⏺နောက်တကြိမ် အာဏာလုပွဲ ဖြစ်နိုင်လား?⏺
**
လက်ရှိ KIO ဥက္ကဋ္ဌ ဖြစ်သူ အင်ဘန်လအား
ဖြုတ်ချပြီး ၎င်းနေရာအား KIA စစ်ဦးစီးချုပ်
ဖြစ်သူ ဂမ်ရှောင်အုပ်စုမှ ဆက်ခံသွားမည့်
အကြောင်း သတင်းပေါက်ကြားလာခဲ့တယ်လို့
ခိုင်မာသည့် KIO သတင်းရင်းမြစ်များထံမှ
ကြားသိခဲ့ရပါတယ်။
-
KIO ဥက္ကဋ္ဌဖြစ်သူ အင်ဘန်လသည် လက်ရှိ
အချိန်တွင် အသက်အရွယ်ကြီးရင့်လာပြီး
ဆက်လက်တာဝန်ထမ်းဆောင်ဖို့ မသင့်သော်
လည်း ၎င်းနေရာမှ နုတ်ထွက်ခြင်း မရှိသလို
နောက်လူအား ဥက္ကဋ္ဌရာထူးအတွက် တာဝန်
ပေးခန့်အပ်ရန် လုပ်ဆောင်ခဲ့ခြင်း ယနေ့အထိ
မရှိသေးကြောင်း သိရသည်။
-
သမိုင်းကြောင်းကို ပြန်ကောက်ရရင်
KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာ၂၅ တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌ မှာ
လထော်ဇော်ဆိုင်း ဖြစ်သည်။
-
KIO ရဲ့ တတိယမြောက်ဥက္ကဋ္ဌဖြစ်သူ
ဗိုလ်ချုပ်ဇော်မိုင်သည် ကချင်ပြည်နယ်
ငြိမ်းချမ်းရေးရဖို့အတွက် ၁၉၉၄ ခုနှစ်မှာ
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင် တဦးလည်း
ဖြစ်ပြီး အနားယူပြီး နောက်ပိုင်းမှာလည်း
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ အမြဲလိုလား
ကြိုးစားနေသူ တဦးအဖြစ် သမိုင်းကောင်းနဲ့
ကျန်နေသူတစ်ဦး ဖြစ်သည်။
-
KIO အဖွဲ့အတွင်း ပထမဆုံး လုပ်ကြံသတ်ဖြတ်မှု
၁၉၇၅ ခုနှစ်တွင် KIO ခေါင်းဆောင်များဖြစ်သည့်
ဇော်ဆိုင်း၊ ဇော်တူးနှင့် ဇော်ဒန်တို့ကို ဆိုင်းတူး
ခေါင်းဆောင်သော အဖွဲ့မှ ထိုင်းနယ်စပ်ရှိ ထန်ပိုး
စခန်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
-
KIO အဖွဲ့အတွင်း ၂၀၀၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်
======
၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ အင်ဘန်လနှင့်
လဆန်အောင်ဝါတို့ နှစ်ဦးပူးပေါင်းပြီး လိုင်ဇာဗဟိုဌာန
ချုပ်ကို ထိန်းချုပ်ထားကာ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်း
ရေး ရယူပေးခဲ့တဲ့ KIO ဥက္ကဋ္ဌ ဖြစ်သူ ဇော်မိုင်ကို
နုတ်ထွက်ပေးရန် ခြိမ်းခြောက် အကြပ်ကိုင်ဖိအားပေး
ခဲ့သည်။
-
ထိုနောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တချို့ရဲ့
ကြားဝင်ညှိနှိုင်းပေးမှုကြောင့် KIO ဥက္ကဋ္ဌအဖြစ်
ဦးလမုန်တူးဂျိုင်ကို ခန့်အပ်ခဲ့သည်။
-
အလားတူ နောက်ထပ်အာဏာသိမ်းရန်
ကြိုးပမ်းမှုတစ် ရပ်လည်း ထပ်မံပေါ်ပေါက်လာ
ခဲ့သည်။
-
ထိုအရာကား အခြားမဟုတ် ၂၀၀၁ ခုနှစ်တွင်
အင်ဘန်လနှင့်အတူ အာဏာသိမ်းရန် ကြိုးပမ်း
ခဲ့သည့် လဆန်အောင်ဝါသည် KIA အမျိုးသား
ထောက်လှမ်းရေးတာဝန်ခံအဖြစ် တာဝန်ယူ
ထားသည့် ၂၀၀၃ ခုနှစ်တွင် KIO ဒုဥက္ကဌ ၂နှင့်
အတွင်းရေးမှူးဖြစ်သူတို့အား ဖြုတ်ချရန် KIO
ဒုဥက္ကဋ္ဌ ၁ ဖြစ်သူအပါအဝင် ပြည်ပရောက် ကချင်
အဖွဲ့အစည်းများနှင့် ပူးပေါင်းကြံစည်ခဲ့သော်လည်း
