ပြည်တွင်းစစ် (၁)
စစ်ပွဲတွေဟာ ကြာဦးမယ်လို့ သုံးသပ်ကြတာရှိတယ်။ မြေပြင်အခြေအနေ အရပ်ရပ်ကို လေ့လာပြီး ပြောကြတာတွေဟာ အလေးအနက်ထားပြီး စဉ်းစားရမှာ ဖြစ်တယ်။ ဒါဆို အာဏာရှင်ဖြုတ်ချရေး စစ်ပွဲတွေ တော်လှန်ရေးတွေ ကြာရင် ဘာဖြစ်နိုင်လဲ။ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် အီယန်ဘရမ်းမား တည်ထောင်တဲ့ GZERO Media မှာ တလောက ၁၀ နှစ်တာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် သက်ရောက်ခံရတဲ့ လူမှု စီးပွားရေးဘဝ နောက်ဆက်တွဲတချို့ကို Graphic report တွေ့တယ် (ပုံကြည့်)။ GZERO media report အရ ၁၀ နှစ်အတွင်း အခြေခံ ပညာရေးမှာ အထက်တန်းကျောင်း ပြီးအောင် တက်နိုင်တဲ့ ရာခိုင်နှုန်းဟာ ၆၇ % ကနေ ၁၀% ကို ကျဆင်းသွားတယ်။ ငွေလဲနှုန်း တဒေါ်လာကို ၄၇ SYP (ဆီးရီးယန်းပေါင်) ရှိခဲ့ရာ ကနေ ၃၇၁၀ ပေါင် ဖြစ်သွားတယ်။ ကြက်ဥအလုံး ၃၀ တကဒ်ကို ၁၅၀ ပေါင်ကနေ ၅၉၆၀ ပေါင် ဖြစ်တယ်။ စစ်ပြေး ဒုက္ခသည် တသောင်းကိုးထောင်ကနေ ( ၂၀၁၀ မှာ ဆီးရီးယား လူဦးရေ ၂၁ သန်းခန့်ရှိ) ယခု ၅.၆ သန်း ဖြစ်လာတယ်။ ရေနံစိမ်း ထုတ်လုပ်မှု တနေ့ စည်လေးသိန်း ကနေ ယခု ရှစ်သောင်းကိုထောင် ကျသွားတယ်။ တဦးချင်း တနှစ်ဝင်ငွေ ဒေါ်လာ တသောင်းနှစ်ထောင်ကျော်ကနေ သုံးထောင့်ခြောက်ရာကို ကျသွားတယ် (ပြည်တွင်းစစ် မတိုင်မီ ဆီးရီးယားဟာ တူရကီ/ထိုင်း တို့လို အလယ်အလတ်ဝင်ငွေရှိတဲ့ တိုင်းပြည်စာရင်းဝင် ဖြစ်တယ်)။ အရေးအကြီးဆုံး နိုင်ငံရေး ရလဒ်က အာဏာရှင် အာဆတ် အစိုးရဟာ ဆက်လက်ရှိနေဆဲ။
ဆီးရီးယား ဥပမာကိုကြည့်ရင် စစ်ပွဲများ အချိန်ပိုကြာခြင်းဟာ တိုင်းပြည်နစ်နာစေပြီး တော်လှန်ရေးအတွက် ရလဒ်ကောင်း မပေးဘူးလို့ ဆိုရမှာဖြစ်တယ်။ ဒါဆိုရင် ယခုလိုပဲ ကြာတတ်တာ အရှိတရားလို့ တရားသေ လက်ခံထားမယ့်အစား မအလဖက်ဆစ်အုပ်ချုပ်ရေး ဘယ်လိုနည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ပြုတ်ကျနိုင်မလဲ နည်းလမ်းရှာဖွေဖို့ပဲ။ လမ်းတခုထဲမှာ ပိတ်မိမနေဖို့ပဲ။ သေချာတာကတော့ ဒဗ်ဗလင်မြို့ကို လမ်းအသွယ်သွယ်မှ သွားနိုင်တယ်။
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ #SKHN #articles