AA ၏ ထုတ်ပြန်စာကို သုံးသပ်ခြင်း
ရက္ခိတ နိုင်ငံတော် ထူထောင်မည်ဆိုပြီး ဟစ်ကြွေးလာသည့် AA သောင်း ကျန်းသူများမှ မနေ့က စာထထုတ်သည်။ နိုင်ငံရေးနည်းအရ ဆွေးနွေးရန် အသင့်ရှိ နေပြီတဲ့။
ထိုစာထဲတွင် ရေးသားထားသည်များကို ဖတ်ရှုရတာ Diplomacy ဆန်ဆန် စကားလုံးတွေဖြစ်သဖြင့် ရွှန်းရွှန်းကိုဝေနေတာကို ခံစားမိသည်။ သို့သော် စာပါ အကြောင်းအရာများကို ဆိုက်က္ကားသမား ဆန်ဆန် တဖန်ပြန်ပြောရမည်ဆိုလျှင် ဖြင့် “တရုတ်ကြီးကိုကြောက်ပါသည်။ တရုတ်အကျိုးစီးပွားကို စောင့်ရှောက်ပါမည်။ အာရက္ခ နိုင်ငံထူထောင်ဖို့ တရုတ်လမ်းညွှန်ချက်ကိုစောင့်ဆိုင်းနေပါသည်။” အနှစ် ချုပ်ကတော့ ဒါပဲဖြစ်သည်။
ဆိုတော့ ... Postive Thinking ဘက်က စဉ်းစားလျှင်ဖြင့် AA သည် အထိနာ ပြီး နိုင်ငံရေးဆွေးနွေးချင်သည်လို့ သုံးသပ်လို့ရသည်။ စစ်တိုက်သည်ဆိုတာ စားသည့်ဆန်၊ ကျည်ဆံ၊ ပိုက်ဆံ ၃ ဆန် သုံးတာကိုး။ ဒါတွေက Play Store မှာ Download လုပ်လို့မရသလို Google မှာလဲ Enter ခေါက်မရလေ။
အဲ ... Negative Thinking ဘက်ကကြည့်လျှင်တော့ AA သည် နောက်ထပ် တစ်ပွဲတိုက်ဖို့ အချိန်ယူပြင်ဆင်သည်လို့ သုံးသပ်ရသည်။
စာရေးသူ ၏ ပုဂ္ဂလိက အမြင် အရတော့ AA သောင်းကျန်းသူများသည် အတိုင်းအတာတစ်ခုထိ ရခိုင်ပြည်နယ် မြို့များအားလုံးကို ခေတ္တသိမ်းပိုက်ထားပြီး ဖြစ်သည်။ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ သုံးမြို့နယ်သာ ထီးထီးချည်း ကျန်ရစ် သည်။ အဆိုပါ မြို့ ၃ မြို့မှာလဲ ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် အင်နဲ့အားနဲ့ တိုက်စစ် ဆင်ဖို့အတွက် အားရှိပြီးသားဖြစ်သည်။ သို့သော် .. သို့သော် တိမ်တောင် သဖွယ် မင်းရေးကြွယ်ဆိုသလို ထို ၃ မြို့တွင် တရုတ်နှင့် မြန်မာအစိုးရအဆက်ဆက် စာချုပ် ချုပ်ထားသည့် စီမံကိန်းတွေအများကြီးရှိသည်။ စစ်တိုက်သည်ဆိုခြင်းမှာ တစ်ဖက် နှင့် တစ်ဖက် သေအောင်ကြေအောင် ထိခိုက်အောင် တိုက်ခြင်းဖြစ်သဖြင့် ဟိုနား ရှောင်တိုက်၊ ဒီနားရှောင်တိုက်လို့မရ။ တပ်မတော်အနေဖြင့် ထိုသို့ ဟိုနားရှောင် ဒီနား ရှောင်ခဲ့လို့ တချို့နေရာတွေမှာ သူတို့ အသာရခဲ့သည်ဆိုတာကို သိထားသည့် သူပုန်သည် သူတို့ အရိုးနှင့် သူတို့ပြန်အထိုးခံရမှာတော့ကြောက်သည်။ ထို့ကြောင့် ထို ၃ မြို့ပေါ်မှ တပ်တွေကို မတိုက်ခင် နိုင်ငံရေးထဆွေးနွေးမည်ဟု ကြေညာခြင်း ဖြစ်သည်။ တကယ်လို့မှ မဆွေးနွေးဘူးလို့ တပ်က ငြင်းရင်တော့ တရုတ်ကို သူတို့ အလွန်မဟုတ်ကြောင်း ပြောမှာပေါ့။ အဲ .. ဆွေးနွေးမယ်ဆိုရင်ရော ဆွေးနွေးမယ် ဆိုရင်တော့ သေချာတယ် .. အဲ့နေရာက တပ်တွေဖယ်ခိုင်းမှာပေါ့။ မဖယ်ခိုင်းလို့လဲ မရဘူးလေ .. သူတို့ အဘ အာရက္ခနိုင်ငံတော်ထူထောင်ဖို့က အဲ့ ၃ နေရာက ဆူးတွေ ဖြစ်နေတာကိုး။