အောင်မြင်ခြင်း မရှိခဲ့ပေ။
-
ထို့နောက် လဆန်အောင်ဝါသည် KIA အချို့နှင့်
ထွက်ပြေးခဲ့ပြီး နောင်တွင် မြန်မာစစ်အစိုးရလက်
အောက်သို့ ဝင် ရောက်ခိုလှုံကာ ယနေ့အချိန်ထိ
ဝိုင်းမော်မြို့နယ် ဂွေထုဒေသတွင် ပြည်သူ့စစ်
အသွင်ဖြင့် ဒေသဖွံ့ဖြို့ရေးနှင့် လုံခြုံရေးတာဝန်
များကို ထမ်းဆောင်လျက်ရှိသည်။
-
ငြိမ်းချမ်းရေးပျက်သုန်းမှုနှင့်အတူ နောက်တကြိမ်
အာဏာလုပွဲများ ဆက်ဖြစ်နိုင်သလား
======
KIO ဥက္ကဋ္ဌ ဖြစ်သူ ဦးလမုန်တူးဂျိုင်ကွယ်လွန်ပြီး
နောက် ၂၀၀၆ ခုနှစ်တွင် ဦးဇောင်းဟရားသည်
KIO ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။
ထိုကာလအတွင်း မြန်မာစစ်အစိုးရနှင့် KIO/KIA
တို့အကြား ထာဝရငြိမ်းချမ်းရေးအတွက် ဆက်
လက်ဆွေးနွေးခဲ့ခြင်း၊ အသွင်ကူးပြောင်းရေးတို့
အတွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
-
ထိုအရာကား အောင်မြင်မှု မရရှိခဲ့ဘဲ နိဂုံးချုပ်
မလှ၍ KIA ကို မူလသောင်းကျန်းသူစာရင်းသို့
အစိုးရမှ ပြန်လည်ရေးသွင်းကြေညာခဲ့သည့်အထိ
ဖြစ်ပွားခဲ့သည်။
-
၁၉၉၄ ခုနှစ်မှ စခဲ့တဲ့ ၁၇ နှစ်တာ ငြိမ်းချမ်းခြင်းသည်
မကြာခင်မှာပဲ ပျက်သုန်းခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန်
၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊
တာပိန်ရေအားလျှပ်စစ်အနီး နှစ်ဖက်အငြင်းပွားမှု
များဖြစ်ပွားကာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်
ပွားခဲ့သည်။
-
ထိုအခြေအနေအတွင်း အစိုးရ၊ တပ်မတော်နှင့်
KIO/KIA အကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး
နှစ်ဖက်သဘောတူညီမှု အချို့ရရှိခဲ့သော်လည်း
ငြိမ်းချမ်းမှုကို လိုလားတဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်း
ဟရားသည် အင်ဘန်လတို့အုပ်စုအပေါ် လွန်ဆန်
နိုင်ခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးဟာလည်း
အလှမ်းဝေးနေဆဲပင် ဖြစ်သွားခဲ့ရသည်။
-
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် KIO
ဥက္ကဋ္ဌဖြစ်သူအား ကျန်းမာရေးအကြောင်းပြ၍
ရာထူးမှ ထုတ်ပယ်ကာ KIO ဥက္ကဋ္ဌသစ်အဖြစ်
အင်ဘန်လက လက်ရှိအချိန်ထိ တာဝန်ယူခဲ့သည်။
-
လက်ရှိနစကအစိုးရလက်ထက်တွင် KIO/KIA
သည် တရားမဝင်အစိုးရဟု ကြေညာခံရတဲ့
NUG နှင့် လက်တွဲ ၍ တည်ဆဲအစိုးရကို တော်လှန်
ခဲ့သည်။
-
ဒါ့အပြင် NUG၊ NLD နှင့် PDF ဆက်စပ်အဖွဲ့
အစည်းများကို ၎င်းတို့ထိန်းချုပ်နယ်မြေတွင်
ခိုလှုံခွင့်ပေးကာ အင်အားကြီးထွားအောင်
တည်ဆောက်နိုင်ခဲ့တဲ့အတွက် နစကမှ ဖိတ်ခေါ်တဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ရန်
ငြင်းဆန်ခဲ့သည်။
-
ယခုရက်ပိုင်းအတွင်းမှာတော့ အသက်အရွယ်
ကြီးရင့်ပြီး ကျန်းမာရေးမကောင်းတော့တဲ့ KIO
ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးအဆင့်ရှိ အင်ဘန်လကို