HtayOung(OungMarine)


Kanal geosi va tili: ko‘rsatilmagan, ko‘rsatilmagan
Toifa: ko‘rsatilmagan


Похожие каналы

Kanal geosi va tili
ko‘rsatilmagan, ko‘rsatilmagan
Toifa
ko‘rsatilmagan
Statistika
Postlar filtri


(နိုဝင်ဘာ-၂၄၊ ၂၀၂၃) လွန်ခဲ့သည့် ၇၂-နာရီအတွင်း လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည့် သတင်းတု သတင်းမှားများ
===






(နိုဝင်ဘာ-၂၄၊ ၂၀၂၃) လွန်ခဲ့သည့် ၇၂-နာရီအတွင်း လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည့် သတင်းတု သတင်းမှားများ
===
လွန်ခဲ့သည့် ၃-ရက် ( ၇၂-နာရီအတွင်း) လူမှုကွန်ရက်၌ မြန်မာဘာသာဖြင့် ပျံ့နှံ့ခဲ့သည့် သတင်းတု သတင်း မှားများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီး ဌာန ( MOI ) ၏ တယ်လီဂရမ် ချန်နယ်မှ ဖော်ပြချက်ကို ကူးယူတင်ပြပါတယ်။
..
#ဖြစ်စဉ်_တစ်ခုချင်းအလိုက်_နီးစပ်ရာ_ဒေသခံမိတ်ဆွေများဖြင့်_စိစစ်ရာတွင် #သတင်းအမှားဖြစ်ကြောင်း_အသီးသီး_ထပ်မံအတည်ပြုကြပါတယ်။
..
SS များဖြင့် ဖော်ပြထားသည့် သတင်းတု တစ်ခုချင်းစီကို ရှု့ပါရန်
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===


(နိုဝင်ဘာ-၂၄၊ ၂၀၂၃) ဘာလင်မြို့နှင့် နိုင်ငံတစ်ဝှမ်းရှိ ဟားမတ်စ်ထောက်ခံသူများ၏ နေအိမ်များကို ရာနှင့်ချီသော ဂျာမန်ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်း။ ပါလက်စတိုင်းအကျဉ်းသားများ သွေးစည်းညီညွတ်ရေး ကွန်ရက်ကို ဖျက်သိမ်း၊ အီရန်နှင့် ဟစ်ဇ်ဘိုလာထောက်ခံ သံသယရှိနေရာများကို ရှာဖွေ
===


ဟားမတ်စ်တို့ဟာ အစ္စရေးကို ချေမှုန်းရန် ကတိပြုထားပြီး အသေခံ ဗုံးခွဲမှုများ၊ အစ္စရေးအရပ်သားများနဲ့ စစ်သားများကို သွေးထွက်သံယို တိုက်ခိုက်မှု အများအပြားအတွက် တာဝန်ရှိနေပါတယ်။ အောက်တိုဘာ ၇-ရက် အစ္စရေးနိုင်ငံအတွင်း အုပ်စုဖွဲ့ ကျုးကျော်ဝင်ရောက်ပြီးနောက် အစ္စရေးကလည်း ဟားမတ်စ်တို့ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်လို့ သံဓိဌာန် ချမှတ်ထားပါတယ်။
..
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၁၉၉၇-ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅-နိုင်ငံအနက် ၁၉၃-နိုင်ငံတို့ဟာ ကုလသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြပါ တယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြား အနောက်နိုင်ငံ စုစုပေါင်း ၃၅-ခုတို့က ဟားမတ်စ်ကို အကြမ်း ဖက် အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
..
ဟားမတ်စ်အပေါ် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းကို တောင် အမေရိကတိုက်မှာ အာဂျင်တီးနား၊ ဘိုလစ်ဗီးယား၊ မက္ကဆီကိုတို့က ဆန့်ကျင်ပါတယ်။ အလားတူ ဗင်နီဇွဲလားနိုင်ငံ နီကိုလပ်စ်_မဒူရို အစိုးရကလည်း ဆန့်ကျင်ပါတယ်။ ဒါပေမယ့် ဝှမ်း_ဂွိုက်ဒို ဗင်နီဇွဲလားပြည်ပြေး အရိပ်အစိုးရတော့ ထောက်ခံပါတယ်။
..
အသက် ၄၀-အရွယ် အတိုက်အခံ ဝှမ်ဂွိုက်ဒိုဟာ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ဒုတိယ-ဉက္ကဌ တာဝန်ယူစဉ် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ ဗင်နီဇွဲလားလွှတ်တော်က သူ့ကို ဖယ်ရှားလိုက်တဲ့အခါ တိုင်းပြည်မှ ထွက်ပြေးသွားပြီး အမေရိကန်နိုင်ငံမှာ အဝေးရောက် အစိုးရအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဉရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀-ခန့်တို့က အသိအမှတ်ပြုခံရတဲ့ ဂွိုက်ဒို အစိုးရဘက်က ပြောင်ပြောင်တင်းတင်း ထောက်ခံရပ်တည်လျှက်ရှိသူက အမေရိကန်နိုင်ငံဖြစ်ပါတယ်။
..
မဒူရို ဗင်နီဇွဲလားအစိုးရကို အသိအမှတ်ပြုရန် ငြင်းဆန်ပြီး ဂွိုက်ဒိုကိုယ်စားလှယ်များကို နေရာပေးဖို့အတွက် ဝါရှင်တန် ဗင်နီဇွဲလားသံရုံးကို ရေ-လျှပ်စစ်ဖြတ်တောက်ခြင်း ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး မဒူရိုအစိုးရအပေါ်မှာလည်း ဒဏ်ခတ်အရေးယူခြင်း၊ ဗင်နီဇွဲလားနိုင်ငံ ဘဏ်အပ်နှံငွေများကို ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
..
#ဟားမတ်စ်ထောက်ခံသူများ #ဆမ်မီဒွန် #အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်း #ဂျာမနီနိုင်ငံ
#ပါလက်စတိုင်း_အကျဉ်းသားများ_သွေးစည်းညီညွတ်ရေး_ကွန်ရက်
.
(((AP., 23 November 2023,” Hundreds of German police raid properties of Hamas supporters in Berlin and across the country” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))
..
https://apnews.com/article/germany-hamas-raids-berlin-67068b14d7b138af6df93647d0e856eb
https://www.politico.eu/article/germany-police-launch-raids-anti-hamas-operation-radical-islamists-israel-war/
https://www.reddit.com/r/MapPorn/comments/qzigap/who_recognizes_hamas_as_a_terrorist_organization/
===


(နိုဝင်ဘာ-၂၄၊ ၂၀၂၃) ဘာလင်မြို့နှင့် နိုင်ငံတစ်ဝှမ်းရှိ ဟားမတ်စ်ထောက်ခံသူများ၏ နေအိမ်များကို ရာနှင့်ချီသော ဂျာမန်ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်း။ ပါလက်စတိုင်းအကျဉ်းသားများ သွေးစည်းညီညွတ်ရေး ကွန်ရက်ကို ဖျက်သိမ်း၊ အီရန်နှင့် ဟစ်ဇ်ဘိုလာထောက်ခံ သံသယရှိနေရာများကို ရှာဖွေ
===
ဂျာမနီနိုင်ငံအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို ဝန်းရံ သို့မဟုတ် ထောက်ခံအားပေးရာ ရောက်ရှိတဲ့ လှုပ်ရှားမှုမှန်သမျှကို တရားဝင် တားမြစ်လိုက်ပြီးနောက် ဂျာမနီရောက် ဟားမတ်စ်အဖွဲ့ဝင်များနဲ့ နောက်လိုက်များရဲ့ ပိုင်ဆိုင်ရာ နေရာမှန်သမျှကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များက ကြာသပတေးနေ့မှာ တပြိုင်တက်တည်း စီးနင်း ရှာဖွေခဲ့ကြတယ်လို့ အေပီသတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။
..
နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ တားမြစ်ချက်ကို ထပ်မံအတည်ပြုလိုက်တဲ့ ဂျာမနီအစိုးရဟာ အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးနိုင်ငံအတွင်း တိုက်ခိုက်ခဲ့စဉ် ဘာလင်မြို့မှာ အောင်ပွဲခံတဲ့ “ဆမ်မစ်ဒွန်” အမည်ရှိ ဟားမတ်စ်အဖွဲ့ရဲ့ နောက်ကွယ်အဖွဲ့အစည်းကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
..
အာရဗီဘာသာ “တည်ကြည်သော” လို့ အဓိပ္ပါယ်ရတဲ့ ဆမ်မီဒွန်အဖွဲ့ဟာ ပါလက်စတိုင်းအကျဉ်းသားများ သွေးစည်းညီညွတ်ရေးကွန်ရက် လို့ လူသိများပါတယ်။ ၂၀၁၂-ခုနှစ် အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှုကြောင့် ဖမ်းဆီးခံထားရသူများ အထူးသဖြင့် ပါလက်စတိုင်းလွတ်မြောက်ရေးလူထုတပ်ဦး (PFLP) နဲ့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရသူတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသူများဖြစ်ပါတယ်။ နိုင်ငံတကာကွန်ရက် အသွင်ဖြင့် အစ္စရေးဆန့်ကျင်ရေးနဲ့ ဂျူးမုန်းတီးရေး ဝါဒဖြန့် လှုပ်ရှားနေကြောင်း အကြောင်းပြချက်နဲ့ ဂျာမနီနိုင်ငံအတွင်း ဆမ်မစ်ဒွန်အဖွဲ့ကို ယခုလဆန်းပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။
..
ဟားမတ်စ်အဖွဲ့ဟာ နိုင်ငံအတွင်း အဖွဲ့ဝင်ပေါင်း ၄၅၀ ခန့်ရှိလိမ့်မယ်လို့ ဂျာမန်ပြည်တွင်း ထောက်လှမ်းရေးဌာနက ခန့်မှန်းထားပါတယ်။ အဲ့ဒီလူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အဖွဲ့အစည်းရဲ့ တည်ရှိမှုကို ခိုင်မာအားကောင်းစေရန် ဘဏ္ဍာငွေရှာဖွေခြင်း၊ ရန်ပုံငွေကောက်ခံခြင်းမှအစ ထပ်တူစာနာခြင်းနဲ့ ဝါဒဖြန့်ခြင်းများအထိ လှုပ်ရှားမှုများနေကြပါတယ်။
..
အစွန်းရောက် အစ္စလာမ်မစ်တွေအပေါ် တသမတ်တည်း အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။ ဂျာမနီမှာ ဟားမတ်စ်နဲ့ ဆမ်မစ်ဒွန်လှုပ်ရှားမှုများကို ပိတ်ပင်လိုက်ခြင်းအားဖြင့် အစ္စရေးအပေါ် ဟားမတ်စ်တို့ရဲ့ ရိုင်းစိုင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုကို ချီးမွမ်း ဒါမှမဟုတ် ထောက်ခံအားပေးမှုမှန်သမျှ ဘာလင်က သည်းခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
..
ဘာလင်မြို့မှာ အများဆုံးအဖြစ်တွေ့ရှိရတဲ့ စီးနင်းမှုဟာ တားမြစ်ချက်များကို လိုက်နာရန်နဲ့ အုပ်စုများကို ထပ်မံစစ်ကြောရန် ရည်ရွယ်ထားကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
..
ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်တို့က ဘာလင်နဲ့ အခြားပြည်နယ် ၃-ခုတို့ရှိ နေအိမ်ဥပစာ ၁၆-နေရာတို့ကို တစ်ပြိုင်နက်တည်း ရှာဖွေခဲ့ကြကြောင်း၊ ဘာလင်တစ်မြို့တည်းမှာ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်တို့က အထောက်အ ထားနဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းဖို့အတွက် နေရာပေါင်း ၁၁ ခုမှာ ရှာဖွေမှုများ ပြုလုပ်ခဲကြောင်း၊ ရှာဖွေမှု ၇-ခုဟာ ဟားမတ်စ်နဲ့ ဆက်နွယ်နေပြီး ၄-ခုမှာ ဆမ်မစ်ဒွန်အဖွဲ့နဲ့ပတ်သက်ကြောင်း၊ ထောက်ခံသူများရဲ့ နေအိမ်များနဲ့ ပါလက်စတိုင်းအသင်း အဆောက်အအုံများမှာ အဓိက ရှာဖွေမှုများကို ပြုလုပ်ခဲ့တယ်လို့ “ဒီပီအေ” ဂျာမန်သတင်းဌာနက ဖော်ပြပါတယ်။
..
ယခုနောက်ဆုံး အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ကတည်းက ဂျူးဘာသာဝင်တို့အပေါ် ဆန့်ကျင်တဲ့ အုပ်စုများကို ဂျာမန်အစိုးရက ခပ်ကြမ်းကြမ်း ကိုင်တွယ်နေပါတယ်။ ဂျူးများအပေါ် အမုန်းစကားနဲ့ အမုန်းပွားဖွယ်များ အွန်လိုင်း ဖြန့်ဝေသူ ဂျာမန်တောင်ပိုင်း ဗာဗေးရီးယားပြည်နယ်နေ လူ ၁၇ ဦးတို့ရဲ့ နေအိမ်များကို ရဲတပ်ဖွဲ့ က အင်္ဂါနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့တုန်းကလည်း နိုင်ငံတစ်ဝှမ်းရှိ နေရာ ၅၄-ခုကို ဂျာမန်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အီရန်ခေါင်းဆောင်ရဲ့ အတွေးအခေါ်နဲ့ ဟစ်ဇ်ဘိုလာလှုပ်ရှားမှုများကို ပံ့ပိုးကူညီသူများအဖြစ် သံသယရှိတဲ့ ဟမ်းဘတ်အခြေစိုက် အဖွဲ့အစည်းတစ်ခုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
..
အစ္စလာမ်မစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အစ္စလာမ်မစ်များနဲ့ ဂျူးမုန်းတီးရေးတည်ရှိနေတဲ့ နေရာမှန်သမျှ လုံခြုံဘေးကင်းဖို့လည်း မဖြစ်နိုင် ခံစားရခြင်းလည်း မရှိကြောင်း၊ ဂျာမနီရှိ ဟားမတ်စ်အဖွဲ့ဝင်များနဲ့ ထောက်ခံသူတွေဟာ ပြည်တွင်း နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ အစဉ်အလာများအပေါ် သြဇာလွှမ်းမိုးရန် ဆုံးဖြတ်ထားသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
..



8 ta oxirgi post ko‘rsatilgan.

3 870

obunachilar
Kanal statistikasi