𝐌𝐚𝐡.......𝐚𝐫𝐚𝐣𝐚 (𝟐𝟎𝟐𝟒)
==============
ဗီဂျေးစည်သူပသီရဲ့ ရုပ်ရှင်ကား (၅၀)မြောက်အဖြစ် Maharaja ဆိုတဲ့ suspense thriller ရုပ်ရှင်ကို B-Town ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ ဗီဂျေးနဲ့အတူ သရုပ်ဆောင်ပိုင်းမှာ ပြောင်မြောက်လှတဲ့ Anurag Kashyap ကိုပါ ဗီလိန် Role အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
"ဆရာ ကျွန်တော့်ရဲ့ လက်ရှ်မီး ပျောက်သွားလို့ လာတိုင်တာပါ"
"သူခိုးတွေက ကျွန်တော့်အိမ်က လက်ရှ်မီးကို ခိုးသွားလို့ပါ"
ဒီအက်ရှင်သည်းထိတ်ရင်ဖိုဇာတ်လမ်းဟာ ပုံမှန်မြင်နေကျအကြောင်းအရာတွေနဲ့ လုံးဝမတူပါဘူး။ ဒီဇာတ်လမ်းဖြစ်ပေါ်လာပုံ မူလဇစ်မြစ် အကြောင်းအရင်းကတော့ အမှိုက်ပုံးတစ်ခုကြောင့်လို့ ဆိုပါတယ်။
အမှိုက်ပုံးဆိုပေမဲ့ မဟာရာဂျာဆိုတဲ့လူရဲ့ အမှိုက်ပုံးက သူ့သမီးရဲ့အသက်သခင်ကျေးဇူးရှင်ပဲဖြစ်ပါတယ်။ ပြီးတော့ လက်ရှ်မီး ဆိုပြီးတော့လည်း နာမည်ပေးထားပါသေးတယ်။ လက်ရှ်မီးဆိုတာ တမီးလ်ဘာသာစကားမှာ ကံကြမ္မာရဲ့နတ်ဘုရားမလို့ အမည်ရပါတယ်။ အမှိုက်ပုံးဆိုပေမယ့် အပတ်တိုင်း ရေဆေးသန့်စင်ပီး မိသားစုဝင် လူတစ်ယောက်လို ဂရုစိုက်ပီး ဘုရားစင်အောက်မှာ သေချာထားတာပါ။
သမီးဖြစ်သူကိုသိပ်ချစ်ပြီး သိပ်အယုံအကြည်ရှိတဲ့မဟာရာဂျာက သာမန်ဆံသဆရာတစ်ယောက်ဖြစ်ပြီး သာမန်လူလတ်တန်းစားတစ်ယောက်ပါ။
ဒါပေမဲ့ တစ်နေ့မှာတော့ မဟာရာဂျာက ရဲစခန်းကို တိုင်ချက်သွားဖွင့်ပါတယ်။ သူ့သမီး ခရီးထွက်နေတုန်း သူတို့အိမ်ထဲကိုသူခိုးဝင်ပြီး လက်ရှ်မီးကိုခိုးသွားလို့ သူ့သမီးလေးပြန်မလာခင် လက်ရှ်မီးကိုတွေ့အောင်ရှာရမယ်ဆိုပီး တိုင်ချက်ဖွင့်တာပါ။
ဒါပေမဲ့ အစကတော့ ရဲတွေက ဘာမဟုတ်တဲ့အမှိုက်ပုံးတစ်လုံးအတွက်နဲ့ အချိန်မဖြုန်းနိုင်ဘူးလို့ငြင်းခဲ့ပေမဲ့ မဟာရာဂျာရဲ့လက်မလျှော့တတ်တဲ့စိတ်ထားကြောင့် မတတ်သာဘဲ အမှုကိုလက်ခံလိုက်ရပါတော့တယ်။
သာမန်အမှိုက်ပုံးလေးလို့ထင်ရပေမဲ့ အမှုလိုက်ဖို့အထိကိစ္စကြီးသွားတဲ့အခါ ရဲတွေနဲ့မဟာရာဂျာတို့ လက်ရှ်မီးကိုရှာဖို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ လက်ရှ်မီးကိုခိုးသွားတဲ့သူခိုးတွေကရော ဘယ်သူလဲ။ ဘာလို့ အမှိုက်ပုံးကိုမှခိုးသွားရတာလဲ။ ဒီအမှိုက်ပုံးကိုရှာတွေ့ဖို့ မဟာရာဂျာတစ်ယောက် ဘာတွေကိုဘယ်လိုရင်ဆိုင်ပြီး ကြုံတွေ့ရမလဲ။
ဒီကားကြည့်ပီ:သွားတဲ့အခါ မကောင်းမှုတွေရဲ့ ကြောက်စရာ သံဝေဂယူစရာတွေနဲ့ တွေးစရာတွေ တပုံကြီးနဲ့ ချန်ထားခဲ့ပါလိမ့်မယ်။
Movie Link 👇
https://t.me/khanthtookyaw4/118