Diet (2022)
Diet လုပ်တယ်ဆိုတာ ဒီဘက်ခေတ်မှာ အတော်လေး ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။
ဝိတ်ချမယ်လို ဆိုလိုက်တာနဲ့ အသက်ထွက်မတတ် လေ့ကျင့်ခန်းတွေလုပ်ပြီး မသေရုံတမယ် စားရတာတွေကို ပြေးမြင်မိကြမှာပါ ။
ဒါပေမဲ့ ဒီအစီအစဉ်ကတော့ အဲဒီလိုမျိုးတွေကနေ ကွဲထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့
ဝိတ်ချနိုင်မယ့် နည်းလမ်းတွေကို ပြသပေးသွားမှာပဲ ဖြစ်ပါတယ် ။
၃၈ ကီလို ကျအောင် ဝိတ်ချခဲ့ပြီး ၁၃ နှစ်တိုင်တိုင် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို
ထိန်းသိမ်းထားနိုင်တဲ့ Kim Shin Young က Host အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပြီးတော့
ဝိတ်ချမယ့်အဖွဲဝင်တွေကတော့... သရုပ်ဆောင်ပိုင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင် Ha Jae Suk
ကျက်သရေရှိပေမဲ့ ဘီယာဗိုက်ထွက်နေတဲ့ အသောက်တလိုင်း သရုပ်ဆောင် Go Eun Ah
Generation MZ တွေကြားထဲမှာ ရေပန်းစားတဲ့ ဂီတပညာရှင် Park Moon Chi
ထိပ်သီး အကပညာရှင်ဖြစ်ပေမဲ့ ကလေးမွေးပြီး ဝိတ်တက်လာတဲ့ Bae Yoon Jung
Week-dieter Kim Ju Yeon နဲ့ Brave Girls အဖွဲက အိုင်ဒေါ Yu Jeong တိုပဲ
ဖြစ်ပါတယ် ။
စိတ်တိုင်းကျ စား ၊ စိတ်တိုင်းကျ နေပြီး ဝိတ်ကျအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်
https://t.me/Diet_CMhttps://channelmyanmar.org/tvshows/diet-2022/