လက်ရှိအနေအထားမှာ စစ်ရေးအရ သူတို့ အသာရထားတဲ့အတွက် အောက်ကတော့ ဆွေးနွေးမှာမဟုတ်ဘူးဆိုတာ ဗေဒင်မေးစရာမလိုဘူး သေချာ တယ်။ ဒီကြားထဲ ဘကုန်း က တရားဝင်အစိုးရနဲ့ပဲ ပြောနိုင်မယ်ဘာညာ ထလုပ် တော့ ဘကုန်း ကို ဘက်ကန်ဖို့ တရုတ်ကို ဒူးထောက်မှကိုရမယ်ဆိုတာ ထွန်းမြတ်နိုင် ကောင်းကောင်းသိတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဆွေးနွေးမယ်ဆို တာ ထပြောတာ။ Vise Visa သဘောတရားအရဆိုရင် သူ့ AA ကလဲ ဒီပွဲမှာ သေတာပဲ။ သောက်သောက်လဲကိုသေတာ။ ဒီလိုအောက်ခြေမှာ သေကြေပြီးမှ စစ်တိုက်ထားတာမို့ ဘယ်လိုလုပ် နိုင်ငံရေးဆွေးနွေးချင်မှာလဲ။ သို့သော် ထွန်းမြတ် နိုင် က ဖြစ်လာတဲ့ အခြေအနေတွေကို သုံးသပ်ပြီး လုပ်သွားတာ။
ဆိုတော့ .. ဆွေးနွေးပွဲ မအောင်မြင်ရင် ဘာဆက်လုပ်မလဲ။ AA အနေနဲ့ ဆက်တိုက်လိမ့်မယ်လို့ ယူဆတယ်။ ခုလက်ရှိ ဂွ ကိုရပြီး အင်အားပြန်စုဖွဲ့မယ်။ အနားပေးမယ် .. အသားကျွေးမယ်။ စစ်တွေ ကို ဆက်ကိုတိုက်မယ်လို့ ယူဆရ တယ်။ အဲ .. ဂွ မှာ စစ်ရပ်မယ်။ ဧရာဝတီကိုတော့ ဒီကောင်တွေ ကိုယ်တိုင်မဆင်း လောက်ဘူး။ ဧရာဝတီမှာရှိတဲ့ PDF ကိုမြှောက်ပေးလိမ့်မယ်။ မတ္တရာတို့ ဘာတို့ ပုံစံ။ အဲ .. အမ်း ပဒါန်း လမ်းကြောင်းမှာရှိတဲ့ ကပစ တပ်တွေကို နှောင့်ယှက်မယ်လို့ ယူဆရတယ်။
စကားမစပ် ... AA က တိုက်ပွဲမှာ လက်ရဖမ်းမိတဲ့ သုံ့ပန်းတွေထဲက ခေါင်း ခပ်မာမာ အဖွဲ့တွေကို On the Spot ထုတ်သတ်တယ်ကြားတယ်။ သတ်ပြ ဖြတ်ပြ ပြီးကာမှ ကျန်တဲ့သူတွေကို သူတို့ဘက်ပါဖို့ စည်းရုံးတယ်လဲကြားတယ်။ ဒါက အကြားသပ်သပ်ပေမဲ့ ဖြစ်တော့လဲ ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဆိုရင် AA အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ စာက အရောင်ပါတယ်။ အဖြူသပ်သပ်မဟုတ်ဘူး။ တပ်မတော်အနေနဲ့ ပြင်ဆင်သင့်တာ တွေ ဆက်လက်ပြင်ဆင်ပြီး ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်နေမယ်လို့လဲ ယုံကြည်ပါတယ်။
မင်းထက်ကျော်ဇော
Telegram Link : https://t.me/minhtetkyawzaw
TikTok Link : https://www.tiktok.com/@minhtetkyawzaw706?_t=8n1RPNprXTU&_r=1