Copy Thant Nay Soe
(၀၇. ၀၇) မှတ်တမ်း 🍁
အဲဒီနေ့ (၇.၇. ၂၀၂၄) မရောက်ခင်ကတည်းက တရုတ်ကြေးစားတွေ လားရှိုးကို အုံနဲ့ကျင်းနဲ့ဝင်ဆောင့်တော့မယ် ဆိုတဲ့သတင်းရခဲ့တယ်။ တော်ရုံသတင်းတွေမတင်တဲ့ ကျွန်တော်တောင် အဲဒီကိစ္စကိုတော့ (ခံတပ်မြို့တော်) ဆိုတဲ့တစ်ပုဒ်မှာ ထည့်ရေးဖြစ်လိုက်ပါတယ်။
အဲဒီနေ့မတိုင်ခင် (၆) ရက်နေ့ညကတည်းက ပစ်ခတ်မှုတွေနည်းနည်းစိပ်လာတယ်။ (၇) ရက်နေ့ မနက်ကျတော့ တကယ်ကို အကြီးအကျယ်ပါပဲ။ အဲဒီနေ့မနက်ပိုင်း ကျွန်တော် နေမကောင်းလို့ လှဲနေရင်းက စက်သေနတ်သံတွေ၊ လက်နက်ငယ်သံတွေက အရပ်မျက်နှာပေါင်းစုံက ဝိုင်းနေသလိုကို ကြားလာရတော့တယ်။ ခါတိုင်း ဒီလောက်မနီးဘူး။ စိတ်ထဲမှာတော့ စပြီပေါ့လေ။ ထုံးစံအတိုင်း တိုက်ကြတော့တာပါပဲ။ မိုးတွေကရွာ တစ်မနက်ခင်းလုံးအကုန်ပဲ။
နေ့လယ်လောက်ကျ လက်နက်ငယ်သံတွေ ငြိမ်သွားပြီး လက်နက်ကြီးသံလောက်ပဲ တစ်ချက်တစ်ချက် ကြားရတယ်။ ရာသီဥတုလေးကလည်း သာသာယာယာပါပဲ။ ကျွန်တော်တောင် ဆေးဝယ်ဖို့ ရပ်ကွက်ကို တစ်ပတ် ပတ်လျှောက်လိုက်သေးတယ်။ တွေးမိပါတယ်။ ဒီလောက်ဆို မဆိုးလှဘူးပေါ့။ ရှော့တိုက်ဒုံးတွေကတော့ ထုံးစံမပျက်ပါပဲ။
ညနေကျ ဒေါ်ခင်မရောက်လာတယ်။ သူမသေသေးကြောင်း လာပြောတာ တဲ့။ သူက အေတီဘက်မှာ နေတော့ သူနေတဲ့ဘက်ခြမ်းမှာ မနက်က တိုက်ပွဲဖြစ်လို့ သူတို့တွေ ပြေးကြရတော့မလိုဖြစ်ကြောင်း လာပြောတယ်။ ပြောရင်းက သူငိုတယ်။ "ငါအရင်က ဒီကောင်တွေလို ဒီလောက်မမုန်းဖူးဘူး။ အခုတော့ မုန်းတယ်။ နာကြည်းတယ်" လို့ ရေရွတ်နေတယ်။ ရန်သူဟာ ရေအေးချောင်းဘက်ကနေ ထိုးဖောက်လာတာဖြစ်ပါသတဲ့။ ဒါပေမဲ့ တပ်က ထိန်းချုပ်လိုက်နိုင်တယ်။ အခုတော့ အေးဆေးဖြစ်သွားပြီး သူ့အိမ်ကလူကြီးတွေတောင် သာသာယာယာ အနားယူနေပြီလို့ လာပြောတယ်။ သူတို့ရပ်ကွက်က လူကြီးတစ်ယောက်ကတောင် သူတို့ဆီ လာလည်ရင်း "ငါ ဒီတိုင်းမှူးကို ယုံတယ်။ တိုင်းမှူးက သိပ်တော်တာ။ သူ ကာကွယ်ပေးမှာ။ မတော်လို့ ဒီစစ်ထဲမှာ ရန်သူ့ကျည်ကြောင့် ငါသေခဲ့ရင်တောင် တိုင်းမှူးကိုတော့ ဆုချဦးမှာ" လို့ကို လာပြောသွားပါသတဲ့။ လားရှိုးတိုင်းမှူးဟာ ကျွန်တော်ရေးတာထက်ကို ပိုတော်တဲ့လူပါ။ (သူ့ကို စစ်ပွဲကာလအတွင်း ပြောင်းပစ်ရင်တော့ အဘက ပြည်သူကို သစ္စာဖောက်တာပါပဲ)
ပွဲကြီးပွဲကောင်းက ညမှဖြစ်တာပါ။ တစ်နေကုန် ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း ညနေ (၆:၄၇) လောက်ကျ (၅၀၇) ဆုတ်ပေးလိုက်ရပြီဆိုတဲ့သတင်းတွေ တက်လာတယ်။ ဟိုကောင်တွေက သာလွန်အင်အားနဲ့ ဝင်ဆောင့်ပြီး ခဏဖယ်ပေးရတဲ့ အတောအတွင်း နာရီဝက်လောက်လေးကို အပြေးအလွှား ဓာတ်ပုံရိုက်ပြီး ခေတ်သစ်ကိုပို့တယ်။ ခေတ်သစ်ကလည်း ဘာ ညာ ထ ကြွယ်တာပေါ့။ အဲဒီနောက်ပိုင်း မကြုံဖူးတဲ့စစ်ပွဲပုံစံသစ်ကို တွေ့ရတာပဲဗျာ။
