Postlar filtri


INSANE (2016)

နာနမ်ဆူက '၂၄ နာရီ' ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပီဒီ ပါပီဒီနာက သူ့ရဲ့ရှိုးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစုံစမ်းရှာဖွေနေသူပေါ့
တစ်ရက်မှာတော့ ပီဒီနာရဲ့ ရှိုးအတွက် စိတ်ဝင်စားစရာ ဒိုင်ယာရီလေး တစ်ခုရောက်လာခဲ့ပါတယ်အဲဒီဒိုင်ယာရီကို ရေးသားထားတဲ့ကောင်မလေးက " ဂန်ဆူအာ "

ဒိုင်ယာရီထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက...ဂန်ဆူအာဟာအိမ်ပြန်လမ်းမှာအဖမ်းခံလိုက်ရပြီးစိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပို့ခံရတယ်...သူမအဲဒီစိတ်ကျန်းမာရေးဆေးရုံထဲမှာပိတ်မိနေတယ်...ဒီဆေးရုံမှ သူမကိုကူညီမယ့်သူကလည်းဟန်ဒုံရှစ်တစ်ယောက်ပဲ ရှိတယ်လို့ရေးသားထားတယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာ အဲဒီဆေးရုံဟာ လွန်ခဲ့တဲ့တစ်နှစ်က မီးလောင်သွားပြီးလူနာတွေ အများကြီးသေဆုံးခဲ့တယ်လို့ သိရတယ်
ဒါပေမယ့် လူနာစာရင်းထဲမှာတော့ ဒိုင်ယာရီစာအုပ်လေးရဲ့ပိုင်ရှင် ဂန်ဆူဆိုတာ ရှိမနေခဲ့ဘူးသေဆုံးတဲ့စာရင်းထဲမှာလည်းဂန်ဆူအာ မပါဝင်ခဲ့ဘူးဒါဆိုရင် ဂန်ဆူအာဆိုတာဘယ်သူလဲ..သူမ ဘယ်ရောက်နေလဲ..ဒီဒိုင်ယာရီထဲက အကြောင်းအရာတွေက တကယ်အမှန်ဟုတ်ရဲ့လားဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာပါ……..🆒💯

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပါပါ
https://t.me/c/2406004301/57


Seondal - The Man Who Sells The River (2016)

ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့
အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။
ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး
စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်….
ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး
ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်…
သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ…
ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့…
သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။
ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။
တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း
မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်….

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်ပါ
https://t.me/c/2406004301/57


Holy Punch (2024)

****

Kdrama ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊
The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို့ အဓိကပါဝင်ထားတဲ့  ပေါ့ပေါ့ပါးပါး
Gangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

-ဇာတ်လမ်းအညွှန်း-
ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့
ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တို့
ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီး
သေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီး လွတ်မြောက်ရာကို
ထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေ
သင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်ပါ
https://t.me/c/2406004301/56


Big Fish (2003)

“အမှန်တရားဆိုတာ
သန့်ရှင်းတာရှားတယ်။
ရိုးရှင်းတယ်ဆိုတာမရှိဘူး”

