FTC 2000 G နဲ့ USA ရဲ့ $ 200
==========================
FTC 2000 G တိုက်လေယာဥ် ၆ စီး မြန်မာပြည်ရောက်လာပြီ ၊ နောက်ထပ် အစီး ၆၀ ထပ်ရောက်မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခါစက ကောလဟာလပဲလို့ အများက ယူဆခဲ့ကြပါတယ် ။
ယနေ့ BBC သတင်းကပါ အတည်ပြုပေးလိုက်တဲ့ အတွက် သေချာတဲ့ သတင်းအဖြစ် အခိုင်အမာ ရေးသားလို့ ကောင်းသွားပါတယ် ။
ဒီလေယာဥ်တွေက အဆင့်မြင့်လေ့ကျင့်ရေးတိုက်လေယာဥ်အဖြစ် အသုံးပြုဖို့ ထုတ်ထားတဲ့ အမျိုးအစားပါပဲ ။ G 4+ နဲ့ G 5 အမျိုးအစားတိုက်လေယာဥ်တွေ အတွက် လေ့ကျင့်ဖို့ ထုတ်ထားပေမယ့် အပေါ့စား တိုက်လေယာဥ်အဖြစ်လည်း အင်မတန်အသုံးတည့်လှပါတယ် ။
တစီးကို ဒေါ်လာ 8.5 သန်းတန်ကြေးရှိတဲ့ ဒီလေယာဥ်တွေကို တပ်မတော်က 2022 ကတည်းက စတင်လက်ခံရရှိခဲ့ပေမယ့် တပ်မတော်ကတော့ ထုံးစံအတိုင်း တရားဝင်ကြေညာခြင်း မရှိခဲ့ပါဘူး ။ ဒီသတင်းကတော့ သူပုန်တွေအတွက် သတင်းဆိုးဖြစ်နေရပါတယ် ။
တပ်မတော်အနေနဲ့ စစ်မျက်နှာများစွာကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့ လေတပ်အင်အား ဖြည့်စီးနေတဲ့ အတွက်ဖြစ်ပါတယ် ။ ဒီလေယာဥ်တွေဟာ ဝေဟင်မှ မြေပြင်သို့ ထိုးစစ်အတွက် ဘက်စုံသုံးတိုက်ခိုက်နိုင်လို့ ခြောက်ခြားစရာကောင်းလှပါတယ် ။
နောက်ထပ်သတင်းကတော့ အမေရိကန်က တနှစ်ကို ဒေါ်လာ သန်း ၂၀၀ ကူညီရာမှ NUG MNDAA နဲ့ TNLA တို့ ခွဲဝေရယူခဲ့တယ်ဆိုတဲ့ သတင်းစကားကလည်း တုန်လှုပ်စရာပါပဲ ။ MNDAA ကတော့ အပြင်းအထန် ငြင်းဆန်နေပါတယ် ။ အဓိကကျတဲ့ အမေရိကန်ကတော့ သူတို့ပေးတဲ့ ငွေကြေးကို လူသတ်ရာမှ မသုံးဖို့ ကန့်သတ်ထားပါတယ်လို့ပဲ ဖြေကြားသွားပါတယ် ။ မပေးဖူးလို့ မငြင်းဘူးနော် ။
NUG နဲ့ MNDAA တို့ ဘယ်လိုပဲ ငြင်းပါစေ နစကရဲ့ သေချာတဲ့ စွတ်စွဲချက်ကို ( ဒီလို ပြောခဲလှပါတယ်) တရုတ်တို့ကလည်း အတည်ပြုပြီးပါပြီ ။ အမေရိကန်ကိုယ်တိုင် ငြင်းမရမှန်းသိလို့ ဆင်ဝှေ့ရန်ရှောင် ဝန်ခံပြီးပါပြီ ။ ပညာမဲ့လူလိမ် NUG နဲ့ MNDAA တို့ လိမ်နေလည်း ဘယ်သူမှ သူတို့ကို မယုံကြည်ကြပါဘူး ။
နောက် ရုရှားက ကိုယ်စားလှယ်နဲ့ ကုလ လူ့အခွင့်အရေးတာဝန်ရှိသူတို့ တွေ့ဆုံပြီး မြန်မာ့အရေးပြောကြတော့ မြန်မာ့ပြည်တွင်းရေးကို ဘယ်သူမှ ဝင်မစွက်ပါနဲ့ လို့ တားမြစ်တဲ့ သတင်းကို အနောက်တိုင်း မီဒီယာတွေ အသံမထွက်ကြသလို ပြည်တွင်းက သစ္စာဖောက် မီဒီယာတွေလည်း အသံမထွက်လာကြပါဘူး ။
ဒီ အချက်တွေက ရုရှား နဲ့ တရုတ် တို့ရဲ့ တပ်မတော်အပေါ် အခိုင်အမာ ကူညီထောက်ပံ့နေမယ့် အချက်တွေမို့ အင်မတန် အရေးကြီးပါတယ် ။ တပ်မတော်အတွက် လက်နက်ခဲယမ်း နဲ့ လောင်စာဆီ အတွက် အာမခံချက်တွေ ဖြစ်သလို ရန်သူအတွက် သွေးကြောဖောက်ခံရမယ့် သတင်းတွေဖြစ်ပါတယ် ။
တပ်မတော်ကတော့ သူ့အလုပ်သူ လုပ်နေပါတယ် ။ လုပ်သမျှအပေါ် အားမရတာလည်း ရှိနေကြမှာပါပဲ ။ တပ်တွင်း သစ္စာဖောက်တွေရဲ့ သတင်းတွေကလည်း လှိုင်လှိုင်လေးကြားနေရလို့ တပ်မတော်ရဲ့ အခက်အခဲကိုလည်း နားလည်မှုပေးရမှာပါပဲ ။
တိုက်ပွဲစုံသတင်းတွေကတော့ ကြားနေရတာပါပဲ ။ သီပေါမှာ တိုက်ပွဲပြင်းထန်နေပြီး တပ်ရင်း ၂ ခု ဆုတ်ခွာပေးရကာ ၂၃ ထဲမှာ ပူးပေါင်းခုခံနေရတယ်လို့ ဆိုပါတယ် ။
လေကြောင်းတိုက်ခိုက်မှုတွေ စိတ်လာသလို PDF တို့ရဲ့ ယုတ်မာ ရက်စက်မှုတွေလည်း များပြားလာနေပါတယ် ။ အသွားအလာ အနေအထိုင် သတိကြီးစွာ ထားကြရမယ့် ကာလပါပဲ ။
ပဒက်ကင်းစင်နယ်မြေတွေ များပြားလာဖို့ ယခုထက် ပိုမိုအားစိုက်ဖို့ လိုနေပြီလို့ မြင်မိပါတယ် ။ တကယ်တိုက်ရင် ပဒက်တွေ နေစရာမရှိပါဘူး ။ တပ်တွင်းလောက်တွေကို ပဒက်စုဖွဲ့မှု စကေးနဲ့ ဖော်ထုတ်လို့ ရနိုင်ပါတယ် ။
ပဒက်များများ စုဝေးနေတဲ့ ဒေသရဲ့ စစ်ရေးတာဝန်ခံအရာရှိတွေဟာ လောက်ကောင်ဖြစ်ဖို့များပါတယ် ။ မိမိအပိုင်စားနယ်မြေအတွင်း ပဒက်မွေးထားတဲ့ တာဝန်ခံအရာရှိတွေကို သတိကြီးစွာထားပြီး စောင့်ကြည့်သင့်ပါပြီ ။
ကိုရွှေမျိုးဝင်း