တွဲတိုင်းမှာ စက်ခေါင်းကိုယ်စီနဲ့၊သို့သော် .....
✅၂၀၂၃ မှာ NUG က တပ်ကို အပြုတ်ဖြုတ်မယ်ဆိုတဲ့ စကားနဲ့ပတ်သက်ရင် ..... NUG ကို ထောက်ခံသူတွေက"သေချာတယ်၊ဟုတ်မှာ" ဆိုတဲ့ အမြင်မျိုးရှိကြမှာပါပဲ။ လူဆိုတာ သူ့အမြင် ကိုယ့်အမြင်ရှိကြတော့ ထူးပြီး ငြင်းစရာလည်း မရှိပေါင်။ ဒါတွေနဲ့ ပတ်သက်ပြီး " မင်းပြောတာက အမှား၊ ငါပြောတာကမှ အမှန်" ဆိုပြီး တထစ်ချ သွားငြင်းနေလို့ လေကုန်တာပဲ ရှိမှာပေါ့...။ဒီတော့ ဒီလိုငြင်းစရာ ကိစ္စတွေရှိလာရင် အချက်အလက်တွေကိုပဲ နှိုင်းယှဉ်ချပြဖို့ကြိုးစားရတော့တာပါပဲ။
✅ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရေးအခင်း စဖြစ် တော့ အသတ်ခံလိုက်ရတဲ့ အုပ်ကြီးတွေဆိုတာ နည်းမှမနည်းဘဲ။ ဝန်ထမ်းအချင်းချင်း CDM မလုပ်လို့ ဘလိန်းခံရတဲ့သူ တွေလည်း အများကြီး ရှိသလို ၊ ကျောင်းတက်တာကို စစ်တပ်အားပေး ဒလန်ဆိုပြီး စွပ်စွဲလို့ အရပ်ဝတ်နဲ့ ကျောင်းသွား၊ ကျောင်းရောက်မှ ကျောင်းစိမ်းပြန်လဲရတဲ့သူက ထုနဲ့ဒေးပဲ မဟုတ်ဘူးလား...
✅ ကြားနေဆိုတာ မရှိဘူးဆိုပြီး ဖေ့ဘုတ် ပရိုင်ဖိုင်တောင် အနီမချိန်းလို့ မိသားစု၊ သူငယ်ချင်း မိတ်ဆွေကြားမှာ ရန်-ငါ ပြတ်ခဲ့ကြတာ နည်းမှမနည်း။ သေချာတာကတော့ အဲ့ဒီကာလ တလျှောက်လုံး " အစိုးရပြိုလဲနေပြီ၊ ဝန်ထမ်းတွေကို လစာ ပေးစရာ မရှိတော့ဘူး၊ တပ်ပျက်နေပြီ" ဆိုပြီး နည်းလမ်းစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ဒါကို ယုံတဲ့သူတွေကလည်း အများကြီး။ ခုထိလည်း NUG က တပ်ကို အပြုတ်တိုက်ပြီး တနိုင်ငံလုံးကို သိမ်းမှာဆိုတဲ့ False Hope တွေကြားမှာ ဟုတ်နိုးနိုး မျှော်နေကြတာလည်း တပုံတခေါင်းပဲ...
✅ဒီတော့ မေးစရာရှိလာတာက လက်ရှိတော်လှန်ရေးကာလ ၃ နှစ်မှာ NUG က သိမ်းထားတဲ့ မြို့နယ် ဘယ်နှစ်ခု ရှိသလဲ ဆိုတာနဲ့ ချိန်ထိုးကြည့်ရမှာပဲ....။ မရှိဘူးဆိုရင်တော့ တခုခုမှားနေပြီလို့ ပြန်သုံးသပ်ကြပေါ့။
✅လွတ်လပ်ရေးရပြီး ၄၉ ခုနှစ် ဇန်ကနေ ဩဂုတ်လအထိ ၈ လတာ ကာလအတွင်းမှာတောင် KNDO သိမ်းပိုက်ခဲ့တာ ၁၅ မြို့နယ်အထိ ရှိခဲ့တယ်...
( ပုသိမ်၊ အင်းစိန်၊တွံတေး၊ ပန်းတနော်၊ အိမ်မဲ၊ ညောင်လေးပင်၊ တောင်ငူ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မေမြို့၊ မန္တလေး၊ လွိုင်ကော်၊ တောင်ကြီး၊ လားရှိုး၊ နမ့်ခမ်း)
✅တပြိုက်နက်တည်း ဗကပ တွေ သိမ်းပိုက်ထားတာက ၆ မြို့နယ်ရှိတယ်..( သင်္သတ၊ သာယာဝတီ၊ ပျဉ်းမနား၊ ရမည်းသင်း၊ မြင်းခြံ၊ ပခုက္ကူ)
✅တောခိုတပ်တွေ သိမ်းပိုက်ထားတာက ၈ မြို့နယ်ရှိတယ်.....
(ပြည်၊ သရက်၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်၊ သံတောင်၊ ကျောက်ဖြူ)
✅မူဂျာဟစ်တွေ သိမ်းထားတာက ၂ မြို့နယ် ရှိတယ်
(ရသေ့တောင်နဲ့ ဘူးသီးတောင်)
✅ဆိုတော့ NUG ထောက်ခံသူတွေအနေနဲ့ ဒီ ၃ နှစ်တာကာလမှာ ငါတို့ထောက်ခံတဲ့အစိုးရက၊ ငါတို့ထောက်ပံ့ထားတဲ့ PDF တွေက ဘယ်နှစ်မြို့၊ ဘယ်နှစ်ရွာကို သိမ်းပိုက်ထားပြီးပြီလဲလို့ မညာတမ်း မေးကြည့်ဖို့ လိုတာပါပဲ။
✅မြို့လည်းမသိမ်းနိုင်ဘူး၊ သူတို့အဆို အရ တပ်ကို လည်း မတိုက်ထုတ်နိုင်ဘဲ ဒေသအလိုက် သစ်ခိုးထုတ်၊ လမ်းပိုင်းအခွန်ကောက်၊ အချင်းချင်း လူသတ်နေကြပြီဆိုရင်တော့ဖြင့် တွဲတိုင်းမှာ စက်ခေါင်းစီပါတာမှန်ပေမဲ့ ရွက်ဆစ်ပြောသလို ဖြစ်နေပြီဆိုတာ ပြန်သုံးသပ်ကြဖို့ လိုအပ်နေပါပြီလို့ပဲ သတိပေးချင်မိတော့တာပါပဲ။
#နရီမိုး