ဆိုတဲ့အော်စကာဝိုင်းရဲ့စကားတစ်ခွန်းရှိပါတယ်။ဒါ့အပြင် အများစုသောအမှန်တရားတွေဟာမလှပပါဘူး။အမှန်တရားဟာထူးခြားလားဆိုတော့လည်း မထူးခြားပါဘူး။မီးတွင်းထဲက ဇနီးသည်ဆီအချိန်မှီမရောက်ခဲ့တဲ့ယောကျာ်းတစ်ယောက်..
သူ့ကလေးမွေးတာနဲ့ပက်သက်ပြီးတကယ့်အမှန်တရားသူဟာနောက်ကျခဲ့တဲ့ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ဒီအတွက်သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။
ရောက်ခဲ့တယ်ဆိုရင်ရော...
သားဖွားခန်းထဲယောကျာ်းဝင်ခွင့်မရှိတဲ့အတွက်ဘာများထပ်ထူးခြားမလဲ?မထူးခြားပါဘူးဒါပေမဲ့နောက်ကျခဲ့တယ်ဆိုတဲ့
အမှန်တရားကတော့ငြင်းမရပါဘူး။ဒီလိုခါးသီးတဲ့အမှန်တရားတွေအစားသူ့ကလေးကို ပျိုးထောင်ဖို့ဇာတ်လမ်းလှလှလေးတွေတည်ဆောက်ခဲ့ပါတယ်။သူတကယ်ကြုံခဲ့ရတဲ့ ဒုက္ခတွေအစားအမှန်တရားတချို့တဝက်သင်ခန်းစာ တချို့တဝက်နဲ့တကယ့်အဖြစ်အပျက်တွေကိုသူ့သားကို ပုံစံပြောင်းပြောပြခဲ့ပါတယ်။ဖုံးထားတဲ့အမှန်တရားကိုမှမြင်ချင်တက်ကြတဲ့လူ့ သဘာဝအတိုင်းသူ့သားက အမှန်တရားကိုရှာဖွေဖို့
ကြိုးစားလာခဲ့တဲ့အခါ.....

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်ပါ
https://t.me/c/2392357962/280


The kissing booth (2018)

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်ပါ
https://t.me/c/2392357962/279


Don't Move (2024)

အသစ်ထွက်တဲ့ စိတ္တဇ ဟော်ရာ
သည်းထိပ်ရင်ဖိုကားပါ။ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။စိတ္တဇလူသတ်သမားတစ်ယောက်ဟာ လူသူမနီးတဲ့
လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့အိမ်ကိုခေါ်သွားဖို့ ကြိုးစားပါတယ်။အဲဒီမိန်းကလေးကို သူက အကြောသေဆေးတစ်မျိုးထိုးပေးထားပြီး အဲဒီဆေးက အာနိသင်အပြည့်ပြဖို့မိနစ် ၂၀ လိုပါတယ်။အဲဒီမိနစ် ၂၀ အတွင်းမှာ သူ့လက်ကနေ ဘယ်လိုလွတ်အောင်ပြေးရမလဲဆိုတာရယ် သူကရောအဲဒီသားကောင်ကို ပြန်ရဖို့ နည်းမျိုးစုံသုံးပြီး လိုက်ရှာပုံကိုပြထားတာပါ။ဒီလိုအမျိုးအစားကြိုက်တတ်သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။


Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/276


A Quiet Place (2018)

အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။

လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။

အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။

အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/275


" Hello " (2017)

အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေ ခေတ်စားလာတော့ အက်ရှင်ကားတွေ စိုးမိုးခဲ့တယ်...
ဒီကားလေးကတော့ အက်ရှင်ကားတွေကြားထဲမှာမှ ထူးထူးခြားခြား အများကလက်ခံပြီး
ပရိတ်သတ်ရင်ထဲအထိ စိုးမိုးခဲ့တဲ့ အချစ်ကားလေးတစ်ကားပေါ့...
သူ့တယောသံစဉ်လေး နေရာအနှံ့မှာ ပျံ့လွင့်ခဲ့သလို ...ဖုန်း Ringtone ထားတဲ့အထိ
နှစ်သက်ခဲ့ကြသူတွေလည်း မနည်းမနောပါပဲ....

ဇာတ်လမ်းအကြောင်းအရာ အကျဉ်း
မိဘမဲ့ကောင်လေးဖြစ်သူ ဆီနူးဟာ သူဌေးသမီးလေး ဂျွန်နူးနဲ့
ငယ်ဘ၀မှာကလည်းက အရမ်းခင်မင်ခဲ့ကြပြီး....မထင်မှတ်တဲ့ ဘ၀တစ်ဆစ်ချိုးမှာ
ကွဲကွာသွားခဲ့ရတယ်...အတူထားရှိခဲ့ကြဖူးတဲ့ သံယောဇဉ်အမှတ်တရလေးတွေကိုယ်စီနဲ့
အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ တစ်ဦးကို တစ်ဦး ပြန်တွေ့လိုတွေ့ငြား
ရောက်လေရာမှာရှာဖွေတတ်ကြတယ်...

