Myanma Today (မြန်မာ့တူ​ဒေး)


Kanal geosi va tili: Myanma, Birmancha


နိုင်ငံတကာနှင့် ​ဒေသတွင်း သတင်းဦး၊ သတင်းထူး၊ သတင်းမှန်များ

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri


တိုက်ပွဲသတင်းစုံ dan repost
ဂုဏ်ယူဝမ်းမြောက်ပါသည် ❤️
-


May Yu Htar Nay dan repost
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၈ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နေ့လည် ၁၁ နာရီအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌နေ့လည် ၁၂ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့‌‌ကြောင်း၊နေ့လည် ၂ နာရီအချိန်ခန့်က ဆင်ခုံတိုင်မြောက်ဘက် မီတာ ၆၀၀ခန့်အကွာ ရှိကာကင်းစခန်းအား သောင်းကျန်းသူများမှလာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊နေ့လည် ၃ နာရီအချိန်ခန့်ကဆင်ခုံတိုင်လုံခြုံရေးစခန်းပတ်၀န်းကျင်တွင်နယ်‌‌မြေရှင်းလင်းရေးဆောင်ရွက်နေသောစစ်‌ကြာင်းများနှင့် နှစ်ဖက်တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ၃ နာရီခန့်အကြာတွင် သောင်းကျန်းသူများအားရှင်းလင်းတိုက်ထုတ်နိုင်ခဲ့‌ကြောင်း သိရှိရပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


lashio thar dan repost
မူဆယ်မြို့၊ ကျားဖြန်လုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိ

၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျားဖြန်(အွန်လိုင်းလိမ်လည်မှုလုပ်ငန်း)လုပ်ကိုင်နေကြောင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝမြင့်မားရေးကို အလေးထားသည့် ဒေသခံတိုင်းရင်းသားများ၏ သတင်းပေးပို့ချက်အရ တာဝန်ရှိပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၂၀ ဦးနှင့်အတူ ကျားဖြန်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၇၄ လုံး၊ Laptop ၂ လုံး၊ WiFi စက် ၅ လုံး၊ တရုတ်ငွေ ၅၅၀၀၀ ယွမ် တို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့...
ဖမ်းဆီးရမိတရုတ်နိုင်ငံသားများအား ဥပဒေနဲ့အညီထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ...

#ဦးဦးပိုင်ဦး


Ko Thet dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
မွတ်ဆလင်အမျိုးသမီးငယ်များ AA အဖွဲ့ဖမ်းဆီးခြင်းခံရစဥ် လိင်အကြမ်းဖက်ခံရကြောင်း ၎င်းတို့ထံမှ ထွက်ပြေးလွတ်မြောက်လာသည့် ဘူးသီးတောင်ဒေသခံ မွတ်ဆလင်အမျိုးသမီးငယ်များပြော
-


𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
====================
ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မိန့်ခွန်းပြောကြားရာတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး
“လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့်အတိုင်း မိမိတို့တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ
ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သားဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် အမိန့်နာခံမှုကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့်
စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။




𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) မှ ဆုရဗိုလ်လောင်းများအား ဆုများပေးအပ်ချီးမြှင့်
====================
ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ကောင်းမြင့်မြတ်ထွန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း သော်ဇင်ဦး နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း
အောင်ကိုကိုထက် တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


မှိုင်းဝေ dan repost
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်  တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား 🇲🇲🇲🇲🇲🇲


𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း


𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း


𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း


𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ dan repost
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း


People Media dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ယနေ့ မွန်းလွဲ ၅:၃၀ အချိန်က မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊၇၇လမ်း၊၃၆×၃၇လမ်း ကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို အကြမ်းဖက်သမားများက ဓါး​မြတိုက်ရာ ဆိုင်ရှိ ရွှေ ၄ပိဿာခန့်ပါသွားကြောင်း သိရသည်။

#PeopleMedia


နောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်သာစဉ်းစားကြည့်ကြပါတော့၊

ဆီရီးယား အစိုးရသစ် အစည်းအဝေးမြင်ကွင်းပါ၊ ဒါကအစိုးရအတွင်းမှာ ဈေးဦးပေါက်ပဲရှိပေါသေးတယ်၊

အမေရိကန်နောက်ခံ Kurds နယ်မြေအနီးမှာ HTS စုဖွဲ့နေပြီ၊ မကြာခင် တိုက်ကြဦးမယ်၊

( သိမ်းတာ လွယ်တယ်၊ ထိမ်းတာခက်တယ်လို့ ရေးခဲ့တာ မျက်မြင်ပါပဲ၊ မြန်မာပြည်က EAO တွေမြင်ဖို့လိုပါတယ်၊ သူတပြန်သိမ်း၊ ကိုယ်တပြန်သိမ်းနဲ့ တိုင်းပြည်အပျက်ခံကြတော့မလား❓စဉ်းစားကြဖို့ပါ )


BaMg ☯️

.


