ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၅ဝ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ပြည်သူ ၂၂ ဦးခန့်အား သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ
နေပြည်တော် အောက်တိုဘာလ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၅၀ ခန့်အား ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ပြည်သူ ၂၂ ဦးခန့်အားသတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့အတွင်း သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရေး လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းမရှိကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို အောက်တိုဘာ ၂၁ ရက်တွင် နိုင်ငံပိုင်သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သမားများ၏ ဥပဒေမဲ့လူမဆန်သည့် ရက်စက်စွာသတ်ဖြတ်ခြင်း၊ အဖျက်အမှောင့်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်လာစေပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် လှုံ့ဆော်ဝါဒဖြန့်သည့် သတင်းမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။