ပြည်ပပို့ကုန် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ နှစ်ဆတိုးတင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ပပို့ကုန် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ နှစ်ဆတိုးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ Dakhina Meat Export Company Limited သို့ရောက်ရှိပြီး ပြည်တွင်းဖြန့်ဖြူးနေမှုနှင့် ပြည်ပသို့တင်ပို့မှုအခြေအနေများကို ကြည့်ရှုသည်။
လိုက်လံကြည့်ရှု
ကြည့်ရှုစဉ် Dakhina Meat Export Company Limited တာဝန်ခံက အသားပိုင်းဖြတ်ခြင်း၊ အသားပြုတ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းအဆင့် ဆင့်ကိုတင်ပြရာ ဒုတိယဝန်ကြီးက အသားထုတ်လုပ်မှု ကဏ္ဍတန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေးနှင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံအတွင်း လိုက်လံကြည့်ရှုသည်။
ဆွေးနွေးမှာကြား
ထို့နောက် မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက်သို့ရောက်ရှိရာ တာဝန်ခံက စိုက်ပျိုးရေးထွက်ကုန်သစ်သီးဝလံများအား အဆင့်မြင့်စားသောက်ကုန်များအဖြစ် သစ်သီးခြောက်၊ ယိုမျိုးစုံ၊ စည်သွတ်ဘူးနှင့် ဝါးမှထွက်သည့် ကုန်ချောထုတ်လုပ်မှုများ၊ ပြည်တွင်းဈေးကွက် ဖြန့်ဖြူးမှုနှင့် ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့်စံချိန်စံညွှန်းများကို လုပ်ငန်းရှင်များဘက်က တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/159672
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd