ဂဠုန်ဦးစော ( ၂)
================
ဦးစောဟာ အလွန်အကြံကြီးပြီး ရည်ရွယ်ချက်လည်း ကြီးမားသူဖြစ်ပါတယ် ။ သူဟာ သူရိယ သတင်းစာသတင်းစာရဲ့ ရှယ်ယာတွေကို အများအပြားဝယ်ပြီး ကုမ္ပဏီ ဒါရိုက်တာ ဖြစ်အောင်လုပ်ခဲ့သလို ကိုယ်ပိုင်လေယာဥ်တောင်မှ ဝယ်ခဲ့တယ်လို့ ဆိုပါတယ် ။
ဦးစောကို ဂျပန်က ဖိတ်ခေါ်တဲ့ အတွက် သွားခဲ့ပါတယ် ။ သူဂျပန်ကို ရောက်တော့ ဗိုလ်မှူးကြီးဆူဇူကီး နဲ့ တွေ့ဆုံပြီး မြန်မာပြည်လွတ်လပ်ရေး အတွက် ဂျပန်က အကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
ဘာတွေ ကူညီရမလဲပြန်မေးတော့ လက်နက် နဲ့ ငွေကူညီဖို့ ပြောပါတယ် ။ ဗိုလ်မှူးကြီး ဆူဇူကီးက ဒါဆိုရင် သူတို့ တိုင်ပင်ပြီး စဥ်းစားကာ အဖြေပေးမယ်လို့ ပြောခဲ့ပါတယ် ။(ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ် ဘယ်နေမှန်းမသိခင်ကတည်းက ဦးစောက ကြိုပွှိုင့် ရိုက်ခဲ့တာကတော့ ချီးကျူးစရာပါပဲ)
ဒါတင်မကပါဘူး ဦးစောက လန်ဒန်ကို လွတ်လပ်ရေးတောင်း သွားချင်တယ်ဆိုပြီး ဆာဒေါ်မန်စမစ်ထံ တင်ပြပါတယ် ။ ဆာဒေါ်မန်စမစ်က လန်ဒန်ကို အကြောင်းကြားပေးပြီး ဖိတ်စာ ရယူပေးခဲ့ပါတယ် ။
1941 အောက်တိုဘာလ မှာ ICS ဦးတင်ထွဋ်နဲ့အတူ လန်ဒန်ကို ထွက်ခွါသွားကြပါတယ် ။ ချာချီ နဲ့ တွေ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးပြီးလျှင် လွတ်လပ်ရေး စီမံပေးမည်ဟု ကတိပေး ကြေညာပေးစေကြောင်း တောင်းဆိုတဲ့ အခါ ချာချီက........
"မင်းတို့တတွေ ဗမာဘုရင်လက်အောက် အုပ်စိုးခံရခြင်းထက် အင်္ဂလိပ်လက်အောက် အုပ်စိုးခံရခြင်းက ပိုမကောင်းဘူးလား"
"အကယ်၍ ဗြိတိန်နိုင်ငံဟာ အာဏာရှင် ဟစ်တလာရဲ့ လက်အောက်မှာ ရှိနေမယ်ဆိုရင် ခင်ဗျား ကျေနပ်မလား"
"မင်းတို့ ဗမာပြည်ကို လွတ်လပ်ရေး ပေးလိုက်ရင် အာဏာလုနေတာနဲ့ပဲ အချင်းချင်းသတ်ပြီး သွေးချောင်းစီးနေမှာပေါ့"
ချာချီက အဲဒီလို ခနဲ့ပြီး ပြောခဲ့ပေမယ့်..........
"ကဲ ပါ ဒုတိယကမ္ဘာစစ်ကြီးပြီးရင် ဆွေးနွေးကြတာပေါ့"
ဆိုပြီး နှစ်သိမ့်လွှတ်လိုက်ပါတယ် ။ ဦးစောလည်း ကတိကဝတ် မရပဲပြန်လာရပြီး လစ္စဘွန်းလေဆိပ်မှာ နားနေတုန်း သတင်းတခု ကြားလိုက်ပါတယ် ။
ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲလို့ အမေရိကန်ရေတပ်ကြီး ပျက်ဆီးသွားတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ် ။ စစ်ပွဲမှာ ဂျပန်တွေ အရေးသာနေပြီလို့ တွက်ဆပြီး ဦးစောက ဦးတင်ထွဋ်ကို ထားခဲ့ပြီး လစ္စဘွန်းရှိ ဂျပန်ကောင်စစ်ဝန်ရုံးဆီ တယောက်ထဲ ထွက်လာပါတယ် ။
ဒါပေမယ့် အင်္ဂလိပ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့ လစ္စဘွန်းမှာ ဦးစောရဲ့ ခြေလှမ်းကို သိသွားတဲ့ချာချီက လစ္စဘွန်းမှာပဲ ဦးစောကို ဖမ်းဆီးပြီး ယူဂန္ဓာနိုင်ငံအကျဥ်းထောင်သို့ ပို့ထားလိုက်ပါတော့တယ် ။
ဦးစောရဲ့ နိုင်ငံရေး ကဏ္ဍပျောက်နေချိန်မှာ မြန်မာပြည်ကတော့ ဖဆပလ အားကောင်းလာပါပြီ ။ ပြည်တော်ပြန် ဆာဒေါ်မန်စမစ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ပြိုင်နိုင်မယ့် နိုင်ငံရေးသမားအား လိုက်ရှာရာ မတွေ့သဖြင့် ယူဂန္ဓာရှိ ဂဠုန်ကြီးကို ပြန်ခေါ်လာရပါတယ် ။
ဦးစောဟာ အသက် ၄၄ နှစ်ဖြစ်ပြီး ဗိုလ်ချုပ်ကတော့ အသက် ၃၀ ပဲ ရှိပါသေးတယ် ။ အဲဒီအချိန်မှာပဲ ရန်မီးအစပျိုးခဲ့တဲ့ အဖြစ်တခု ပေါ်ပေါက်ခဲ့ရပါတယ် ။
21-9-1945 မှာ မြေနီကုန်းလမ်းဆုံအကျော် စမ်းချောင်းအထက (2) ကျောင်းရှေ့မှာ ဦးစောရဲ့ကားကို နောက်ကပါလာသော စစ်ဂျစ်ကားပေါ်ရှိ ပြည်သူ့ရဲဘော် ယူနီဖောင်း ဝတ်ထားတဲ့ လူ ၄ ဦးထဲမှ ထရပ်ကာ စက်တင်းဂန်းနဲ့ ပစ်ခတ်ပါတယ် ။
လူကို မမှန်ပဲ ကားမှန်ကိုသာ ထိမှန်ပြီး ဦးစောရဲ့ မျက်လုံးထဲကို မှန်စဝင်သွားပါတယ် ။ 27-9-1945 မှာ ဗိုလ်ချုပ်တို့ လူနာလာမေးတော့ ဦးစောက..........
"အောင်ဆန်း မင်းတို့ အစိုးရဖြစ်ရင် ဘယ်ပုံစံနဲ့ အုပ်ချုပ်မှာလဲ ကွ"
"ဥပဒေနဲ့ အညီပဲ အုပ်ချုပ်မှာပေါ့"
"အေးဒါဆို အခု ငါဆေးသွားကုပြီး ပြန်လာရင် တရားခံပေါ်တာ မြင်ချင်တယ်"
"ကျုပ်ကလည်း ဒီလို အကြမ်းဖက်တဲ့ နိုင်ငံရေးကို အားမပေးပါဘူး"
ဦးစောက ဘာမှ မပြောတော့ပဲ ဗိုလ်ချုပ်ကို ကျောစိမ့်လောက်တဲ့ အေးစက်စက်အပြုံးနဲ့ပဲ ကြည့်နေပါတော့တယ် ။
ဦးစောရဲ့ အကြည့်ကို အားလုံးက သိနေပါတယ် ။ အောင်ဆန်း မင်းလုပ်တာ ငါသိပါတယ် ဆိုတဲ့ အဓိပ်ပါယျ မို့ သူတို့ ချင်း ထပ်မံတွေ့ဆုံပြီး ဦးစောရဲ့ သံသယ ကို ဖြေရှင်းဖို့ ကျိုးစားကြပါတယ် ။
ဦးစော ဆေးကုပြီးတဲ့ အထိ တရားခံမပေါ်တဲ့ အတွက် ဦးစောဟာ ဗိုလ်ချုပ်အပေါ်လုပ်ကြံသူအဖြစ် တထစ်ချ မှတ်ယူထားကြောင်း ပေါ်လာရပါတယ် ။
လူပ်ကြံမှု သံသယမှ ရှင်းလင်းအောင် ၂ ယောက်လုံးနဲ့ ရင်းနှီးသူ သခင်လှဘူး(ကလောင် ဒဂုန်ငွေအိုး)က စီစဥ်ပေးပါတယ် ။
၈ မိုင်ခွဲ ရှိ အေဝမ်း ရုပ်ရှင်ခြံထဲမှာ နှစ်ယောက်သား တွေ့ကတည်းက အဆင်မပြေပါဘူး ။ ဗိုလ်ချုပ်က စပြီး ဦးစော နေကောင်းလား မေးတာကို နေကောင်းလို့ တွေ့တာပေါ့ကွ ဆိုတဲ့ ဘု ဘောက်စကားနဲ့ စခဲ့ကြပါတယ် ။
အဲဒီနောက် ဗိုလ်ချုပ်ကို သူလုံးဝမယုံကြောင်း သူ့ကို လုပ်ကြံသူတွေက ဗိုလ်ချုပ်တပည့် ပြည်သူ့ရဲဘော်တွေ သေချာကြောင်း ပြောပါတယ် ။( တကယ်လည်း ဟုတ်ပါတယ် ဗိုလ်ချုပ်တပည့် ရန်ကုန်ဘဆွေ လက်ချက်ပါ ဗိုလ်ချုပ် ခိုင်း မခိုင်းတော့ မသိကြပါဘူး) ဗိုလ်ချုပ်ကလည်း ငြင်းပါတယ် ။