The Queen Who Crowns (2024)
ဒီတစ်ခါမှာတော့ Queen Woo ဇာတ်ကားကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ဂျိုဆွန်းသမိုင်းရဲ့ မိဖုရားကြီးတစ်ပါးရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ နန်းတွင်းအရေးတော်ပုံဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဂျိုဆွန်းနိုင်ငံတော်ကြီးကို စတင်တည်ထောင်သူ ဘုရင်ကြီးထယ်ဂျိုရဲ့ ပထမသားဖြစ်သူ မင်းသားအီဘန်းဝန်ရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ မိဖုရားကြီး ဝန်ဂယောင်းဟာ အရည်အချင်းရှိသူ မှူးမတ်တွေထွက်ပေါ်ရာ မိသားစုကနေ မွေးဖွားလာသူ တစ်ဦးပီပီ ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ မင်းသားအီဘန်းဝန်ကို အိမ်ရှေ့စံဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘုရင်ကြီးထယ်ဂျိုဟာ ဒုတိယသားဖြစ်တဲ့ အီဘန်းဂွမ်ကို အိမ်ရှေ့စံရာထူးပေးလိုက်တဲ့အခါ မင်းသားအီဘန်းဝန်ခမျာ ဘုရင်အဖြစ်ကနေ ခြေတစ်လှမ်းဝေးသွားပါတော့တယ်။
ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ မိဖုရားဝန်ဂယောင်းဟာ ခင်ပွန်းဖြစ်သူ မင်းသားအီဘန်းဝန်ကို ဘုရင်အဖြစ် နန်းတင်ပေးဖို့အရေး နန်းတော်တွင်းမှာ ပုန်ကန်မှုတွေ၊ အရေးကိစ္စတွေကို ဖန်တီးပြီး မင်းသားအီဘန်းဝန်ကို ဘုရင်ထယ်ဂျိုအီဘန်းဝန် ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပါတော့တယ်။
ဒါပေမယ့်လည်း အီဘန်းဝန်တစ်ယောက် ဘုရင်ဖြစ်လာပြီး ကိုယ်လုပ်တော်တွေ၊ မိဖုရားတွေ အများကြီး ရလာချိန်မှာတော့ မိန်းကလေးတို့သဘာဝ မနာလိုသဝန်တိုဖြစ်လာတဲ့ မိဖုရားဝန်ဂယောင်း၊ ဘုရင်ထယ်ဂျိုနဲ့ မိဖုရားဝန်ဂယောင်းတို့ကြားက ပြောင်းလဲလာတဲ့ ဆက်ဆံရေးတွေကို ရိုက်ကူးပြထားမှာပါ။
ကိုရီးယားနိုင်ငံက သမိုင်းဆိုရင် ပိုင်နိုင်အောင် ရိုက်ကူးပြနိုင်တာမို့လို့ ဒီဇာတ်လမ်းတွဲမှာလည်း သမိုင်းမှာ နာမည်ကြီး ကျော်ကြားခဲ့တဲ့ မိဖုရားကြီးတစ်ပါးဖြစ်တဲ့ မိဖုရားကြီးဝန်ဂယောင်းရဲ့ အကြောင်းကို စိတ်ဝင်တစားကြည့်ရှုခွင့်ရမယ့် နန်းတွင်းဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
🎬 https://t.me/kdrama1_by_happy