ကံကြမ္မာဆိုတာ ဆန်းကြယ်သားမလား
တေ့လွဲလွဲတတ်တဲ့ ကိုရီးယားရုပ်ရှင်တွေလိုပါပဲ
ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မင်းသားနဲ့ မင်းသမီးဟာ
အခက်အခဲမျိုးစုံ ပြသနာမျိုးစုံကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြလဲဆိုတာ
စိတ်ဝင်စားဖို့ ကောင်းလှပါတယ်....

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်
https://t.me/c/2406004301/55


The Last Heros(2018)

ကူရာဂါရွာလေးမှာပဲ ကောက်စိုက်လိုက် ရွာထဲက ဆင်ထိန်းကိုကိုတွေကို ငမ်းလိုက်နဲ့ ပျော်ပျော်နေတတ်ကြတဲ့ မိန်းမလျာသူငယ်ချင်းအုပ်စု….

တိုင်းပြည်ထဲကို သူလျှိုတွေဝင်ရောက်လာပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ လုပ်နေကြချိန် တိုင်းပြည်အတွက် သူလျှိုဖမ်းပေးဖို့ ရွာထဲကလူတွေ မဖြစ်မနေပါဝင်ကြရတဲ့အခါမှာတော့…

သူငယ်ချင်းအုပ်စုလိုက် ဖြစ်တည်မှုကို ထည့်မတွက်ဘဲ ကိုယ့်မိသားစု ကိုယ့်ရွာ နဲ့ ကိုယ့်တိုင်းပြည်အတွက် သူလျှိုဖမ်းအစီစဉ်ကြီးကို တာဝန်ထမ်းဆောင်ကြတဲ့အခါ….

အောင်မြင်အောင်လုပ်ပြီး တိုင်းပြည်ကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို တစ်ကားလုံးကို အခွီဓာတ်အပြည့်နဲ့ ရယ်မောရင်း စိတ်ဝင်စားဖွယ် ကြည့်ရှူရမယ့်

Channel ကိုJoin
https://t.me/+k5nVy0v4GNBiNDhl

Link နှိပ်
https://t.me/c/2471675180/11


Variety Show(Ongoing) dan repost
Single's Inferno S4 (2025)
***
ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ Dating Show တွေကို
စောင့်မျှော်နေတဲ့သူတွေ အကြိုက်တွေ့စေမဲ့အပြင် ရှေ့မှာလည်း season 3 ခုလောက်
ထွက်ထားပြီးပြီဖြစ်တဲ့ Single Inferno ပဲဖြစ်ပါတယ်။
ပါဝင်သူ စင်ဂယ်သမား ၁၂ ယောက်ဟာ ကျွန်းပေါ်မှာ နေပြီး အချင်းချင်းရင်းနှီးမှုတွေ ရယူပြီးတော့
အချစ်သင်္ကေတလေးများပေါက်ဖွားလာမလားဆိုတာကို တခြား Dating Show တွေနဲ့ မတူဘဲ
စိန်ခေါ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း Paradise နဲ့ Inferno ဆိုတဲ့နေရာနှစ်နေရာ ပါဝင်တဲ့အပြင်
စိန်ခေါ်မှုတွေအလျောက် စုံတွဲတွဲကာ inferno ဆိုတဲ့နေရာကနေ ထွက်ပြီး Paradise ဆိုတဲ့
နေရာမှာနေရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ။
ဒီအတောအတွင်း ဘယ်သူတွေဆီမှာ အချစ်ပန်းပွင့်လေးတွေ ပေါက်ဖွားလာမလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Season 4 ရဲ့ Panelist တွေအနေနဲ့ အရင် season တွေကလို Hong Jin Kyung, Lee Da Hee,
Cho Kyu Hyun, Han Hae နဲ့ Dex တို့က ပါဝင်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်

