Репост из: Ko Thet
❗️❗️❗️❗️❗️❗️❗️❗️❗️
ဟားခါးဒေသမှ ရန်သူ ၄၀ ဦး နေရာယူထားတဲ့ ချယ်ကုန်းကို ဒီ ၂၃ ရက် (မနေ့) နေ့လည်ပိုင်းအချိန်က စတင် ထိုးစစ်ဆင်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ရန်သူ့ကုန်းမရောက်ခင် မီတာ ၁၈၀၀ အလိုကတည်းက ထိတွေ့မှုအနည်းငယ်ဖြစ်ပြီး စစ်သည် ၁ ဦး မိုင်းထိခဲ့တယ်။
-
ဒါကြောင့် မနေ့ကတည်းက အသေးစိတ် မိုင်းရှင်းရင်း အဆင့်ဆင့် ခြေကုတ်ယူ ချဉ်းကပ်ခဲ့ရပါတယ်။ မြေပြင်တိုက်စစ်အဖွဲ့နဲ့အတူ လက်စွမ်းပြခဲ့တာက တပ်မတော် Drone Team အဖွဲ့ပါ။ ရည်မှန်းချက်ကို ချဉ်းကပ်နေတဲ့အချိန် Drone တွေက ကင်းထောက်ပြီး ရန်သူ့အခိုင်အမာနေရာတွေကို Bomb တွေ တစ်လုံးပြီး တစ်လုံး ကျဲချပေးပါတယ်။
-
ဒီလို Drone အဖွဲ့ပစ်ကူနဲ့ ဟန်ချက်ညီညီ ချဉ်းကပ်ခဲ့တာ ဒီ ၂၄ ရက် (ဒီနေ့) မွန်းလွဲ ၃ နာရီခန့်မှာ ရန်သူနဲ့ မီတာ ၅၀ အကွာကို ချဉ်းကပ်ခြေကုတ်ယူနိုင်ခဲ့တယ်။ ရန်သူနဲ့ လက်တစ်ကမ်းမှာ ရောက်နေတဲ့ မိမိအဖွဲ့တွေအပေါ် ထိခိုက်မှုမရှိစေဖို့ Drone Team က Drone တွေကို အနိမ့်ဆုံးထိ ပျံသန်းပြီး တိတိကျကျ ပစ်ကူပေးခဲ့တယ်။
-
ညနေ ၃ : ၄၅ မိနစ်အချိန်မှာတော့ Drone တွေကို အပစ်ရပ်ခိုင်းပြီး တိုက်စစ်အဖွဲ့တွေ ကျားတက်ထိုး လုံးခဲ့လို့ ရန်သူ့စခန်းကုန်းကို ရရှိခဲ့ပါတယ်။ ရဲရဲတက် .. ရဲရဲချေမှုန်းခဲ့တဲ့ စစ်သည်တော်တွေကြောင့် ရန်သူဟာ အလောင်း တွေ/လက်နက်တွေ ဆွဲပြေးပြီး ကုန်းရဲ့အနောက်ဘက် လျှိုထဲ ဆင်းပြေးသွားကြတယ်။
-
အခုသတင်းရေးတဲ့အချိန်ထိ ဆုတ်ခွာရန်သူနောက် လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး လက်တလော ရထားတာ ကတော့ -
(၁) အကြမ်းဖက် CDF အလောင်း ၁၈ လောင်း
(၂) သေနတ်မျိုးစုံ ၁၀ လက်
ရရှိထားပြီး မိမိစစ်သည် ၁ ဦးကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
-
ဆိုချင်တာကတော့ Drone တွေရဲ့ စွမ်းဆောင်ရည်ကြောင့် မိမိတပ်ဖွဲ့တွေ အထိအခိုက်အနည်းဆုံးနဲ့ အကျိုးအမြတ် ရခဲ့တယ် ဆိုတာပါပဲ။ Drone တွေကို ပေါပေါသီသီသုံးပြီး စစ်ကစားရင် လေကြောင်းပစ်ကူ မယူဘဲ အကျိုးအမြတ်များရရှိနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
-
ပုံတွေ ထပ်ရရင် တင်ပေးပါမယ် .. အဲ့ဘက် လိုင်းက မိတစ်ချက် မမိတစ်ချက် ဖြစ်နေလို့ပါ။
-
Congratulations ပါ စစ်သည်တော်များ။
KT