ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲ ဆက်မဖြစ်ဘူး ဆိုမှတော့ စစ်တိုက်ကြရုံပေါ့။ ဒီနေရာမှာ အရေးကြီးတာကတော့ "UWSA" နဲ့ တရုတ်ပဲ။
ဘယ်လိုပဲ ကာဗာလုပ်လုပ်၊ ကိုးကန့်က ပြည်သူစစ်တွေကို ကျားဖြန့်ခေါင်းစဉ်နဲ့ကြိုးတုပ်ပြီး MNDAA ကို မီးစိမ်းပြခဲ့တာက တရုတ်ပဲ။ ဒီ ၁ နှစ် အတွင်းမှာ မွေးထားတဲ့ EAO တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ရတာကို တရုတ်ပြန်ပြီး ထိန်းညှိပေးဖို့ လိုတယ်။
လက်ရှိ အခင်းအကျင်းအရ တပ်မတော်မှာ ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ တပ်ချုပ်ကြီးက လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပါလို့ ပြောထားတာက ဝန်ကြီးချုပ်တယောက်အနေနဲ့ရော ၊တပ်ချုပ်ကြီး တယောက်အတွက်ပါ စကား ကုန်ပြီလို့ ယူဆရတယ်။ ဆိုတော့ ....လက်ရှိနေမြဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအနေနဲ့ လွတ်လပ်ရေးပွဲတို့ ၊ ဒီဇင်ဘာ လူထု လမ်းလျှောက်ပြိုင်ပွဲတို့မှာ လားလား လားလား လုပ်မနေပဲ စနစ်တကျ ခံစစ်ပြင်ပြီး ဘယ်လို စစ်တိုက်မလဲ ဆိုတာ ဆွေးနွေးဖို့ပဲ လိုတော့တယ်။
ဒုတိယအချက်ကတော့ ....ဘယ်လိုမှ နောက်ဆုတ်မပေးဘူး ဆိုမှတော့ ကူမင်း ဆွေးနွေးပွဲလည်း ပျက်တဲ့အနေအထားမှာ ဟိုက်ဂင်ဆွေးနွေးပွဲကာလတုန်းက ဒီတိုင်း ခံစစ်အသေ ထိုင်စောင့်ခဲ့တာကို နမူနာယူကြပေါ့။ ဆိုလိုတာက ...ရန်သူကအထိမနာပဲနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုပြီး ထ ပြောစရာ အကြောင်းမှမရှိဘဲ။ ဒီတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ။ အကြမ်းဖက်လူသတ်၊ ဘာသာရေးလည်း စော်ကား၊ လမ်းတံတားတွေချိုးပြီး မြို့တွေသိမ်းထားတဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ချေမှုန်းချေမှုန်း တရားတယ်လို့ ယူဆတာပဲ။ ရန်သူလုပ်တဲ့ ပုံစံကိုက နိုင်ငံတခုရဲ့ တပ်မတော်ကို ဖင်ပုတ်၊ ခေါင်းပုတ် လုပ်နေတယ်လို့ပဲ မြင်မိတယ်။ ဒါက ကိုယ်တယောက်တည်း အမြင်တော့ မဟုတ်ဘူး။ တတိုင်းပြည်လုံးက မြင်တဲ့အမြင်။ ကြာရင် အိမ်နီးနားချင်းတွေကပါ အထင်သေးပြီး သွေးတိုးစမ်းလာနိုင်တဲ့အခြေအနေမျိုးဆိုတာလည်း တွေးဖို့ လိုအပ်တယ်။
နောက်ဆုံးအချက်အရေးကြီးတာကတော့ ရန်သူက တတိယအကြိမ် တိုက်စစ်ဖွင့်တာကို ကိုယ်က ငြိမ်ခံမလား၊ ဒါမှမဟုတ် ကိုယ်အားသာတဲ့ လေကြောင်းနဲ့အရင် စိစိညှက်ချေမှုန်းမလား ဆိုတာ အဓိက ဖြစ်လာတယ်။ ဒီနိုင်ငံမှာ ဘရွှေ လက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရတယ်ဆိုတာ တနိုင်ငံလုံးကို ပြားပြားဝပ်အောင် အရင်ဦးနှိမ်ထားလို့ လုပ်လို့ရခဲ့တာလို့ပဲ မြင်မိတယ်။ အကြမ်းဖက် လူသတ်နေတဲ့ သူတွေကို ဘာဒီမိုကရေစီ ရွှေရင်အေး တရားမှ ဟော နေစရာ အကြောင်းကို မရှိတာ။
ဒါနဲ့ မေးစမ်းပါဦးမယ်။ ခုချိန် တပ်က ရွေးကောက်ပွဲ လုပ်ပေးပြီး အရပ်သား အစိုးရတက်လာလည်း ခု အညာမှာ အခွန်ဆပ်ကြေးနဲ့ သာယာနေတဲ့ PDF တွေက လက်နက်စွန့်မယ် ထင်လို့လား။
အဖြေကဒါပဲ။
(နရီမိုး)