စခန်းသိမ်းတိုက်ပွဲသတင်း (ပွန်ချောင်း၊ဆီဆိုင်)
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်များအားမလိုလားဘဲ အေးချမ်းစွာနေထိုင်လိုသူ ဒေသခံများ၏ ခိုင်လုံသောသတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ့စစ်များပူးပေါင်း စစ်ကြောင်း သည် ရန်သူခိုအောင်းနေသည့် နေရာများအားရှင်းလင်းခဲ့ရာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့။
ဖြစ်စဉ်မှာ ဆီဆိုင်မြို့အရှေ့မြောက်ဘက် ရှိ၁၄မိုင်ခန့်အကွာရှိ နေရာ နေရာ ၂ ခု အားရှင်းလင်းစဉ် အကြမ်းဖက် PNLA/PDF အင်အား ၅၀ ဦးခန့်စီနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များမှာ ၎င်းတို့ ခိုအောင်းရာ ပွန်ချောင်း ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
အကြမ်းဖက်များဆုတ်ခွာရာနောက်သို့ ဒရုန်းတပ်ဖွဲ့များက ထပ်ချပ်လိုက်ကာ ဝေဟင်အကဲကြည့် စနစ်ဖြင့်ပစ်မှတ်များ ညွှန်ပြသည်နှင့်တပြိုင်နက် လေကြောင်းမှတိကျထိရောက်စွာချေမှုန်းပြီး မြေပြင်တပ်များမှ လည်းဟန်ချက်ညီ အချိန်ကိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များထိခိုက်ကျဆုံးမှုများလာသဖြင့် ရနိုင်သမျှ အလောင်း၊လက်နက်များကောက်ယူ၍ ပွန်ချောင်းစခန်းနေရာနှင့် ပွန်ချောင်းတံတားတို့မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက်အလောင်း ၃ လောင်း
(၂) Type-81 အမျိုးအစားသေနတ် ၄ လက်
(၃) M-22 အမျိုးအစားသေနတ် ၂ လက်
(၄) ကျည်အိမ် ၆ ခု၊ ကျည် ၁၇၁ တောင့်
(၅) ပစ်ကျင်း ၂၀ ကျင်းခန့် နှင့် ယာယီတဲများ
အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
(တိုက်ပွဲမှတ်တမ်း ဓာတ်ပုံ၊ရုပ်သံဖိုင်များအားဆက်လက်ဖော်ပြပါမည်)
တိုက်ပွဲသတင်းစုံ