အတွင်းသန္တာန် သရုပ်မှန်ဖို့
======================
မနေ့က မင်းသားကြီး တဦးဆီကို အလည်အပတ်သွားခဲ့ပါတယ် ။ သူ့ဆီမှာ ကိုယ့်ရှေ့က ရောက်နေတဲ့ လူတယောက်လည်း ရှိပါတယ် ။ တချိန်က ဇိုးအဖြစ် နာမည်ကြီးခဲ့တဲ့ လူတယောက်ပါပဲ ။
ရုပ်ရှင်မင်းသမီး တဦးရဲ့ ယောကျာ်းပါပဲ ။ သူနဲ့ မင်းသားကြီးတို့ ပြောနေတဲ့ ကိစ္စကို ကိုယ်က ဘေးကနေပြီး နားထောင်နေပါတယ် ။
စီးပွားရေး လုပ်ငန်း ဂွင် ကိစ္စအတွက် အများပြည်သူ မထိခိုက်ဖို့ ၊ ဥပဒေနဲ့အညီ လုပ်ကြဖို့ တိုင်ပင်နေကြတာပါ ။ နောက်ပြီးမှတ်မှတ်သားသား ဖြစ်ရမယ့် စကားတခွန်းလည်း ကြားခဲ့ရပြန်ပါတယ် ။
ဇိုးကြီး ဆိုးသွမ်း ရိုက်နှက်နေတဲ့ ကာလတုန်းက သူလေးစားတဲ့ လူတယောက်က ဆုံးမသတဲ့ ။ မင်း သည်းမခံနိုင်တာကို သည်းခံကြည့်ပါ ပြီးသွားရင် အရမ်း အရသာ ရှိလိမ့်မယ် တဲ့ ။
တနေ့ အဲဒီဇိုးကြီးလည်း သူ သည်းမခံနိုင်တဲ့ စော်ကားမှုနဲ့ ကြုံလာတော့ ထုံးစံအတိုင် ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ဆိုပြီး ထွက်လာပါရော ။ လမ်းတဝက်လောက်အရောက်........
'' မင်း သည်းမခံနိုင်တာကို သည်းခံကြည့်ပါ ပြီးသွားရင် အရမ်းအရသာ ရှိတယ် ''
ဆိုတဲ့ စကားကို ရုတ်တရက် ပြန်သတိရလာပြီး ဒေါသကို ဇွတ်မြိုချပြီး အိမ်ပြန်အိပ်နေသတဲ့ ။ ပြီးသွားတော့ တကယ့်ကို အမြှိုက်အရသာ ရှိမှန်း သိသွားရသတဲ့ ။
အဲဒီ စကားကို သူကိုယ်တိုင်ပြန်ပြောပြနေတာနော် ။ ကျနော်လည်း ဘေးက နားထောင်ရင်း သူတို့ နဲ့ ပတ်သပ်တဲ့ အသိတွေ မျှဝေချင်လာပါတယ် ။
နာမည်ကြီး ရုပ်ရှင်မင်းသမီး ယောကျာ်း နာမည်ကျော် ဇိုးတယောက်က သည်းခံခြင်း အရသာ ပြောသွားတာရယ် ၊ ငွေရှာတဲ့နေရာ အများပြည်သူ မထိခိုက်ဖို့ ၊ ဥပဒေ လိုက်နာကြဖို့ ပြောသွားတာရယ်ဟာ ကိုယ်တိုင် မကြားရရင် ယုံနိုင်ဖွယ်မရှိပါဘူး ။
ဘယ်လိုလူပဲ ဖြစ်ဖြစ် တိုင်းပြည်ချစ်စိတ် နဲ့ လူလိုသိတဲ့ စာနာစိတ်လေးသာ တကယ်ရင်ထဲ ရှိသွားမယ်ဆိုရင် အဲဒီ ဇိုးကြီးလို အကောင်းဘက် ရွေ့သွားမှာပါပဲ ။
လူလို မသိရင်တော့ တရားသူကြီးကလည်း လာဘ်စားမှာပဲ ၊ ရပ်ကျေး / မြို့နယ် ထွေအုပ်တွေကလည်း ပြည်သူကို ရတဲ့အပေါက်က ဒုက္ခပေးနေမှာပဲ ၊ ဘယ်လို ဝန်ထမ်း ဖြစ်ပါစေ ပြည်သူကို ဒုက္ခပေး နေကြမှာပါပဲ ။
ငယ်ငယ်တုန်းတုန်းကပေါ့ဗျာ မြင်းခြံက ရှုမဝ သံရည်ကျိုစက်က ဦးအေးမောင် ဆိုတာ ရှိတယ်ဗျ ။ သူပြောခဲ့ဖူးတာလေး သတိရလာပါတယ် ။
'' ဟေ့ကောင် မင်း သန္တာန် ဆိုတာ သိလား ကွ ''
'' မသိဘူး ဗျ သဏ္ဌန် ပဲ သိတယ်''
'' အေး သဏ္ဌန် ဆိုတာက လေးထောင့် အဝိုင်း ပိန်တယ် ဝတယ် အစရှိတဲ့ ရည်ညွှန်းဖော်ပြစရာ အသွင်ရှိတာမျိုးကို ပြောတာကွ ''
'' ဟုတ်ကဲ့ ဒါဆို သန္တာန် က ''
'' သူက အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဌန် နှိုင်းစရာမရှိတဲ့ စိတ်ကို ပြောတာကွ ''
( ဦးအေးမောင် ပြောခဲ့တာကို ပြန်ရေးပြတာပါ တရားကျွမ်းကြင်သူ မဟုတ်လို့ မှားနေလည်း မန့် မှာ ပြင်ဆင်ပေးကြပါဗျာ)
အဲလို ဆိုတော့ ကျနော်တို့က အပြင် သဏ္ဌန် ကြည့်ပြီး သူက တရာသူကြီး ၊ သူက ရဲ ဒီတော့ တရားမျှတတာပဲ လုပ်မှာပါ လို့ သတ်မှတ်ကြရမှာလား ၊ ဒီလူက လူဆိုး မဟုတ်တာ လုပ်မယ့်သူလို့ သတ်မှတ်ကြရမှာလား သို့တည်းမဟုတ်....... လူဆိုး လူကောင်း သတ်မှတ်ဖို့ အတွက်......
အမှန်တကယ် လုပ်ဆောင်နေတဲ့ လုပ်ရပ်တို့ရဲ့ တွန်းအားဖြစ်တဲ့ အတွင်း သန္တာန် ကိုပဲကြည့်ပြီး ဆုံးဖြတ်ကြရမလားဆိုတာ မစဥ်းစားတတ်တော့လို့ မေးကြည့်တာပါ ။
ကိုရွှေမျိုးဝင်း