နေပြည်တော်👌👌 dan repost
-----------
UWSAဝတပ်ဖွဲ့
ထိုင်းနယ်စပ် အခြေပြု
စစ်စခန်းဆုတ်ခွာပေးဖို့
ထိုင်းစစ်တပ်RTA
ရာဇသံ ပေးထားတာ18.12.2024
ဒီကနေ့နောက်ဆုံးရက်စွဲဖြစ်နေပါ၍

တကယ်လို့များUWSA
ဝတပ်ဖွဲ.ကခေါင်းမာမာ
အံတုငြင်းဆန်အချက်ပြလာပါက
00:00အချိန်အခါ
ညသံခေါင်ယံကျော်လွန်သွားရင်
ထိုင်းဘုရင့်တပ်မတော်
RTAအမှတ်-3စစ်တိုင်းဌာနချုပ်
လက်အောက်ခံထိုင်းစစ်သားများ
ဝင်ရောက် တိုက်ခိုက်
ရှင်းလင်းမယ်လို့သတင်းပြန့်နေပါတယ်

အလားတူမြန်မာတည်ဆဲအစိုးရက
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ
17.12.2024ရက်စွဲဖြင့်လက်ရှိ
အငြင်းပွားပြဿနာတက်နေတဲ့
ထိုင်းနယ်စပ်အရေး
သံတမန်နည်းလမ်းနဲ့
နိုင်ငံတော်အဆင့်ငြိမ်းချမ်းစွာ
အဖြေရှာညှိနိုင်း ဆွေးနွေးရန်
အသင့်ရှိကြောင်းပြောခွင့်ရသူ
ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်း"
လေသံပစ်ပြောကြားပါတယ်

အထူးသဖြင့်UWSAဝတပ်ဖွဲ့
စစ်ခေါင်းတချို့က
မိမိတို့ဝတပ်သားများ
ထိုင်းနယ်စပ်မှာအခြေပြု
တပ်စွဲနိုင်ဖို့ဝစစ်သား2300ကျော်
အသက် သွေးချွေးများနဲ.
ရင်းနှီး ပေးဆပ်ရကာ
နှစ်ပေါင်း26-နှစ်လောက်
တပ်စွဲနေထိုင်လာကြောင်း
အရေးဆိုပါတယ်

ဘယ်လိုပဲဖြစ်စေ
UWSAဝတပ်ဖွဲ့ဟာ
ထိုင်းနိုင်ငံတော်နဲ့
ထိုင်းလူမျိုးများအား
ချစ်ခင်ရင်းနှီးမှုကို
အမြဲ လိုလားကာ
မည်သည့်အကြောင်းကြောင့်ဖြစ်စေ
ထိုင်းစစ်တပ်နဲ.
ရန်ပြု တိုက်ခိုက်ခြင်း
လုံးဝမလိုလားပါ၍
နယ်စပ် စစ်စခန်းများဖျက်သိမ်း
ဆုတ်ခွာရန်အချိန်ကာလ
3-လပေးအပ်သင့်ကြောင်း
အဆိုပြုပါတယ်

ထိုင်းနိုင်ငံရေးလေ့လာသူများအဆိုအရ
လက်ရှိညွန့်ပေါင်းထိုင်းအစိုးရဟာ
စီးပွားရေးကိုင်တွယ်မှု
ညံ့ဖျင်းနေသလိုနိုင်ငံတော်ရဲ့
အချုပ်အခြာ အာဏာ
ဆုံးရူံးစေသောရေပြင် ပိုင်နက်
ကော်ကုန်း"ကျွန်းငယ်လေး
MOU-44သဘောတူညီချက်
ရုပ်သိမ်းရန်ကမ်ပူးချားနိုင်ငံနဲ့
ပြဿနာတက်ရူပ်ထွေးနေပါ၍
ဘန်ကောက်မြို.တော်မှာ
အဝါရောင်လူထုများ
အစိုးရအပေါ်ဆန့်ကျင်အုံကြွ
နိုးဆော်နေချိန်အခါ
ထိုင်းပြည်သူလူထု90-%
မျက်မုန်းကျိုးနေတဲ့
UWSAဝတပ်ဖွဲ့အား
နယ်စပ် ပြဿနာ
အရေးဆို အကြောင်းပြပြီး
ပြည်သူလူထုထောက်ခံမှု
ပြန်လည်ဦးမော့ယုံကြည်အားကိုး
နိုင်ငံရေးရမှတ်ကောင်းရရှိနိုင်ဖို့
မူးယစ်တရားခံလဝ"စစ်သားအား
စစ်မျက်နှာဖွင့်တိုက်ဖို့100-%
ဖြစ်လာနိုင်ပါ၏
++++++++++++++

https://t.me/KKM28640

15 ta oxirgi post ko‘rsatilgan.