Penduko (2023) ဇာတ်ကားသစ်
*
ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင်
ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား
ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။
ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီတွေနဲ့ ရိုးရာပုံပြင်ကို
မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို
ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့
စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။
Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက
သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ်
တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို
မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး
ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ
တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။
ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့
အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ
ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီးအောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး
မောင်းထုတ်မလဲဆိုတာကိုကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
👍👍👍❗️❗️❗️❗️❗️
📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