ကျမလေးစားရတဲ့ကလောင်ရှင် အကိုဗက ရဲ့ Post 👇👇👇
#လွန်ခဲ့တဲ့၃နှစ်က အခုလိုကျောင်းဖွင့်ရာသီမှာစစ်ကျွန်ပညာရေးဆိုပြီး ကလေးတွေကျောင်းမသွားဖို့ဆော်သြခဲ့ကြစဥ်ကရေးခဲ့တဲ့ ကဗျာ
#ပညာသင်မယ် ကျောင်းသွားမယ်
( ကလေးကဗျာ)
.
သားသားမီးမီး နားထောင်ကွယ်
ပုံပြင်ကလေး ပြောပြမယ်။
နယ်ချဲ့ခေတ်ဝယ် ထိုကျောင်းသား
ကျောင်းမှာစာတော်သူကြိုးစား။
ကျောင်းသားတွေကြား ထိုကျောင်းမှာ
မောင်လှအတော်ဆုံးခင်ဗျာ။
စာတော်လွန်းကာ သူကူသေး
စာညံ့သူကို စာပြပေး။
စာညံ့သူလေး မောင်မင်းသူ
မောင်လှပြတာ သူသင်ယူ။
တစ်နေ့ခါမူ မောင်လှအား
သွေးထိုးပြောလာ ဘေးလူများ။
သွေးထိုးစကား ပြောသည်မှာ
ကျွန်ပညာရေး ကျောင်းထွက်ပါ။
မောင်လှခင်ဗျာ ကျောင်းထွက်သွား
ရုံးပြာတာလုပ် သူမနား။
ပညာနည်းပါး မောင်လှမှာ
မြို့ဝန်မင်းရဲ့ အကူပါ။
တစ်နေ့အခါ မြို့ဝန်သစ်
ပြောင်းရွှေ့ရောက်လာ ကြိုဆိုဖြစ်။
မြို့ဝန်အစစ် အိတ်ဆွဲရန်
ကားတံခါးကို ဖွင့်ရပြန်။
မြို့ဝန်သစ်ထံ သူကြည့်ခဲ့
မင်းသူခင်ဗျာ မြို့ဝန်တဲ့။
နောင်တရရဲ့ အချိန်ခါ
ကျောင်းထွက်မိလို့ ဝမ်းနည်းရှာ။
မှတ်ထားကြပါ မီးမီးသား
ပညာသင်ရန် ကျောင်းကိုသွား။
သားသားမီးမီး စာကြိုးစား။
မယုံကြနဲ့ ဘေးစကား။
ကျွန်ပညာပြော အဖျက်သမား။
အောင်နိုင်သူ ( ဇွဲကပင်)
#လွန်ခဲ့တဲ့၃နှစ်က အခုလိုကျောင်းဖွင့်ရာသီမှာစစ်ကျွန်ပညာရေးဆိုပြီး ကလေးတွေကျောင်းမသွားဖို့ဆော်သြခဲ့ကြစဥ်ကရေးခဲ့တဲ့ ကဗျာ
#ပညာသင်မယ် ကျောင်းသွားမယ်
( ကလေးကဗျာ)
.
သားသားမီးမီး နားထောင်ကွယ်
ပုံပြင်ကလေး ပြောပြမယ်။
နယ်ချဲ့ခေတ်ဝယ် ထိုကျောင်းသား
ကျောင်းမှာစာတော်သူကြိုးစား။
ကျောင်းသားတွေကြား ထိုကျောင်းမှာ
မောင်လှအတော်ဆုံးခင်ဗျာ။
စာတော်လွန်းကာ သူကူသေး
စာညံ့သူကို စာပြပေး။
စာညံ့သူလေး မောင်မင်းသူ
မောင်လှပြတာ သူသင်ယူ။
တစ်နေ့ခါမူ မောင်လှအား
သွေးထိုးပြောလာ ဘေးလူများ။
သွေးထိုးစကား ပြောသည်မှာ
ကျွန်ပညာရေး ကျောင်းထွက်ပါ။
မောင်လှခင်ဗျာ ကျောင်းထွက်သွား
ရုံးပြာတာလုပ် သူမနား။
ပညာနည်းပါး မောင်လှမှာ
မြို့ဝန်မင်းရဲ့ အကူပါ။
တစ်နေ့အခါ မြို့ဝန်သစ်
ပြောင်းရွှေ့ရောက်လာ ကြိုဆိုဖြစ်။
မြို့ဝန်အစစ် အိတ်ဆွဲရန်
ကားတံခါးကို ဖွင့်ရပြန်။
မြို့ဝန်သစ်ထံ သူကြည့်ခဲ့
မင်းသူခင်ဗျာ မြို့ဝန်တဲ့။
နောင်တရရဲ့ အချိန်ခါ
ကျောင်းထွက်မိလို့ ဝမ်းနည်းရှာ။
မှတ်ထားကြပါ မီးမီးသား
ပညာသင်ရန် ကျောင်းကိုသွား။
သားသားမီးမီး စာကြိုးစား။
မယုံကြနဲ့ ဘေးစကား။
ကျွန်ပညာပြော အဖျက်သမား။
အောင်နိုင်သူ ( ဇွဲကပင်)