၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား MRTV နှင့် ဆက်စပ်ရုပ်သံ၊ ရေဒီယို FMနှင့် Online တို့မှတိုက်ရိုက်ထုတ်လွှင့်မည်
================
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားမစတင်မီ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲမစတင်မီခေတ္တရပ်နားချိန်နှင့် ပွဲပြီးချိန်များ၌ နာမည်ကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်၍ မိဘပြည်သူများတိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် ယင်းနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ မှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သော MRTV– HD၊ MRTV Sports ၊ MRTV Parliament ၊ MRTV Farmers’ နှင့် MWD HD Channel ၊ MWD Variety HD Channel ၊ အကျိုးတူရုပ်သံလိုင်းများဖြစ်သော Channel 7 ၊ 5 plus ၊ Sports 1 ၊ MNTV ၊ M Channel ၊ Channel K ၊ Mahar Esport တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြ သော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များ ဖြစ်ကြသော Star ၊ သဇင်တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website ၊ MRTV App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် ပိတ်ပွဲအခမ်းအနားကို Fortune နှင့် YTV တို့မှလည်း Delay ပြသမှုဖြင့် ဆက်လက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။