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် နှစ်နိုင်ငံစလုံးတွင် ကုန်သွယ်မှုအားကောင်းလာပြီး ဖွံ့ဖြိုးလာကြောင်း ဆွေးနွေးထားပါသည်။ ထို့အပြင် ၎င်းတို့သည် ရေတပ်များ တိုးချဲ့ရေးနှင့် ကုန်ကြမ်းရှာဖွေခြင်းများဆီသို့ ဦးတည်လာခဲ့သည်။ မိုဟန်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နှင့် အိန္ဒိယ၏ ပြိုင်ဆိုင်မှုများအတွက် ဖြစ်နိုင်ခြေရှိသော ရလဒ်သုံးခုကို ဖော်ထုတ်ရေးသားထားရာ ၎င်းတို့မှာ -
- လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊


(မြန်မာ့ရေးရာ အမှတ် (၃၀) ဇန်နဝါရီ၊ ၂၀၂၅ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)

မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ဆောင်ကြဉ်းလာနိုင်သည့် အိန္ဒိယသမုဒ္ဒရာ Blue Economy

နိဒါန်း

Blue Economy သည် ငါးသယံဇာတ ဖမ်းယူ ထုတ်လုပ်ရေးလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အဏ္ဏဝါဇီဝနည်းပညာစသည့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ ကဏ္ဍများကို လွှမ်းခြုံထားပြီး စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကာ သမုဒ္ဒရာဂေဟစနစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဦးတည်ပါသည်။ အိန္ဒိယသမုဒ္ဒရာသည် ၎င်း၏ ကျယ်ပြန့်ပြီး ကြွယ်ဝပေါများသော အဏ္ဏဝါအရင်းအမြစ်များကို ပေးစွမ်းသောကြောင့် အဆိုပါဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို အသုံးချနိုင်သည့် ထူးခြားသည့်ဒေသကြီးတစ်ခုပင် ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး ရှုထောင့်အရ လေ့လာမည်ဆိုလျှင် အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာ့တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး အာဖရိက၊ အာရှနှင့် သြစတြေးလျတို့အား ဆက်စပ်ပေးနေပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယသမုဒ္ဒရာသည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအများဆုံး သမုဒ္ဒရာအဖြစ် သတ်မှတ်ခြင်းခံရသည်။ နှစ်စဉ် သင်္ဘောအစီးရေ ၁၀၀၀၀၀ ခန့်သည် ဒေသတွင်းသို့ ကူးသန်းသွားလာနေပြီး ကမ္ဘာ့ကုန်သေတ္တာ တင်ပို့မှုသုံးပုံတစ်ပုံနှင့် ရေနံ သုံးပုံနှစ်ပုံအထိ သယ်ဆောင်လျက် ရှိသည်။

အိန္ဒိယသမုဒ္ဒရာရပ်ဝန်း၏ ဝိသေလက္ခဏာများ

ရာစုနှစ်များတစ်လျှောက် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း နိုင်ငံများ အချင်းချင်း ဘုံကုန်သွယ်မှု၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများဖြင့် ချည်နှောင်ထားခဲ့ကြသည်။ ဤဒေသကို ထင်ရှားစေသည့် အဓိကအချက်မှာ ၎င်း၏ ကွဲပြားသော ပထဝီဝင်အနေအထားဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုပုံစံ၊ လူဦးရေ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့သည် နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားလျက် ရှိကြသည်။

ထို့ကြောင့် နိုင်ငံတိုင်းတွင် ပထဝီဝင်သတ်မှတ်ချက်များနှင့် ပတ်သက်၍ ကိုယ်ပိုင်ထူးခြားမှုများ ရှိနေပါသည်။ နိုင်ငံရေးနယ်နိမိတ်များသည် များသောအားဖြင့် လူမျိုးရေးနှင့် ဘာသာရေးကဲ့သို့သော အခြားအရေးကြီးသောအချက်များ ဖြန့်ကျက်တည်ရှိနေခြင်းနှင့် ကွဲလွဲနေတတ်ပါသည်။ သဘာဝသယံဇာတ အမျိုးအစားများလည်း ကွဲပြားသည်။ ၎င်းတို့သည် ဒေသတစ်ခုမှ တစ်ခုသို့ အညီအမျှ ကွဲပြားခြင်းမရှိပေ။ ထိုအကြောင်းချင်းရာများကြောင့် ဤဒေသကြီး၏ ဝိသေသများအား တိတိကျကျ သတ်မှတ်ဖော်ပြရန် အလွန်ခက်ခဲစေပါသည်။ အိန္ဒိယသမုဒ္ဒရာ၏ အနားသတ်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဤသမုဒ္ဒရာကြီးမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလာအလာကောင်းများကို ဖော်ထုတ် ရယူနိုင်ရန် အရေးကြီးသည်သာမက ယနေ့ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ ရင်ဆိုင်နေရသည့် သမားရိုးကျမဟုတ်သော ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများ အန္တရာယ်မှ ကာကွယ်နိုင်ရေးတို့ကိုလည်း ဉီးစားပေးလုပ်ဆောင်ရန် လိုအပ်ပါသည်။

အဏ္ဏဝါအရင်းအမြစ်များနှင့် အိန္ဒိယသမုဒ္ဒရာ

အဏ္ဏဝါအရင်းအမြစ်များနှင့် ၎င်းတို့၏ ရှင်သန် တည်ရှိနိုင်ရေးတို့သည် လူသားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအမျိုးမျိုးတို့နှင့် ဆက်စပ်နေသောကြောင့် အရေးကြီးပါသည်။ သမုဒ္ဒရာများသည် သမိုင်းကြောင်းအရ လူသားမျိုးနွယ်စုအတွက်အစားအစာနှင့် အခြားအရင်းအမြစ်များကို ထောက်ပံ့ပေးခဲ့ပြီး တိုက်ကြီးတစ်ခုမှ ထုတ်ကုန်များအား အခြားတိုက်ကြီးတစ်ခုဆီသို့ ဆက်သွယ် ပို့ဆောင် ရောင်းချနိုင်ရန်လည်း ကူညီပေးနေပါသည်။ ထို့အပြင် သမုဒ္ဒရာများသည် အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ၊ အပန်းဖြေမှုနှင့် ယဉ်ကျေးမှုယုံကြည်ချက်များနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ၏ အရင်းအမြစ်လည်း ဖြစ်သည်။ သမုဒ္ဒရာများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များစွာကို ထုတ်ယူနိုင်ကြပြီး သမုဒ္ဒရာအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများသည် လက်ရှိတွင် ထွန်းကားနေသော ဇီဝနည်းပညာလုပ်ငန်းများအတွက် တန်ဖိုးရှိမှုကို ပြသနေပါသည်။ သမုဒ္ဒရာများသည် ရာသီဥတုစနစ်များကို ထိန်းညှိပေးခြင်းအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးဆောင်သည်။ ထို့အပြင် သမုဒ္ဒရာများသည် ကာဗွန်နှင့် အခြားအညစ်အကြေးများကို စုပ်ယူနိုင်သောသည့် ဂုဏ်သတ္တိရှိနေပါသည်။

Показано 13 последних публикаций.