လမ်းကြုံ
===========
အခုတလော မိုးကုတ်သတင်းတွေ နားစွင့်ပြီး ရင်ထဲ မတင်မကျ ဖြစ်နေတဲ့ ကိစ္စတခု ရှိတယ်ဗျ ။
ဘာလဲဆိုတော့ TNLA က UWSA ကို တူးခွင့်ပေးထားပြီး ဂေါက်ကွင်းထဲမှာတောင် ကျောက်တူးနေပြီဆိုတဲ့ သတင်းပါပဲ ။
အခုဆိုရင် ရှမ်းမြောက်အတွက် မြေပြင်ထိုးစစ်တွေလည်း ဝင်နေပါပြီ ။ ဝေဟင်ကလည်း ဆော်နေတာ အတော်ကြာလှပါပြီ ။ ထူးခြားချက်က TNLA တို့အတွက် ငွေဝင်လမ်းကြောင်း အကြီးကြီး ဖြစ်တဲ့ မိုးကုတ်ကတော့ ဏဘရံ ဘေးမရှိ ဖြစ်နေတာ တွေးစရာအများကြီး ဖြစ်နေရပါတယ် ။
မိုးကုတ်က မန်းတိုင်းထဲမှာမို့ ရှမ်းမြောက်ထိုးစစ်နဲ့ အကြုံးမဝင်တာလား ဘာလား ဆိုပြီးလည်း တွေးမိတယ် ။ ဘာမှတော့လည်း မဆိုင်ဘူးဗျ ။ စစ်မြေပြင်က တကျောတည်းဖြစ်နေတာမို့ သူလည်း အရေးပါတဲ့ အနေအထားပဲလေ ။
လေယာဥ်တွေ ဒီလောက်လမ်းကြုံနေတာပဲလေ မိုးကုတ်က ဂေါက်ကွင်းထဲ ကျောက်တူးနေတဲ့ သူပုန် နဲ့ ထောက်ပို့တွေကို ဗုံးမကြဲတာ တွေးမရဘူး ။
မတွေးကောင်း တွေးမိတာကတော့ ဆိုင်ရာ တပ်မှူးကြီးတွေများ မိုးကုတ်က ခွဲတမ်းရနေသလားလို့ တွေးစရာဖြစ်နေရပါပြီ ။ ရိုးရိုးသားသား ဆိုရင်တော့ သူပုန်အတွက် အဓိက ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ရမှာ မဟုတ်ဖူးလား ဗျာ ။
သပိတ်ကျင်း ရွှေတွင်းတွေ နဲ့ မိုးကုတ်ကျောက်တူးနေကြတာကို အလှကြည့်နေတဲ့ စစ်ရေးအစီအမံကိုဖြင့် သူပုန်အတွက် ရံပုံငွေတိုးရေး ရည်ရွယ်ချက်ရှိသလားလို့ ပြည်သူတွေ မယုံသင်္ကာ ဖြစ်နေရပါတယ် ။
( ကျုပ်တို့ တပ်မှူးကြီးတွေ ငွေအလွန်ကြိုက်တတ်ကြတာလည်း ရှေ့က နမူနာတွေ အများကြီး တွေ့ထားကြတော့ကား....)
ဘယ်လောက်အော်အော် ဘယ်လောက်အရေးကြီးကြီး လုံးဝ မလုပ်သေးတာတွေ အများကြီးပဲ ။ တပ်ချုပ်ကြီးက ပြောတယ် '' ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး'' အဖွဲ့ကြီး အဆင့်ဆင့်ဖွဲ့စည်းဖို့ ညွှန်ကြားထားတာ 16-8-2024
နေ့ ကတည်းကပါပဲ ။
ဒါပေမယ့် တောင်သာ မြင်းခြံ နွားထိုးကြီး ဆိုတဲ့ PDF သောင်းကျန်းနေတဲ့ မြို့တွေမှာ အခုထိ ဖွဲ့မပေးသေးဘူးဗျာ ။ လပခ တိုင်းမှူးကြီးကသာ အိပ်ပျော်နေတာ ခင်ဗျ PDF တွေက အခုဆိုရင် မြင်းခြံမြို့နယ်ထဲက ယုံထိုးကျေးရွာမှာတောင် သင်တန်းအသစ် ထပ်ဖွင့်နေသေးတယ် ။
မြန်မာပြည်အလည်ပိုင်းက အရေးကြီးသော PDF သောင်းကျန်းရာ ဒေသတွေမှာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ မဖွဲ့သေးတာရယ် ၊ မိုးကုတ် နဲ့ သပိတ်ကျင်းရှိ ရတနာ နဲ့ ရွှေတူးတဲ့ နေရာတွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် မတိုက်သေးပဲ အလှကြည့်နေတာ ဘာဖြစ်လို့လဲဆိုတာ ပြည်သူတွေ အကြောင်းပြချက် သိချင်နေကြပါပြီ ။
တပ်ချုပ်ကြီးအနေနဲ့လည်း မိမိစေခိုင်းထားသော အလုပ်များ မြေပြင်မှာ အကောင်အထည် မဖော်ပဲ မလုပ်မရှုပ် မပြုတ် လုပ်နေကြတာတွေကို အမြန်ဆုံး ဖင်ကို ဒုတ်နဲ့ထိုးပြီး ခိုင်းဖို့ လိုအပ်နေပြီလို့ သတင်းစကားပြောချင်ပါတယ်ခင်ဗျား ။
ကိုရွှေမျိုးဝင်း