တောင်ကိုရီးယား သမ္မတကို စွဲချက်တင်ရေးအဆို အာဏာရပါတီင ဆန့်ကျင်မည်
အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် (မာရှယ်လော) ကို ထုတ်ပြန်ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို ကို စွဲချက်တင်ပြီး ရာထူးမှ ဖယ်ရှားရန် အတိုက်အခံပါတီက ကြိုးပမ်းနေခြင်းကို ဆန့်ကျင်သွားမည်ဟု သမ္မတ၏ လက်ရှိ အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက ဒီဇင်ဘာ ၄ ရက် တွင် ကြေညာခဲ့သည်။
အာဏာရပါတီက အစည်းအဝေးလုပ်ပြီး အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပါတီဝင်များက သမ္မတယွန်း ကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင် အဆိုပြုထားသော အတိုက်အခံပါတီများ၏ ကြိုးပမ်းချက်ကို ဆန့်ကျင်ရန် ထောက်ခံထားကြသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
■ Eleven Media