Channel ကိုJoin

https://t.me/+DalOhJU6__cwOTFl

Link နှိပ်
https://t.me/c/2375559765/58


နိုင်ငံခြားစာတန်းထိုး ဇာတ်ကားကောင်းများစုစည်းရာ dan repost
" Agni " (2024)

မီးသတ်သမားတွေရဲ့ ဘဝနဲ့ အခက်အခဲတွေကိုထင်ဟပ်စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

“မီးတောက်တွေကြား
‌အသက်ရှင်နိုင်တဲ့လူက မသေလူဖြစ်နိုင်တယ်” ဒီစကားအတိုင်း မီးဆိုတာ ပူလောင်ပေမယ့် အသက်ကိုစွန့်ပြီး လူတွေကယ်ပေးရတဲ့ မီးသတ်သမားတွေကို ကျေးဇူးတင်ဖို့ ဘယ်အရာကမှ မဖြစ်နိုင်ပါဘူး။

လူတိုင်းရဲ့ အသက်ကတန်ဖိုးရှိသလို မီးသတ်သမားတွေရဲ့ဘဝက အသက်တွေကိုကယ်ပေးရင်း သေသွားရတာတွေရှိသလို တလေးတစားမရှိကြလို့ ခွဲခြားခံရတာတွေကို ‌မီးမောင်းထိုးပြထားတာပါ...

( ဇာတ်လမ်းအကျဉ်းကို Bella Williams မှ ရေးသားပေးထားပါတယ်  )

Subtitle By - Bella Williams
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/269


နိုင်ငံခြားစာတန်းထိုး ဇာတ်ကားကောင်းများစုစည်းရာ dan repost
" Kanguva " (2024)

ဒီဇာတ်ကားလေးကတော့ ၅‌၂၈ မေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ။

ဇာတ်လမ်းအစမှာတော့ ဇီတာဆိုတဲ့ ကောင်ကလေးတစ်ယောက်ဟာ သိပ္ပံစမ်းသပ်ခန်းတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် ။လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်‌ေသဖြစ်လာခဲ့တဲ့ ဇီတာနဲ့ မင်းသားဖြစ်သူ ဖရန်စစ်တို့ တွေ့တွေ့ချင်းမှာပဲ ထူးဆန်းတဲ့ခံစားချက်တွေကို ခံစားလာရပါတယ်။

ဒါဟာ အရင်ဘ၀ဟောင်းမှာ သူတို့ နှစ်ဦးကြား ပတ်သက်မှုတွေရှိခဲ့လို့ဖြစ်ပါတယ်။အတိတ်ဘ၀မှာ မတည်နိုင်ခဲ့တဲ့ ကတိစကားတစ်ခုကို  ဖရန်စစ်ကရော ပြန်လာ‌ဖြည့်ဆည်း‌ေပးနိုင်မလား နှစ်ဦးကြားမှာ ဘယ်လို ပတ်သက်မှုမျိုးတွေ ထပ်ရှိလာမှာလဲ ဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်...

( ဇာတ်လမ်းအကျဉ်းကို Baby Melon မှ ရေးသားပေးထားပါတယ်  )

Subtitle By - Baby Melon
Encode By - Lwin Htoo Aung

Channel ကိုJoin

https://t.me/+vIPlSMNKtZ01ZDk9

Link နှိပ်
https://t.me/c/2392357962/267


The Unrighteous (2024)

***

IMDb... 6.5

ဘာသာ​ရေးကိုအ​ကြောင်းပြုတဲ့ တရားမဝင်ပြစ်မှု​​အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteous

ဂျူဟျွန်း (Lee Hyun-Woo) က ဝန်း​ဂျောင်းဗီလာလို့​ခေါ်တဲ့ ​တိုက်ခန်း​ဟောင်း​ ​သေး​သေးလေးမှာ
​ ​နေမ​ကောင်းဖြစ်​နေတဲ့အ​မေ၊ တူမ​လေးနဲ့ အတူတူနေထိုင်​နေတဲ့သူပါ။
ဘဏ်တစ်ခုရဲ့ လုံခြုံ​ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်​​နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့
ပြင်ဆင်​နေသူလည်းဖြစ်တယ်။
အိမ်နီးနားချင်း​တွေနဲ့လည်း အဆင်​ပြေ​ပြေ ဆက်ဆံတတ်တဲ့သူဖြစ်​ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့​ခေါ်တဲ့
အ​​ပေါ်ထပ်အိမ်က အမျိုးသမီးနဲ့​တော့ ဆက်ဆံ​ရေးမ​ပြေလည်ခဲ့ပါဘူး။
တစ်​နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ ​စာတိုက်ပုံးထဲကို ဘုရား​ကျောင်းတစ်ခုရဲ့ လက်ကမ်းစာ​စောင်ကို ထည့်ခဲ့ပါတယ်။
ရှင်းဟယ်ကလည်း ​နေမ​ကောင်းဖြစ်​နေတဲ့သားဖြစ်သူ​ကြောင့် ဘုရား​ကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီး
အလွန်အမင်းအစွန်း​ရောက်လာခဲ့ပါတယ်။


Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်
https://t.me/c/2406004301/52


Missing You (2016)

***

IMDb....6.7


ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား
ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။
ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့
ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

- ဇာတ်လမ်းအကျဉ်း -

ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့
သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။
လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ
အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ
ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။
၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး
ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။

Channel ကိုJoin
https://t.me/+y7eLvUdiaYw5ZGRl

Link နှိပ်
https://t.me/c/2406004301/51


The Paradise Of Thorns (2024)
*

မင
်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့

ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ...မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်း
--------------

တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက်

ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်...

ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို

တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်...

အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း

Channel ကိုJoin
https://t.me/+k5nVy0v4GNBiNDhl


Link နှိပ်
https://t.me/c/2471675180/10


KK _ Cartoon dan repost
Tarzan II (2005)

ဒီဇာတ်ကားလေးကတော့ IMdb rating 5.6 ရထားတဲ့ Animation ဇာတ်ကားလေးဖြစ်ပါတယ်။
Disney ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပြီး ကြည့်ရှု့မိသူတွေအတွက် မက်ဆေ့တွေ တစ်ပုံကြီးပေးထားပါတယ်။
တာဇံ တစ်ယောက်တောကြီးမျက်မည်းထဲမှာ ဝက်ဝံတွေနဲ့ အခက်ခဲတွေကို အတူကျော်ဖြတ်လာပြီး လူမှန်းသိတက်စ အရွယ်လဲရောက်ရော ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ ဆန်းစစ်မိလာပါတယ်။
လူရယ်ဆိုပေမဲ့ လူမမြင်ဘူးတဲ့ ကလေးတစ်ယောက်အတွက် သူ့ပတ်ဝန်းကျင်က တိရိစ္ဆာန်တွေကိုပဲ
အတုယူကျင့်ကြံအားကျနေမိပါတယ်။
တစ်နေ့ သူ့ဘoတစ်ဆစ်ချိုးမှာ ဝက်ဝံမိသားစုနဲ့အတူ ခရီးသွားရင်း ချောက်ကြီးထဲကိုကျသွားပါတယ်..
အဲဒီနောက် တာဇံတစ်ယောက် ဘယ်လိုဆက်လက်ရုန်းကန်ပြီး ဘယ်လိုသင်ခန်းစာတွေရသွားမလားဆိုတာကိုပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေ…

Channel ကိုJoin
https://t.me/+cE8t1T5SbTgyMGY1

Link နှိပ်
https://t.me/c/2045193134/91


KK _Japanese Series World dan repost
The Forbidden Play (2023)


ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။

ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Channel ကိုJoin
https://t.me/+vIPlSMNKtZ01ZDk9


Link နှိပ်
https://t.me/c/2392357962/258



18 ta oxirgi post ko‘rsatilgan.