စီအယ်လ် အမ်ဗွီ နိုင်ငံများသာမက အခြားနိုင်ငံများအတွက်ပါ အများအကျိုးရှိစေမည့်ကိစ္စရပ် များကို ဆွေးနွေးနိုင်ခဲ့ခြင်းအတွက် အလွန်ပင်ဝမ်းမြောက်မိကြောင်း။
ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း တွင် အဆွေတော်တို့၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်ပေးမှုနှင့် အဖိုး မဖြတ်နိုင်သည့် အားပေးထောက်ခံမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့သည် စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုများနှင့် ယခုနှစ်များအတွင်း ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ သာယာဝပြောမှုနှင့် ကြီးပွားတိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် ပိုမိုခိုင်မာသည့် ကတိကဝတ်များနှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ အရှိန်အဟုန်ကို ဆက်လက်အရှိန်မြှင့်တင်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်ထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံရခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိ သည်။