ဂဠုန် ဦးစော ( ၁)
==============
ဂဠုန်ဦးစောဟာ ငယ်စဥ်က ကျောင်းကောင်းစွာ မနေခဲ့ရပဲ ၇ တန်းသာအောင်ခဲ့ရတဲ့ ကျောင်းပညာပဲ ရှိပါတယ် (အချို့ကတော့ 7 တန်းမအောင်ဘူးလို့ လဲ ရေးပါတယ်)။ ဦးစောဟာ အဲဒီခေတ်ပညာရေး စနစ်အရ တတိယတန်းရှေ့နေဘွဲ့ သင်ယူခွင့်ရပြီး အောက်တန်းရှေ့နေအဆင့် နဲ့ အသက်မွေးခဲ့ပါတယ် ။
ရည်ရွယ်ချက်ကြီးမားသူ ဦးစောဟာ အဲဒီအချိန်က အကြီးဆုံး နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ GCBA အဖွဲ့ထဲက ထိပ်တန်းခေါင်းဆောင် ဦးဘဖေဆီမှာ တပည့်ပြီး နိုင်ငံရေးလောကထဲကို ခြေလှမ်းစခဲ့ပါတယ် ။
အဲဒီအချိန်က မြန်မာ့နိုင်ငံရေးလောကမှာ ဘိလပ်ပြန်ဝတ်လုံများနဲ့ တက္ကသိုလ်ဘွဲ့ရများ ကြီးစိုးနေပြီ အင်္ဂလိပ်လို မွှတ်နေအောင် ပြောနိုင် ရေးနိုင်သူတွေပဲ နေရာရ လူရာဝင်နေချိန် ဖြစ်ပါတယ် ။
ရည်မှန်းချက်ကြီးတဲ့ ဦးစောလည်း အင်္ဂလိပ်စကားပြောကို အသဲအသန်လေ့လာသင်ယူရပါပြီ ။ ဦးဘဖေရဲ့ မျက်နှာနဲ့သာယာဝတီကောင်စီမှာအရွေးခံတယ် ။ နောက်သာယာဝတီအမတ်အရွေးခံတယ် ။ ပထမအကြိမ်မှာ မအောင်မြင်ပေမယ့် နောက်အကြိမ်မှာ အမတ်ဖြစ်လာပါပြီ ။
အဲဒီအချိန်မှာ GCBA အသင်းဝင် ဆရာစံရဲ့ တောင်သူလယ်သမား အရေးတော်ပုံထဖြစ်ပါတယ် ။ အင်္ဂလိပ်တို့က ရက်ရက်စက်စက် နှိမ်နင်းတော့ ပြင်းပြင်းထန်ထန် ဝေဖန်တာ ဦးစောပါပဲ ။
ဆရာစံနဲ့ ဂဠုန်တပ်သားတွေကို ဖမ်းပြီး သာယာဝတီမှာ တရားစွဲတော့ ဂဠုန်အဖွဲ့တွေ့ဖက်ကနေ ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ် ။ တရားရုံး မှာရော အပြင်မှာပါ အပြင်းအထန် ပြောလွန်းလို့ အင်္ဂလိပ်အရာရှိတယောက်က ဦးစောကို မင်းလည်း ဂဠုန်စော ဖြစ်နေပြီလို့ ပြောလိုက်တဲ့ စကားကနေစပြီး ဂဠုန်ဦးစော ရယ်လို့ နာမဝိသေသန ရလာခဲ့ပါတယ် ။
တို့ဗမာအစည်းအရုံး အားကောင်းလာသလို တွဲရေး ခွဲရေး ပြဿနာတွေလည်း ပြင်းထန်လာပါတယ် ။ ဦးစောက ခွဲရေးအုပ်စုမှာ ပါဝင်လှုပ်ရှားပါတယ် ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တွဲရေး ခွဲရေး စကားရည်လုပွဲ ပြုလုပ်ကြရာ တွဲရေးဖက်မှ ဒေါက်တာဘမော် နဲ့ ဒေါက်တာဘဟန် ၊ ခွဲရေးဘက်က ဦးစော နဲ့ ဦးထွန်းဝင်း တို့ ယှဥ်ပြိုင်ကြပါတယ် ။
အင်္ဂလိပ်စာကို မွှတ်မွှတ်လည်အောင် တတ်ကျွမ်းပိုင်နိုင်တဲ့ ဒေါက်တာဘမော်ဟာ ၇ တန်းအောင်အဆင့် အင်္ဂလိပ်စာ လူနားလည်ယုံပြောတတ်တဲ့ ဦးစောရဲ့ ထိမိတဲ့ အသုံးအနှုံးတွေကြောင့် အရှက်တကွဲ အရေးနိမ့်ခဲ့ရပြီး ဦးစောလည်း ပညာတတ်အသိုင်းအဝိုင်းထဲအထိ ကြော်ကြားလာစေခဲ့ပါတယ် ။
