◾တန့်ယန်းမှာ "ဝ" တပ်မတော် - UWSA ရဲ့နိုင်ငံရေး ပဋိပက္ခကာလထဲ တပ်သားသစ် ကောက်ခံတဲ့အပေါ် "ဝ" လူငယ်အများစု သဘောမတူ
စက်တင်ဘာလ ၂၆ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ "ဝ" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA ရဲ့ လက်ရှိ နိုင်ငံရေး ပဋိပက္ခ ကာလထဲ တပ်သားသစ် ကောက်ခံတဲ့အပေါ် "ဝ" လူငယ်အများစုက သဘော မတူကြဘူးလို့ တန့်ယန်းမြို့နေ လူငယ်တစ်ဦးက "ဝ" လူငယ့်အသံ ကွန်ရက်ကိုပြောပါတယ်။
" ရောက်တာ မကြာသေးဘူး စစ်သားစုဆောင်တာလုပ်တယ်။ ခဏခဏ အစည်းအဝေးခေါ်တယ် ။သူတို့လိုချင်တဲ့ အရာတွေ သူတို့ပြောတဲ့အတိုင်း လူထုတွေက လိုက်လျောပေးနေရတယ်။ လူထုဘက်ကတင်ပြခွင့် မပေး။အကျိုး အကြောင်းလည်မပြော။ သူတို့လုပ်ဆောင်ရမယ့် ကိစ္စတွေ လုပ်ငန်းတွေ လူထုကို အသိပေးတာ ရှင်းပြတာမလုပ်ဘူး။ ရှင်းရှင်းပြောရရင် လူထုတွေက ဘာမှမသိရဘူး"
UWSA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်ထဲ တစ်အိမ် တစ်ယောက် စစ်မှုထမ်းဖို့ အိမ်ထောင်စု စာရင်းတွေကို စတင်ကောက်ခံနေတာကြောင့် မိဘတွေအနေနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြကြောင်း ၎င်းကဆက်ပြောပါတယ်။
"ကလေးတွေကို တပ်ထဲ ပို့ခိုင်းပြီး စစ်မှုစထမ်းဖို့ခေါ်နေပြီ။ ကလေး မိဘတွေကလည်း ဒါကို စိုးရိမ်နေကြတယ်။ အခု တန့်ယန်းက "ဝ" ရဲ့တရားဝင် နယ်မြေဆိုပြီးလည်း မသတ်မှတ်ရသေးဘူး။ အစိုးရကလည်း မြို့ထဲရှိနေသေးတယ်။ ကျွန်တော်တို့ "ဝ" လူငယ်တွေအပြင် ဒီဒေသခံ အစိုးရအဖွဲ့ အစည်းတွေလည်း ဒါကို
မကြိုက်ကြပါဘူး"
လက်ရှိမှာတော့ တန့်ယန်းမြို့ထဲက "ဝ" အမျိုးသားတွေကို အဓိကထား ကောက်ခံတာဖြစ်ပြီး မဲနိုက်တဲ့ စနစ်နဲ့ သွားနေကြောင်း ထပ်မံသိရှိရပါတယ်။
" ဝ လူမျိုးရှိတဲ့ ရပ်ကွက်တိုင်းကို ကောက်ပါတယ်။ ဟိုနေ့ကပဲ ရပ်ကွက် ၅ ဝမ်နောင်အုပ်စုဘက်က လူ ၅ ယောက်ပါသွားတယ်။ လက်ရှိက ရွာတွေကို မဲနိုက်ခိုင်းတယ်။ မဲ ကျတဲ့အိမ်တွေက သွားရတယ်။ အဲ့ဒီ သွားရတဲ့အိမ်ကို မသွားရတဲ့ အိမ်က ပိုက်ဆံတွေထောက်ပြီး ပြန်ထောက်ပံ့ခိုင်းတယ်လို့ကြားတယ်"
တန့်ယန်းမြို့ထဲကို လက်ရှိ "ဝ" တပ်မတော် - UWSA ရဲ့တပ်မဟာ 171 နဲ့ 318 တပ်ဖွဲ့က ဝင်ရောက် စခန်းထိုင်နေပြီး စစ်ကောင်စီ တပ်နဲ့လည်း အစည်းအဝေးအပြီး နှစ်ဖက် အပြန် အလှန် တင်းမာနေတဲ့ အခြေအနေ တစ်ချို့ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
"အခု တပ်သားသစ် စုဆောင်းတာက မိုင်းမောအခြေစိုက် 713 လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဖွဲ့ဖို့လို့ပြောပါတယ်။အခု စကစ ကလည်း အရင်ကမထိုင်တဲ့ ဂိတ်တွေမှာတောင် ပြန်ထိုင်လာကြတယ်။ အချင်းချင်းလည်း အခြေအနေမဟန်ဘူး" ဟုနောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
UWSA ရဲ့တပ်သားစုဆောင်းမှုကို ၀လူငယ်အသံက ကန့်ကွက်ရှုတ်ချထားပါတယ်crd
#kyawswar