Monster (2014)IMDb. = 6.5/10
အညွှန်း 🔽🔽🔽
ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။
သိုပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလိုရပါတယ်။
Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို ဆိုရမှာပဲ။
Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်းဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။
ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။
သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။
ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။
နောက်… ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ အံ၀င်ခွင်ကျကို လိုက်ဖက်တယ်။
ကလေးသရုပ်ဆောင်မလေး အပါအ၀င် ကျန်တဲ့လူတွေလည်း သူ့နေရာနဲ့သူ ကောင်းကြပါတယ်။
ဇာတ်ကားကြည့်ရန် 🔽🔽🔽