1936 မှာ အကြံကြီးတဲ့ ဦးစောဟာ အပျော်တမ်း ဂဠုန်တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းပါတယ် ။ ကာကီရောင်ယူနီဖောင်း နဲ့ ဝါးရင်းတုတ်များကို ကိုင်ဆောင်ကာ စစ်ရေးလေ့ကျင့်ပေးခဲ့ပါတယ် ။
အဲဒီအချိန်မှာပဲ တို့ဗမာ အစည်းအရုံးကလည်း ပင်နီဝတ် အပျော်ထမ်း တပ်ဖွဲ့ ဖွဲ့ထားပြီး ဒေါက်တာ ဘမော်ကလည်း ဓားမ တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းထားခဲ့ကြပါတယ် ။
တွဲရေး ခွဲရေး ပြဿနာ အပြီးမှာ ဒေါက်တာဘမော်ဟာ ပထမဆုံး ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ပါတယ် ။ 26-7-1938 မှာ မော်လဝီ နဲ့ သြဝါဒစာတမ်း(မော်လဝီ နဲ့ ယောဂီ) စာအုပ်ကြောင့် ကုလား ဗမာ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ် ။ 26-8-1938 မှာ ဒေါက်တာဘမော်အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။
ဒါပေမယ့် ရေနံမြေသပိတ် ပေါ်ပေါက်လာပြီး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရတဲ့ အရေးအခင်း အပြီးမှာ ပြည်သူအများစုက ဒေါက်တာဘမော် အစိုးရကို အင်အားအပြည့် ဆန့်ကျင်လာပါတယ်။
အဲဒါကို အခွင့်ကောင်းယူပြီး 12-2-1939 မှာ လွှတ်တော်၌ အယုံအကြည်မရှိကို စကားလုံးတွေဝေဝေဆာဆာ နဲ့ အချက်ကျကျ တင်းသွင်းခဲ့တာကတော့ ဂဠုန်ကြီးပါပဲ ။
ဒီလိုနဲ့မဲခွဲကြတော့ အပြောကောင်းတဲ့ ဦးစောအဆိုကို အမတ် 70 ထောက်ခံပြီး ဒေါက်တာဘမော်ကို ထောက်ခံသူ 37 ဦးသာ ရှိခဲ့တာမို့ ဒေါက်တာဘမော် ညွှန့်ပေါင်းအစိုးရ ပြုတ်သွားပါတယ် ။
ဦးပု ညွှန့်ပေါင်းအစိုးရ တက်လာပြီး အပြောကောင်းတဲ့ ဂဠုန်ကြီးလည်း အစိုးရသစ်လက်ထက်မှာ လယ်ယာစိုက်ပျိုးရေး နဲ့သစ်တောဌာန ဝန်ကြီး ဖြစ်လာပါတယ် ။
ဦးပုအစိုးရရဲ့ လက်ထက်မှာ အခြေအနေတွေပိုဆိုးလာပြီး တနှစ်အတွင်း ၃ ကြိမ်အထိ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပါတယ် ။ အဲဒီ အခွင့်အရေးကို အမိအရယူပြီး 7-9-1940 မှာ ဂဠုန်ကြီးကပဲ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ ဦးပုလည်း ပြုတ်သွားပါတော့တယ် ။
တို့ဗမာအစည်းအရုံးဝင် သခင်တွေကို ထိမ်းမရလို့ ပြုတ်ကျခဲ့ရတဲ့ အစိုးရ ၂ ခု နေရာမှာ ဘုရင်ခံဆာအာခီဘောကရိန်းက ဦးစောကို မျက်စေ့ကျတဲ့ အတွက် 9-9-1940 မှာ အစိုးရ ဖွဲ့စေခဲ့ပါတယ် ။
ဂဠုန်ဦးစော ၊ ဦးပေါ်ထွန်း ၊ ဦးစောသာဖေ ၊ ဦးဘသီ ၊ ဦးဘသန်း ၊ သာယာဝတီမောင်မောင် ၊ ဦးဘရင် ၊ ဦးဘအုန်း တို့နဲ့ အစိုးရဖွဲ့ခဲ့တဲ့ ဂဠုန်ဦးစော ဟာ သူ့ရဲ့ ဆရာဟောင်း ဦးဘဖေ ကို ဖြုတ်ခဲ့ရုံမကဘူး ဒေါက်တာဘမော် နဲ့ ဦးဘဝင်း ကိုဖမ်းဆီးထောင်ချခဲ့ပါတယ် ။