မြို့အထွက်ဘက် တောင်တန်းတွေဆီကနေလည်း စစ်ပွဲကြောင့်အလင်းရောင်တွေ ဖျိုးဖျိုးဖျတ်ဖျတ် ထ နေတယ်။ မြို့ထဲကနေလည်း (၅၀၇) ဘက်ကို ဒုံးတွေနဲ့ချည်းဆော်တာ အတွဲလိုက်ပါပဲ။ ကိုယ့်လူတွေ ခဏဖယ်ခိုင်းပြီး အသေကြိတ်တာ။ ဗုံးကြဲလေယာဉ်တွေရော ကင်းထောက်လေယာဉ်တွေပါ အစုံပါပဲ။ အဲဒီလောက်ကြိတ်မှလည်းဖြစ်မှာလေ။
တစ်ညလုံးဆော်တယ်။ မှတ်မှတ်ရရ တစ်ကြိမ်မှာဆိုရင် အတွဲလိုက်ဒုံးကြီးဆီကနေ ရှစ်ချက်ဆက်တိုက် ပစ်တဲ့အသံကို ကြားလိုက်ရတာပါ။ စိတ်ထဲမှာ လုံခြုံသွားတယ်။ ဒါ လားရှိုးပဲ။ ရမခပဲ။ ဒီမြေဟာ တရုတ်သင်္ချိုင်းဖြစ်စေရမယ် - လို့ ကျွန်တော် ရေရွတ်လိုက်တယ်။ ဒုံးကျည်ကြီးတွေရဲ့အသံက ကျွန်တော်တို့ရဲ့ အားသာချက်ကိုပြနေသလိုပဲ။ လေယာဉ်တွေကလည်း အနည်းဆုံး လေးကြိမ်လောက် ဗုံးလာကြဲပေးတယ်။ တွေးကြည့်လို့ရပါတယ်။ ဘယ်လောက် ကြီးမားတဲ့တိုက်ပွဲကြီးလဲဆိုတာ။ တိုက်ပွဲမဖြစ်ခင် ကြိုတင်စိမ့်ဝင်ထားတဲ့ကောင်တွေက ရိက္ခာရုံကိုလည်း ဝင်သိမ်းဖို့ကြံကြသေးတယ်ကြားတယ်။ ရစရာလားလေ။ ဒီကောင်တွေက ရပ်ကွက်(၅) ဘက်မှာ အသင့်နေရာယူပြီးကို တိုက်ကြတာ။ မြို့ခံတွေကတော့ နားလည်မှာပေါ့လေ။ ခင်ဗျားတို့သိလား... ကျွန်တော်တို့မှာ တိုင်းမှူးကြီးနဲ့ ရမခစစ်သည်တွေပေးတဲ့အသက်ပဲရှိတော့တယ်။
မနက်ကျ (၅၀၇) မှာ နိုင်ငံတော်အလံ လွှင့်တဲ့ ဗီဒီယိုလေး တက်လာတယ်။ တစ်ညလုံးပွဲကြမ်းတာကို ကြုံခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ ဒီထက် ကျက်သရေ မင်္ဂလာရှိတာ မရှိတော့ပါဘူး။ (၅၀၇) ဟာ ဘာတိုက်ပွဲမှမဖြစ်ခဲ့သလို သန့်စင်အေးချမ်းနေတယ်။ ဒါ ရမခပဲ။ ဒီအောင်ပွဲဟာ တပ်မတော်ရဲ့ အောင်စိတ်ကို ကိုယ်စားပြုတယ်။
ကျွန်တော်ထင်တယ်။ အဲဒီနေ့က လားရှိုးမြို့ပတ်ပတ်လည်တပ်တွေ ထိတွေ့မှုမရှိတဲ့တပ်မရှိလောက်အောင် ပတ်ပတ်လည်တိုက်ခံခဲ့ရတာပါ။ ဆေးကျွေးထားတဲ့ ဇွန်ဘီတွေဟာ လူသားမိတ္တူပွားထားသလားထင်ရလောက်အောင် မြို့ကိုတရကြမ်း ဝင်စီးခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လားရှိုးပါ။ ရမခ ပါ။ နေဝန်းနီကြီးထွန်းတောက်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပါ။ ကျွန်တော် တကယ်ကို လေးစားဂုဏ်ယူစွာ ဦးညွှတ်ပါတယ်။
လက်ရှိ ဒီစာကို ကျွန်တော်ရေးနေတဲ့အခိုက် လားရှိုးမြို့ကြီးက ငြိမ်သက်နေပါတယ်။ ကလေးတွေကို ပလောင်စာ ကိုးကန့်စာမသင်စေချင်ဘူး၊ တပ်မတော်ပဲ နိုင်ပါစေ - ဆိုတဲ့ စစ်ရှောင်တွေရဲ့ပို့စ်တွေ ပျံ့နေတယ်။ မတတ်သာလို့ ရှောင်ခဲ့ကြသူတွေလည်း တပ်မတော်ကြီးကိုပဲ အနိုင်ရစေချင်တယ်။